ကလပ်အသင်းသစ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ကစားနိုင်သေးတယ်ဆိုတာကို ဗီဒီယိုဖိုင်နဲ့ သက်သေပြလိုက်တဲ့ စီရော်နယ်လ်ဒို

ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ သူ Gym ကစားနေတဲ့

ရုပ်သံဖိုင်ကို အွန်လိုင်းမှာ Post တင်ခဲ့ပြီး အသင်းသစ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့
ကစားနိုင်သေးတယ်ဆိုတာ ပြသလိုက်ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ
အခက်အခဲဆုံးအချိန်တွေနဲ့ ရုန်းကန်နေရပြီး ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးကိစ္စကြောင့်
ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ရသလို ၂၀၂၂
ကမ္ဘာ့ဖလားပွဲစဉ်တွေဖြစ်တဲ့ ဆွစ်ဇာလန်၊ မော်ရိုကိုတို့နဲ့ (၂)ပွဲဆက် ပွဲထွက်ကစားခွင့်
မရခဲ့ဘဲ ပေါ်တူဂီအသင်းကလည်း ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။

အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် စီရော်နယ်လ်ဒိုကတော့ ဘောလုံးသမားဘဝကို
စွန့်လွှတ်မှာ မဟုတ်သေးဘဲ ကြံ့ခိုင်မှုပြည့်ဝအောင်လို့ လေ့ကျင့်ခန်းပြုလုပ်နေတာပါ။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းဟောင်း ရီးယဲလ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ
(၂)ရက်ကြာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းခဲ့ပြီး အခုအချိန်မှာတော့ မက်ဒရစ်မြို့ကနေ

ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာနဲ့ ဥရောပကလပ်

တချို့က စိတ်ဝင်စားနေကြတယ်လို့လည်း သတင်းထွက်နေပါတယ်။

[Zawgyi]

ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ သူ Gym ကစားေနတဲ့

႐ုပ္သံဖိုင္ကို အြန္လိုင္းမွာ Post တင္ခဲ့ၿပီး အသင္းသစ္မွာ ႀကံ့ခိုင္မႈအျပည့္နဲ႔
ကစားႏိုင္ေသးတယ္ဆိုတာ ျပသလိုက္ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ လက္ရွိအခ်ိန္မွာ
အခက္အခဲဆုံးအခ်ိန္ေတြနဲ႔ ႐ုန္းကန္ေနရၿပီး ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးကိစၥေၾကာင့္
ၿပီးခဲ့တဲ့လက မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ရသလို ၂၀၂၂
ကမာၻ႔ဖလားပြဲစဥ္ေတြျဖစ္တဲ့ ဆြစ္ဇာလန္၊ ေမာ္႐ိုကိုတို႔နဲ႔ (၂)ပြဲဆက္ ပြဲထြက္ကစားခြင့္
မရခဲ့ဘဲ ေပၚတူဂီအသင္းကလည္း ကြာတားဖိုင္နယ္ကေန ထြက္ခဲ့ရပါတယ္။

အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္ စီေရာ္နယ္လ္ဒိုကေတာ့ ေဘာလုံးသမားဘဝကို
စြန႔္လႊတ္မွာ မဟုတ္ေသးဘဲ ႀကံ့ခိုင္မႈျပည့္ဝေအာင္လို႔ ေလ့က်င့္ခန္းျပဳလုပ္ေနတာပါ။

စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက အသင္းေဟာင္း ရီးယဲလ္ရဲ႕ ေလ့က်င့္ေရးကြင္းမွာ
(၂)ရက္ၾကာ တစ္ဦးတည္းေလ့က်င့္ခန္းဆင္းခဲ့ၿပီး အခုအခ်ိန္မွာေတာ့ မက္ဒရစ္ၿမိဳ႕ကေန

ျပန္လည္ထြက္ခြာသြားၿပီျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္နာဆာနဲ႔ ဥေရာပကလပ္

တခ်ိဳ႕က စိတ္ဝင္စားေနၾကတယ္လို႔လည္း သတင္းထြက္ေနပါတယ္။