ကိုင်စီဒိုအတွက် အာဆင်နယ်တို့ ပေါင်သန်း(၇၀)အထိ တိုးမြှင့်ကမ်းလှမ်းပေမယ့် ဘရိုက်တန်ဘက်က ပေါင်သန်း(၈၀)အထိ လိုချင်နေလို့ အခက်ကြုံနေ

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ကိုင်စီဒိုအတွက်

ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)၊ ဆုကြေးအဖြစ် ပေါင်(၁၀)သန်း
ပေးပြီး စုစုပေါင်း ပေါင်သန်း(၇၀)နဲ့ ဒုတိယအကြိမ်ကမ်းလှမ်း
လိုက်ပေမယ့် ဘရိုက်တန်အသင်းက ပေါင်သန်း(၈၀)အထိ
လိုချင်နေတာကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ရှိနေပါတယ်။

အီကွေဒေါလက်ရွေးစင်ကစားသမား ကိုင်စီဒိုဟာ အခု ဇန်နဝါရီ
အပြောင်းအရွှေ့အတွင်း အာဆင်နယ် ဒါမှမဟုတ် ချယ်လ်ဆီးအသင်းကို
ပြောင်းရွှေ့ခွင့်ရဖို့ ဆန္ဒပြင်းပြနေပြီး,ပြီးခဲ့တဲ့စနေနေ့ကတည်းက

အသင်းနဲ့လေ့ကျင့်ခန်းမဆင်းဘဲ ဆန္ဒပြနေပါတယ်။

ကိုင်စီဒိုဟာ သူ့ကို အသင်းပြောင်းခွင့်ပြုဖို့အတွက် Instagram မှာ

Post တင်ပြီးတော့ တောင်းဆိုခဲ့ပေမယ့် ဘရိုက်တန်အသင်းဘက်က
၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်နေတဲ့ ကိုင်စီဒိုကို အလွယ်တကူ
လက်လွှတ်ခံဖို့ ဆန္ဒမရှိပါဘူး။

အသက်(၂၁)နှစ်သာရှိသေးတဲ့ ကိုင်စီဒိုဟာ ၂၀၂၁ ခုနှစ်က ဘရိုက်တန်
အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီမှာ အသင်းရဲ့ အဓိကကွင်းလယ်လူအဖြစ်
ခြေစွမ်းပြနေပါတယ်။

အာဆင်နယ်အသင်းဟာ ကိုင်စီဒိုအတွက် ပေါင်သန်း(၆၀)နဲ့ ပထမအကြိမ်
ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတာကြောင့် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းပေမယ့်
ဘရိုက်တန်ဘက်က ပေါင်သန်း(၈၀)အထိ ဈေးကိုင်နေတဲ့အတွက် အခက်ကြုံနေ

ရပါတယ်။

[Zawgyi]

အာဆင္နယ္အသင္းဟာ ကြင္းလယ္လူ ကိုင္စီဒိုအတြက္

ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၆၀)၊ ဆုေၾကးအျဖစ္ ေပါင္(၁၀)သန္း
ေပးၿပီး စုစုေပါင္း ေပါင္သန္း(၇၀)နဲ႔ ဒုတိယအႀကိမ္ကမ္းလွမ္း
လိုက္ေပမယ့္ ဘ႐ိုက္တန္အသင္းက ေပါင္သန္း(၈၀)အထိ
လိုခ်င္ေနတာေၾကာင့္ အာဆင္နယ္ရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ဖို႔ရွိေနပါတယ္။

အီေကြေဒါလက္ေ႐ြးစင္ကစားသမား ကိုင္စီဒိုဟာ အခု ဇန္နဝါရီ
အေျပာင္းအေ႐ႊ႕အတြင္း အာဆင္နယ္ ဒါမွမဟုတ္ ခ်ယ္လ္ဆီးအသင္းကို
ေျပာင္းေ႐ႊ႕ခြင့္ရဖို႔ ဆႏၵျပင္းျပေနၿပီး,ၿပီးခဲ့တဲ့စေနေန႔ကတည္းက

အသင္းနဲ႔ေလ့က်င့္ခန္းမဆင္းဘဲ ဆႏၵျပေနပါတယ္။

ကိုင္စီဒိုဟာ သူ႔ကို အသင္းေျပာင္းခြင့္ျပဳဖို႔အတြက္ Instagram မွာ

Post တင္ၿပီးေတာ့ ေတာင္းဆိုခဲ့ေပမယ့္ ဘ႐ိုက္တန္အသင္းဘက္က
၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ေနတဲ့ ကိုင္စီဒိုကို အလြယ္တကူ
လက္လႊတ္ခံဖို႔ ဆႏၵမရွိပါဘူး။

အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ကိုင္စီဒိုဟာ ၂၀၂၁ ခုႏွစ္က ဘ႐ိုက္တန္
အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ဒီရာသီမွာ အသင္းရဲ႕ အဓိကကြင္းလယ္လူအျဖစ္
ေျခစြမ္းျပေနပါတယ္။

အာဆင္နယ္အသင္းဟာ ကိုင္စီဒိုအတြက္ ေပါင္သန္း(၆၀)နဲ႔ ပထမအႀကိမ္
ကမ္းလွမ္းမႈ ပယ္ခ်ခံခဲ့ရတာေၾကာင့္ ဒုတိယအႀကိမ္ ထပ္မံကမ္းလွမ္းေပမယ့္
ဘ႐ိုက္တန္ဘက္က ေပါင္သန္း(၈၀)အထိ ေဈးကိုင္ေနတဲ့အတြက္ အခက္ႀကဳံေန

ရပါတယ္။