ကလေးပရိသတ်ရဲ့ဖုန်းကို ရိုက်ချခဲ့တာကြောင့် Save the Children သံတမန်ရာထူးက ရော်နယ်ဒို ရပ်ဆိုင်းခံရ

ဗြိတိန်မှာရှိတဲ့ ကလေးသူငယ်များစောင့်ရှောက်ရေးအဖွဲ့ Save the Children ဟာ

အဲဗာတန်နဲ့ပွဲကအဖြစ်အပျက်ကြောင့် စီရော်နယ်လ်ဒိုကို သံတမန်ရာထူးကနေ

ရပ်ဆိုင်းလိုက်ပြီလို့ The Sun သတင်းစာကဖော်ပြခဲ့ပါတယ်။

အဲဗာတန်ကို(၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ စီရော်နယ်လ်ဒိုဟာ အဲဗာတန်

ပရိသတ်တစ်ဦးရဲ့ဖုန်းကို ဒေါသတကြီးရိုက်ချခဲ့တာဖြစ်ပြီး အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့

မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

နောက်ပိုင်းမှာ စီရော်နယ်လ်ဒိုက သူ့အပြုအမူအတွက် တောင်းပန်ခဲ့ပြီး

အဲဒီလူငယ်ပရိသတ်ကို အိုးလ်ထရက်ဖို့ဒ်မှာကစားမယ့်ပွဲကျရင် လာရောက်ကြည့်ရှုဖို့

ဖိတ်ခေါ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ ဂျိတ်ခ်လို့အမည်ရတဲ့ အဲဒီအဲဗာတန်ပရိသတ်က

အသက်(၁၄)နှစ်အရွယ်သာရှိသေးပြီး အမေဖြစ်သူဆယ်ရာကယ်လီက သူမရဲ့သားကို

ကွင်းထဲမှာကြည့်ရှုအားပေးနိုင်အောင် ပထမဆုံးအကြိမ်ခေါ်ယူလာချိန်မှာ ဒီလိုစိတ်မကောင်းစရာ

အဖြစ်အပျက်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဆယ်ရာကယ်လီကတော့ စီရော်နယ်လ်ဒိုရဲ့

လုပ်ရပ်အပေါ် ဒေါသပေါက်ကွဲနေပြီး ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အခု Save the Children အဖွဲ့ကလည်း ၂၀၁၃ ခုနှစ်ကတည်းက

သံတမန်အဖြစ်ခန့်အပ်ခဲ့တဲ့ စီရော်နယ်လ်ဒိုကို အဲဒီရာထူးကနေရပ်ဆိုင်းဖို့

ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ပရိသတ်တွေကတော့ သူတို့ကစားသမား

ဘက်ကနေ ရပ်တည်ပေးခဲ့ပြီး, ပြီးခဲ့တဲ့နှစ်တွေအတွင်း စီရော်နယ်လ်ဒိုဆောင်ရွက်ခဲ့တဲ့

လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့ထောက်ပြပြီးတော့ စီရော်နယ်လ်ဒိုကို အကာအကွယ်ပေးခဲ့ကြပါတယ်။

zawgyi

ကေလးပရိသတ္ရဲ႕ဖုန္းကို ႐ိုက္ခ်ခဲ့တာေၾကာင့္ Save the Children သံတမန္ရာထူးက ေရာ္နယ္ဒို ရပ္ဆိုင္းခံရ

ၿဗိတိန္မွာရွိတဲ့ ကေလးသူငယ္မ်ားေစာင့္ေရွာက္ေရးအဖြဲ႕ Save the Children ဟာ

အဲဗာတန္နဲ႔ပြဲကအျဖစ္အပ်က္ေၾကာင့္ စီေရာ္နယ္လ္ဒိုကို သံတမန္ရာထူးကေန

ရပ္ဆိုင္းလိုက္ၿပီလို႔ The Sun သတင္းစာကေဖာ္ျပခဲ့ပါတယ္။

အဲဗာတန္ကို(၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ စီေရာ္နယ္လ္ဒိုဟာ အဲဗာတန္

ပရိသတ္တစ္ဦးရဲ႕ဖုန္းကို ေဒါသတႀကီး႐ိုက္ခ်ခဲ့တာျဖစ္ၿပီး အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔

မာေဆးဆိုက္ဒ္ရဲတပ္ဖြဲ႕ကလည္း စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ စီေရာ္နယ္လ္ဒိုက သူ႔အျပဳအမူအတြက္ ေတာင္းပန္ခဲ့ၿပီး

အဲဒီလူငယ္ပရိသတ္ကို အိုးလ္ထရက္ဖို႔ဒ္မွာကစားမယ့္ပြဲက်ရင္ လာေရာက္ၾကည့္ရႈဖို႔

ဖိတ္ေခၚသြားမယ္လို႔ေျပာၾကားခဲ့ပါတယ္။ ဂ်ိတ္ခ္လို႔အမည္ရတဲ့ အဲဒီအဲဗာတန္ပရိသတ္က

အသက္(၁၄)ႏွစ္အ႐ြယ္သာရွိေသးၿပီး အေမျဖစ္သူဆယ္ရာကယ္လီက သူမရဲ႕သားကို

ကြင္းထဲမွာၾကည့္ရႈအားေပးႏိုင္ေအာင္ ပထမဆုံးအႀကိမ္ေခၚယူလာခ်ိန္မွာ ဒီလိုစိတ္မေကာင္းစရာ

အျဖစ္အပ်က္နဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ဆယ္ရာကယ္လီကေတာ့ စီေရာ္နယ္လ္ဒိုရဲ႕

လုပ္ရပ္အေပၚ ေဒါသေပါက္ကြဲေနၿပီး ေဝဖန္ျပစ္တင္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္ အခု Save the Children အဖြဲ႕ကလည္း ၂၀၁၃ ခုႏွစ္ကတည္းက

သံတမန္အျဖစ္ခန႔္အပ္ခဲ့တဲ့ စီေရာ္နယ္လ္ဒိုကို အဲဒီရာထူးကေနရပ္ဆိုင္းဖို႔

ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုရဲ႕ပရိသတ္ေတြကေတာ့ သူတို႔ကစားသမား

ဘက္ကေန ရပ္တည္ေပးခဲ့ၿပီး, ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း စီေရာ္နယ္လ္ဒိုေဆာင္႐ြက္ခဲ့တဲ့

လူမႈအက်ိဳးျပဳလုပ္ငန္းေတြနဲ႔ေထာက္ျပၿပီးေတာ့ စီေရာ္နယ္လ္ဒိုကို အကာအကြယ္ေပးခဲ့ၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*