
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အဓိကတိုက်စစ်ကစားသမား
ရပ်ရှ်ဖို့ဒ်ကို ကလပ်စံချိန်တင်လစာငွေပေးပြီးတော့ စာချုပ်သက်တမ်းတိုးဖို့
စီစဉ်နေပြီဖြစ်ပါတယ်။
ဗြိတိန်သတင်းစာ Daily Star က ရပ်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်အသင်းနဲ့သာ
နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမယ်ဆိုရင် ယူနိုက်တက်ဘက်က
ကလပ်စံချိန်တင်လစာငွေပေးသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ရဲ့ လက်ရှိစာချုပ်က လာမယ့်နှစ်၊ ဇွန်လကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး
စာချုပ်ထဲမှာ နောက်ထပ်(၁၂)လ သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့ သဘောတူညီမှု
ပါဝင်နေပါတယ်။ ယူနိုက်တက်အသင်းဟာ ရပ်ရှ်ဖို့ဒ်ကို (၁၂)လ စာချုပ်သက်တမ်းတိုးဖို့
စီစဉ်နေပြီး တစ်ပတ် ပေါင်(၃၀၀,၀၀၀)နဲ့ ကမ်းလှမ်းထားပေမယ့် ရပ်ရှ်ဖို့ဒ်က
စာချုပ်မှာ လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တယ်လို့ သတင်းထွက်နေပါတယ်။
အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ကို ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့
ရီးယဲလ်၊ PSG တို့က ပစ်မှတ်ထားနေတဲ့အတွက် ယူနိုက်တက်အသင်းဟာ ရပ်ရှ်ဖို့ဒ်ကို
တစ်ပတ် ပေါင်(၄၀၀,၀၀၀)အထိ တိုးမြှင့်ပေးပြီးတော့ နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့
ပြင်ဆင်နေတာဖြစ်ပါတယ်။
စီရော်နယ်လ်ဒို မရှိတော့တဲ့နောက် ယူနိုက်တက်မှာ လစာငွေအများဆုံးက ဒီဂီယာ
(ပေါင် ၃၇၅,၀၀၀)ဖြစ်ပြီး ရပ်ရှ်ဖို့ဒ်သာ စာချုပ်သက်တမ်းတိုးနိုင်မယ်ဆိုရင်ဒီဂီယာထက်
လစာ ပိုများသွားမှာပါ။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ အဓိကတိုက္စစ္ကစားသမား
ရပ္ရွ္ဖို႔ဒ္ကို ကလပ္စံခ်ိန္တင္လစာေငြေပးၿပီးေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔
စီစဥ္ေနၿပီျဖစ္ပါတယ္။
ၿဗိတိန္သတင္းစာ Daily Star က ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ယူႏိုက္တက္အသင္းနဲ႔သာ
ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမယ္ဆိုရင္ ယူႏိုက္တက္ဘက္က
ကလပ္စံခ်ိန္တင္လစာေငြေပးသြားမွာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ရပ္ရွ္ဖို႔ဒ္ရဲ႕ လက္ရွိစာခ်ဳပ္က လာမယ့္ႏွစ္၊ ဇြန္လက်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး
စာခ်ဳပ္ထဲမွာ ေနာက္ထပ္(၁၂)လ သက္တမ္းတိုးခြင့္ရွိတယ္ဆိုတဲ့ သေဘာတူညီမႈ
ပါဝင္ေနပါတယ္။ ယူႏိုက္တက္အသင္းဟာ ရပ္ရွ္ဖို႔ဒ္ကို (၁၂)လ စာခ်ဳပ္သက္တမ္းတိုးဖို႔
စီစဥ္ေနၿပီး တစ္ပတ္ ေပါင္(၃၀၀,၀၀၀)နဲ႔ ကမ္းလွမ္းထားေပမယ့္ ရပ္ရွ္ဖို႔ဒ္က
စာခ်ဳပ္မွာ လက္မွတ္ထိုးဖို႔ ျငင္းဆန္ခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။
အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရပ္ရွ္ဖို႔ဒ္ကို ဥေရာပထိပ္သီးကလပ္ေတြျဖစ္တဲ့
ရီးယဲလ္၊ PSG တို႔က ပစ္မွတ္ထားေနတဲ့အတြက္ ယူႏိုက္တက္အသင္းဟာ ရပ္ရွ္ဖို႔ဒ္ကို
တစ္ပတ္ ေပါင္(၄၀၀,၀၀၀)အထိ တိုးျမႇင့္ေပးၿပီးေတာ့ ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးဖို႔
ျပင္ဆင္ေနတာျဖစ္ပါတယ္။
စီေရာ္နယ္လ္ဒို မရွိေတာ့တဲ့ေနာက္ ယူႏိုက္တက္မွာ လစာေငြအမ်ားဆုံးက ဒီဂီယာ
(ေပါင္ ၃၇၅,၀၀၀)ျဖစ္ၿပီး ရပ္ရွ္ဖို႔ဒ္သာ စာခ်ဳပ္သက္တမ္းတိုးႏိုင္မယ္ဆိုရင္ဒီဂီယာထက္
လစာ ပိုမ်ားသြားမွာပါ။