ကိုင်စီဒိုအစား အဖိုးကြီး ဂျော်ဂျင်ဟိုကို ခေါ်ခဲ့လို့ အာဆင်နယ်ပရိသတ်တွေ ဒေါသပေါက်ကွဲနေ

အာဆင်နယ်ပရိသတ်တွေဟာ ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို

ပေါင်(၁၂)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီဆိုတဲ့ သတင်း
ထွက်ပေါ်လာပြီးတဲ့နောက် အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ
အီဒူးကို ရာထူးကထုတ်ပယ်ဖို့အတွက် Twitter မှာ #EduOut ဆိုပြီးတော့
တောင်းဆိုနေကြပါတယ်။

အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ အီကွေဒေါလူငယ်
ကြယ်ပွင့် ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘရိုက်တန်အသင်းက
အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု (၂)ကြိမ်စလုံးကို ငြင်းဆန်ပယ်ချခဲ့တာကြောင့်

အီတလီဝါရင့်ကွင်းလယ်လူ ဂျော်ဂျင်ဟိုဘက်ကို မြားဦးလှည့်ခဲ့တာ
ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အာဆင်နယ်အသင်းဟာ အသက်(၃၁)နှစ်အရွယ်ရှိပြီ
ဖြစ်သူ ဂျော်ဂျင်ဟိုကို ပေါင်(၁၂)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး
(၁၈)လသက်တမ်းရှိတဲ့ စာချုပ်,ချုပ်ဆိုသွားမှာပါ။

ဒါပေမဲ့လည်း အာဆင်နယ်ပရိသတ်တွေကတော့ ကိုင်စီဒိုအတွက် ငွေပုံအော
သုံးရမယ့်အစား အသက်အရွယ်ရနေပြီဖြစ်တဲ့ ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့တာကြောင့်
မကျေမနပ်ဖြစ်ပြီး အီဒူးကို ရာထူးက နုတ်ထွက်ဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေက ‘အီဒူးဟာ အသင်းကနေ ထွက်သွားသင့်ပါပြီ။
သူက,ကစားသမားကောင်းတွေကို မခေါ်ယူနိုင်ဘဲ အသင်းမှာ လက်ရှိ
ခြေစွမ်းပြနေတဲ့ ကစားသမားတွေဟာ အာတီတာ အရင်တုန်းက

ကိုင်တွယ်ခဲ့ဖူးတဲ့သူတွေဖြစ်သလို တချို့ဟာလည်း လူငယ်အကယ်ဒမီကနေ
ထွက်ပေါ်ခဲ့ကြသူတွေဖြစ်ပါတယ်။ အာတီတာကြောင့်သာ အီဒူး အခုလို
အခြေအနေကောင်းနေတာဖြစ်ပါတယ်။ #EduOut ‘၊

‘ကျွန်တော်တို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ဆိုရင် ဂျော်ဂျင်ဟိုကို
ခေါ်ယူလိုက်တာနဲ့ အလုပ်မဖြစ်ပါဘူး။ စိတ်ပျက်စရာကောင်းတဲ့ ကစားသမား
ခေါ်ယူမှုပါပဲ’၊ ‘ကိုင်စီဒိုကို ခေါ်ယူဖို့ အားကြိုးမာန်တက်ဆောင်ရွက်တယ်ဆိုပြီး
ပရိသတ်တွေထင်အောင် အယောင်ပြခဲ့ပြီးမှ သူတို့ တကယ်လိုချင်တဲ့သူကို

ခေါ်ခဲ့တာပါပဲ။ #EduOut’၊ ‘ရိုးရိုးလေးပဲပြောပါရစေ . .#EduOut’လို့
Twitter မှာ ရေးသားခဲ့ပါတယ်။

[Zawgyi]

အာဆင္နယ္ပရိသတ္ေတြဟာ ခ်ယ္လ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို
ေပါင္(၁၂)သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရသြားၿပီဆိုတဲ့ သတင္း
ထြက္ေပၚလာၿပီးတဲ့ေနာက္ အသင္းရဲ႕ အားကစားဒါ႐ိုက္တာျဖစ္သူ
အီဒူးကို ရာထူးကထုတ္ပယ္ဖို႔အတြက္ Twitter မွာ #EduOut ဆိုၿပီးေတာ့
ေတာင္းဆိုေနၾကပါတယ္။

အာဆင္နယ္အသင္းဟာ ဘ႐ိုက္တန္အသင္းရဲ႕ အီေကြေဒါလူငယ္
ၾကယ္ပြင့္ ကိုင္စီဒိုကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဘ႐ိုက္တန္အသင္းက

အာဆင္နယ္ရဲ႕ ကမ္းလွမ္းမႈ (၂)ႀကိမ္စလုံးကို ျငင္းဆန္ပယ္ခ်ခဲ့တာေၾကာင့္
အီတလီဝါရင့္ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဘက္ကို ျမားဦးလွည့္ခဲ့တာ
ျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ အာဆင္နယ္အသင္းဟာ အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီ
ျဖစ္သူ ေဂ်ာ္ဂ်င္ဟိုကို ေပါင္(၁၂)သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီး
(၁၈)လသက္တမ္းရွိတဲ့ စာခ်ဳပ္,ခ်ဳပ္ဆိုသြားမွာပါ။

ဒါေပမဲ့လည္း အာဆင္နယ္ပရိသတ္ေတြကေတာ့ ကိုင္စီဒိုအတြက္ ေငြပုံေအာ
သုံးရမယ့္အစား အသက္အ႐ြယ္ရေနၿပီျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟိုကို ေခၚယူခဲ့တာေၾကာင့္
မေက်မနပ္ျဖစ္ၿပီး အီဒူးကို ရာထူးက ႏုတ္ထြက္ဖို႔ ဖိအားေပးေနတာျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြက ‘အီဒူးဟာ အသင္းကေန ထြက္သြားသင့္ပါၿပီ။
သူက,ကစားသမားေကာင္းေတြကို မေခၚယူႏိုင္ဘဲ အသင္းမွာ လက္ရွိ

ေျခစြမ္းျပေနတဲ့ ကစားသမားေတြဟာ အာတီတာ အရင္တုန္းက
ကိုင္တြယ္ခဲ့ဖူးတဲ့သူေတြျဖစ္သလို တခ်ိဳ႕ဟာလည္း လူငယ္အကယ္ဒမီကေန
ထြက္ေပၚခဲ့ၾကသူေတြျဖစ္ပါတယ္။ အာတီတာေၾကာင့္သာ အီဒူး အခုလို
အေျခအေနေကာင္းေနတာျဖစ္ပါတယ္။ #EduOut ‘၊

‘ကြၽန္ေတာ္တို႔အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ဆိုရင္ ေဂ်ာ္ဂ်င္ဟိုကို
ေခၚယူလိုက္တာနဲ႔ အလုပ္မျဖစ္ပါဘူး။ စိတ္ပ်က္စရာေကာင္းတဲ့ ကစားသမား
ေခၚယူမႈပါပဲ’၊ ‘ကိုင္စီဒိုကို ေခၚယူဖို႔ အားႀကိဳးမာန္တက္ေဆာင္႐ြက္တယ္ဆိုၿပီး

ပရိသတ္ေတြထင္ေအာင္ အေယာင္ျပခဲ့ၿပီးမွ သူတို႔ တကယ္လိုခ်င္တဲ့သူကို
ေခၚခဲ့တာပါပဲ။ #EduOut’၊ ‘႐ိုး႐ိုးေလးပဲေျပာပါရေစ . .#EduOut’လို႔
Twitter မွာ ေရးသားခဲ့ပါတယ္။