ကိုယ့်ကိုယ်ကိုယ်အားပေးတာလား အသင်းဖော်တွေကို အားပေးလိုက်တာလား ရော်နယ်ဒို

တွစ်တာမှာ ရော်နယ်ဒိုတင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့် မန်ယူပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်နေကြပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေနဲ့ပဲ

ပရိသတ်တွေကို ဆက်သွယ်လာခဲ့ပါတယ်။ တွစ်တာ ဒါမှမဟုတ် အင်စတာဂရမ်မှာ ပို့စ်တွေတင်ပြီး သူ့ခံစားချက်ကို လှစ်ဟပြတတ်တာပါ။ မှတ်မှတ်ရရ သူနောက်ဆုံးတင်ခဲ့တာက

အားကစားလေ့ကျင့်နေပုံနဲ့ Ready လို့ Caption ရေးထားတဲ့ပို့စ်ပါ။ ဘရိုက်တန်နဲ့ပွဲအတွက် သူအဆင်သင့်ဖြစ်နေပြီဆိုတာ နည်းပြတန်းဟတ်ကို သိစေချင်တာဖြစ်မယ်လို့ အဲဒီတုန်းက အတိတ်ကောက်ခဲ့ကြပါသေးတယ်။

ဒါပေမဲ့ နယ်သာလန်သားနည်းပြက သူ့ကို အရန်ခုံမှာပဲထိုင်ခိုင်းခဲ့သလို မန်ယူလည်း အရှက်တကွဲရှုံးနိမ့်ခဲ့ရတာပါ။ အခုလည်း တွစ်တာမှာ ပို့စ်တင်ပြီး ရော်နယ်ဒိုအတိတ်ပေးလာပြန်ပါပြီ။

လေ့ကျင့်ကွင်းမှာ ပြေးလွှားနေတဲ့သူ့ပုံနဲ့ Hard work always pays off ဆိုတဲ့ စာသားကိုရေးထားတာပါ။ ဒါ့အပြင် တောင်းပန်တယ်၊ တောင့်ထားဆိုတဲ့ အီမိုဂျီတွေလည်း သုံးထားပါသေးတယ်။

ပရိသတ်တွေကတော့ အပြင်းအထန်ကြိုးစားရင် ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေ အမြဲရလိမ့်မယ်ဆိုတာဟာ အသင်းဖော်တွေကို အားပေးလိုက်တာဖြစ်မယ်ဆိုပြီး ကျေနပ်နေကြပါတယ်။ တစ်ချို့ကလည်း ဒါဟာ

ကျဉ်းထဲကျပ်ထဲမှာရောက်နေတဲ့ သူ့ကိုယ်သူ ခွန်အားပေးတာဖြစ်မယ်လို့လည်း သုံးသပ်နေကြပါတယ်။ အများစုကတော့ ဘရန့်ဖို့ဒ်နဲ့ပွဲအတွက် ရော်နယ်ဒိုအဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေကြတာပါပဲ။

(zawgyi)

တြစ္တာမွာ ေရာ္နယ္ဒိုတင္လိုက္တဲ့ ပို႔စ္တစ္ခုေၾကာင့္ မန္ယူပရိသတ္ေတြ လႈပ္လႈပ္႐ြ႐ြျဖစ္ေနၾကပါတယ္။ ေပၚတူဂီၾကယ္ပြင့္ဟာ အခုေနာက္ပိုင္းမွာ ဆိုရွယ္မီဒီယာေတြနဲ႔ပဲ ပရိသတ္ေတြကို

ဆက္သြယ္လာခဲ့ပါတယ္။ တြစ္တာ ဒါမွမဟုတ္ အင္စတာဂရမ္မွာ ပို႔စ္ေတြတင္ၿပီး သူ႔ခံစားခ်က္ကို လွစ္ဟျပတတ္တာပါ။ မွတ္မွတ္ရရ သူေနာက္ဆုံးတင္ခဲ့တာက အားကစားေလ့က်င့္ေနပုံနဲ႔ Ready လို႔

Caption ေရးထားတဲ့ပို႔စ္ပါ။ ဘ႐ိုက္တန္နဲ႔ပြဲအတြက္ သူအဆင္သင့္ျဖစ္ေနၿပီဆိုတာ နည္းျပတန္းဟတ္ကို သိေစခ်င္တာျဖစ္မယ္လို႔ အဲဒီတုန္းက အတိတ္ေကာက္ခဲ့ၾကပါေသးတယ္။ ဒါေပမဲ့

နယ္သာလန္သားနည္းျပက သူ႔ကို အရန္ခုံမွာပဲထိုင္ခိုင္းခဲ့သလို မန္ယူလည္း အရွက္တကြဲရႈံးနိမ့္ခဲ့ရတာပါ။ အခုလည္း တြစ္တာမွာ ပို႔စ္တင္ၿပီး ေရာ္နယ္ဒိုအတိတ္ေပးလာျပန္ပါၿပီ။ ေလ့က်င့္ကြင္းမွာ

ေျပးလႊားေနတဲ့သူ႔ပုံနဲ႔ Hard work always pays off ဆိုတဲ့ စာသားကိုေရးထားတာပါ။ ဒါ့အျပင္ ေတာင္းပန္တယ္၊ ေတာင့္ထားဆိုတဲ့ အီမိုဂ်ီေတြလည္း သုံးထားပါေသးတယ္။ ပရိသတ္ေတြကေတာ့

အျပင္းအထန္ႀကိဳးစားရင္ ေကာင္းမြန္တဲ့အက်ိဳးေက်းဇူးေတြ အၿမဲရလိမ့္မယ္ဆိုတာဟာ အသင္းေဖာ္ေတြကို အားေပးလိုက္တာျဖစ္မယ္ဆိုၿပီး ေက်နပ္ေနၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း ဒါဟာ

က်ဥ္းထဲက်ပ္ထဲမွာေရာက္ေနတဲ့ သူ႔ကိုယ္သူ ခြန္အားေပးတာျဖစ္မယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။ အမ်ားစုကေတာ့ ဘရန႔္ဖို႔ဒ္နဲ႔ပြဲအတြက္ ေရာ္နယ္ဒိုအဆင္သင့္ျဖစ္ေနၿပီလို႔ ယုံၾကည္ေနၾကတာပါပဲ။