ကလေးတွေကို လစ္စဘွန်းမှာ ကျောင်းအပ်ပြီး ပွဲဆူစေခဲ့ပြန်တဲ့ ရော်နယ်ဒို

ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းကိုပြောင်းရွှေ့တော့မယ့်အကြောင်း ရော်နယ်ဒို အရိပ်အမြွက်ပြသလိုက်တာလို့ ဗြိတိန်သတင်းစာ The Sun က ရေးသားလာပါတယ်။

အကြောင်းကတော့ ပေါ်တူဂီတိုက်စစ်မှူးဟာ သူ့ရင်သွေးတွေကို လစ္စဘွန်းမြို့ကကျောင်းတစ်ကျောင်းမှာ စာရင်းပေးသွင်းလိုက်လို့ပါပဲ။ ချန်ပီယံလိဂ်ကစားချင်နေတဲ့ မန်ယူတိုက်စစ်မှူးရဲ့အနာဂတ်က

အခုထိ မရေရာသေးပါဘူး။ ရော်နယ်ဒိုရဲ့ကစားသမားဘဝစတင်ရာ စပို့တင်းလစ္စဘွန်းအသင်းဟာလည်း စူပါကြယ်ပွင့်အတွက် အလားအလာရှိတဲ့အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

ပေါ်တူဂီမီဒီယာတစ်ခုဖြစ်တဲ့ Correio da Manha ကတော့ ရော်နယ်ဒိုဟာ သူ့ကလေးတွေကို လစ္စဘွန်းမြို့ကစာသင်ကျောင်းမှာ အပ်နှံလိုက်တာကြောင့် ပြန်လာနိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။

စပို့တင်းလစ္စဘွန်းနည်းပြ ဖရန်စစ္စကိုဘာရာအိုကလည်း ရော်နယ်ဒိုပြန်လာမယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ မန်ယူတိုက်စစ်မှူးအနေနဲ့ ဒီလိုဆုံးဖြတ်ရင်တော့

လစာကြီးကြီးမားမားလျှော့ယူရဖို့ရှိနေတာပါ။ လက်ရှိအချိန်မှာ ပေါ်တူဂီကြယ်ပွင့်နဲ့ အသံအထွက်ဆုံးကတော့ အက်သလက်တီကိုဖြစ်နေပါတယ်။

နည်းပြဆီမြွန်နီက ရော်နယ်ဒိုကိုလိုချင်နေပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း လစာလျှော့ယူမယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်။ သူတို့အတွက် ရော်နယ်ဒိုရဲ့ပြောင်းရွှေ့ကြေးထက်

လစာကိစ္စက ပိုပြီးခေါင်းစားစရာဖြစ်နေတာပါ။ ဒါကိုဖြေရှင်းဖို့ ဘာစီလိုနာကနေ အငှားနဲ့လာကစားနေတဲ့ တိုက်စစ်မှူးဂရေ့ဇ်မန်းကို အရောင်းစာရင်းတင်လိမ့်မယ်လို့လည်း သိရပါတယ်။

(zawgyi)

ငယ္ဘဝကလပ္ စပို႔တင္းလစၥဘြန္းကိုေျပာင္းေ႐ႊ႕ေတာ့မယ့္အေၾကာင္း ေရာ္နယ္ဒို အရိပ္အႁမြက္ျပသလိုက္တာလို႔ ၿဗိတိန္သတင္းစာ The Sun က ေရးသားလာပါတယ္။

အေၾကာင္းကေတာ့ ေပၚတူဂီတိုက္စစ္မႉးဟာ သူ႔ရင္ေသြးေတြကို လစၥဘြန္းၿမိဳ႕ကေက်ာင္းတစ္ေက်ာင္းမွာ စာရင္းေပးသြင္းလိုက္လို႔ပါပဲ။ ခ်န္ပီယံလိဂ္ကစားခ်င္ေနတဲ့ မန္ယူတိုက္စစ္မႉးရဲ႕အနာဂတ္က အခုထိ မေရရာေသးပါဘူး။

ေရာ္နယ္ဒိုရဲ႕ကစားသမားဘဝစတင္ရာ စပို႔တင္းလစၥဘြန္းအသင္းဟာလည္း စူပါၾကယ္ပြင့္အတြက္ အလားအလာရွိတဲ့အသင္းတစ္သင္းအျဖစ္ သတ္မွတ္ခံထားရပါတယ္။

ေပၚတူဂီမီဒီယာတစ္ခုျဖစ္တဲ့ Correio da Manha ကေတာ့ ေရာ္နယ္ဒိုဟာ သူ႔ကေလးေတြကို လစၥဘြန္းၿမိဳ႕ကစာသင္ေက်ာင္းမွာ အပ္ႏွံလိုက္တာေၾကာင့္ ျပန္လာႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ထားပါတယ္။

စပို႔တင္းလစၥဘြန္းနည္းျပ ဖရန္စစၥကိုဘာရာအိုကလည္း ေရာ္နယ္ဒိုျပန္လာမယ္လို႔ ယုံၾကည္ေနပါတယ္။ ဒါေပမဲ့ မန္ယူတိုက္စစ္မႉးအေနနဲ႔ ဒီလိုဆုံးျဖတ္ရင္ေတာ့ လစာႀကီးႀကီးမားမားေလွ်ာ့ယူရဖို႔ရွိေနတာပါ။

လက္ရွိအခ်ိန္မွာ ေပၚတူဂီၾကယ္ပြင့္နဲ႔ အသံအထြက္ဆုံးကေတာ့ အက္သလက္တီကိုျဖစ္ေနပါတယ္။ နည္းျပဆီႁမြန္နီက ေရာ္နယ္ဒိုကိုလိုခ်င္ေနၿပီး ကာယကံရွင္ကိုယ္တိုင္ကလည္း လစာေလွ်ာ့ယူမယ္ဆိုတဲ့သတင္းေတြထြက္ေနပါတယ္။

သူတို႔အတြက္ ေရာ္နယ္ဒိုရဲ႕ေျပာင္းေ႐ႊ႕ေၾကးထက္ လစာကိစၥက ပိုၿပီးေခါင္းစားစရာျဖစ္ေနတာပါ။ ဒါကိုေျဖရွင္းဖို႔ ဘာစီလိုနာကေန အငွားနဲ႔လာကစားေနတဲ့ တိုက္စစ္မႉးဂေရ႕ဇ္မန္းကို အေရာင္းစာရင္းတင္လိမ့္မယ္လို႔လည္း သိရပါတယ္။