ကလပ်အစဉ်အလာကို ချိုးဖောက်ပြီး ဂါနာချိုရဲ့ စာချုပ်ထဲမှာ ထူးခြားတဲ့အချက်ထည့်သွင်းသွားမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်ကြယ်ပွင့် ဂါနာချိုရဲ့

စာချုပ်သစ်ထဲမှာ အသင်းသမိုင်းတစ်လျှောက် တစ်ခါမှ မလုပ်ဖူးတဲ့
ထူးခြားတဲ့ စည်းကမ်းချက်တစ်ခု ထည့်သွင်းသွားဖို့ရှိပါတယ်။

အသက်(၁၈)နှစ်သာရှိသေးတဲ့ အာဂျင်တီးနားလူငယ်တိုက်စစ်
ကစားသမား ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက်
ခြေစွမ်းပြနေပြီး (၁၇)ပွဲကစား၊ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၅)ကြိမ်
ပြုလုပ်ခဲ့ပါတယ်။

ဂါနာချိုရဲ့ လက်ရှိစာချုပ်က ၂၀၂၄ ခုနှစ်အထိ သက်တမ်းကျန်ရှိနေပေမယ့်
ယူနိုက်တက်မှာ ပုံစံကောင်းပြသနေတာကြောင့် သူ့ကို ခေါ်ယူဖို့
လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ပစ်မှတ်ထားနေတဲ့အတွက်

ယူနိုက်တက်အသင်းဟာ ဂါနာချိုကို နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့
ကြိုးပမ်းနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ပေါင်(၂၀,၀၀၀)နဲ့ ပထမအကြိမ်ကမ်းလှမ်းခဲ့ပေမယ့်
ဂါနာချိုရဲ့အေးဂျင့်က ပယ်ချခဲ့တာကြောင့် တစ်ပတ် ပေါင်(၃၂,၀၀၀)အထိ
တိုးမြှင့်ပြီးတော့ စာချုပ်သက်တမ်းတိုးဖို့ရှိတယ်လို့ Daily Mirror
သတင်းစာကဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ဂါနာချိုရဲ့ စာချုပ်ထဲမှာ စာချုပ်လျော်ကြေး
တန်ဖိုးကိုလည်း သတ်မှတ်ထည့်သွင်းသွားမှာဖြစ်ပြီး ဒါက အသင်းသမိုင်း
တစ်လျှောက် ပထမဆုံးအဖြစ် ကစားသမားတစ်ဦးရဲ့ စာချုပ်ထဲမှာ လျော်ကြေး

တန်ဖိုးသတ်မှတ်သွားမှာဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳရဲ႕

စာခ်ဳပ္သစ္ထဲမွာ အသင္းသမိုင္းတစ္ေလွ်ာက္ တစ္ခါမွ မလုပ္ဖူးတဲ့
ထူးျခားတဲ့ စည္းကမ္းခ်က္တစ္ခု ထည့္သြင္းသြားဖို႔ရွိပါတယ္။

အသက္(၁၈)ႏွစ္သာရွိေသးတဲ့ အာဂ်င္တီးနားလူငယ္တိုက္စစ္
ကစားသမား ဂါနာခ်ိဳဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္
ေျခစြမ္းျပေနၿပီး (၁၇)ပြဲကစား၊ (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၅)ႀကိမ္
ျပဳလုပ္ခဲ့ပါတယ္။

ဂါနာခ်ိဳရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၄ ခုႏွစ္အထိ သက္တမ္းက်န္ရွိေနေပမယ့္
ယူႏိုက္တက္မွာ ပုံစံေကာင္းျပသေနတာေၾကာင့္ သူ႔ကို ေခၚယူဖို႔
လာလီဂါထိပ္သီး ရီးယဲလ္အသင္းက ပစ္မွတ္ထားေနတဲ့အတြက္

ယူႏိုက္တက္အသင္းဟာ ဂါနာခ်ိဳကို ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးဖို႔
ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းက ေပါင္(၂၀,၀၀၀)နဲ႔ ပထမအႀကိမ္ကမ္းလွမ္းခဲ့ေပမယ့္
ဂါနာခ်ိဳရဲ႕ေအးဂ်င့္က ပယ္ခ်ခဲ့တာေၾကာင့္ တစ္ပတ္ ေပါင္(၃၂,၀၀၀)အထိ
တိုးျမႇင့္ၿပီးေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔ရွိတယ္လို႔ Daily Mirror
သတင္းစာကေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္အသင္းဟာ ဂါနာခ်ိဳရဲ႕ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကး
တန္ဖိုးကိုလည္း သတ္မွတ္ထည့္သြင္းသြားမွာျဖစ္ၿပီး ဒါက အသင္းသမိုင္း
တစ္ေလွ်ာက္ ပထမဆုံးအျဖစ္ ကစားသမားတစ္ဦးရဲ႕ စာခ်ဳပ္ထဲမွာ ေလ်ာ္ေၾကး

တန္ဖိုးသတ္မွတ္သြားမွာျဖစ္ပါတယ္။