ကမ္ဘာ့အဆင့် အသင်းနှစ်သင်းပိုင်ဆိုင်သွားတဲ့ ပီအက်စ်ဂျီ

လစ်ပ်ဇစ်နောက်ခံလူ နော်ဒီမူကိုင်လီကိုခေါ်ယူနိုင်ခဲ့တဲ့နောက် ပီအက်စ်ဂျီဟာ ကမ္ဘာ့အဆင့်အသင်းနှစ်သင်း ပိုင်ဆိုင်သွားပြီလို့ မီဒီယာတွေကသုံးသပ်နေကြပါတယ်။

အသက် ၂၄ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ ပီအက်စ်ဂျီရဲ့နွေရာသီ ၄ ဦးမြောက် ကစားသမားခေါ်ယူမှုဖြစ်လာခဲ့တာပါ။ ၅ နှစ်စာချုပ် လက်မှတ်ထိုးခဲ့တဲ့မူကိုင်လီဟာ

ညာနောက်ခံနေရာအတွက် ဟာချီမီနဲ့ပြိုင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒါပေမဲ့ ပြင်သစ်သားဟာ ဗဟိုနောက်ခံလူအဖြစ်ပါကစားနိုင်ပြီး ရာမို့စ်၊ ကင်ပန်ဘီနဲ့ မာကွင်ဟော့စ်တို့လို

အရည်အသွေးမျိုးပိုင်ဆိုင်ထားသူပါ။ ဘာပဲဖြစ်ဖြစ် မူကိုင်လီရောက်လာတာကြောင့် မက်ဆီ၊ နေမာနဲ့ အမ်ဘာပီတို့ရှိနေတဲ့ ပီအက်စ်ဂျီဟာ ပိုမိုတောင့်တင်းလာခဲ့ပါတယ်။

တနည်းအားဖြင့် လာမယ့်ရာသီမှာ နည်းပြဂယ်လ်တီယာအတွက် မတူညီတဲ့ ကမ္ဘာ့အဆင့်အသင်း ၂ သင်းကို ရွေးချယ်အသုံးပြုခွင့်ရှိလာတော့မှာပါ။ ဒါကို GiveMeSport သတင်းဌာနက

အဓိကပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ပွဲထွက်ကစားသမားစာရင်း ၂ ခုနဲ့အတူ သက်သေပြထားပါတယ်။ ပထမအသင်းမှာ ဒွန်နာရမ်မာ၊ ဟာကီမီ၊

မာကွင်ဟော့စ်၊ ကင်ပန်ဘီ၊ မန်ဒက်စ်၊ ပါရဲယား၊ ဗာရက်တီ၊ ပါရီဒက်စ်၊ မက်ဆီ၊ နေမာနဲ့ အမ်ဘာပီတို့ကို ရွေးချယ်ထားပါတယ်။ ဒုတိယအသင်းမှာတော့

နာဗက်စ်၊ မူကိုင်လီ၊ သီလိုခီဟာ၊ ရာမို့စ်၊ ဘားနတ်၊ ဂူယီ၊ ဟာရဲယား၊ ဗီတင်ဟာ၊ ဆာရာဘီယာ၊ အီကစ်တီကီနဲ့ အိုင်ကာဒီတို့ကို ရွေးချယ်ထားတာပါ။

(zawgyi)

လစ္ပ္ဇစ္ေနာက္ခံလူ ေနာ္ဒီမူကိုင္လီကိုေခၚယူႏိုင္ခဲ့တဲ့ေနာက္ ပီအက္စ္ဂ်ီဟာ ကမာၻ႔အဆင့္အသင္းႏွစ္သင္း ပိုင္ဆိုင္သြားၿပီလို႔ မီဒီယာေတြကသုံးသပ္ေနၾကပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ျပင္သစ္ေနာက္ခံလူဟာ ပီအက္စ္ဂ်ီရဲ႕ေႏြရာသီ ၄ ဦးေျမာက္ ကစားသမားေခၚယူမႈျဖစ္လာခဲ့တာပါ။ ၅ ႏွစ္စာခ်ဳပ္ လက္မွတ္ထိုးခဲ့တဲ့မူကိုင္လီဟာ

ညာေနာက္ခံေနရာအတြက္ ဟာခ်ီမီနဲ႔ၿပိဳင္ဆိုင္ရဖို႔ရွိေနပါတယ္။ ဒါေပမဲ့ ျပင္သစ္သားဟာ ဗဟိုေနာက္ခံလူအျဖစ္ပါကစားႏိုင္ၿပီး ရာမို႔စ္၊ ကင္ပန္ဘီနဲ႔ မာကြင္ေဟာ့စ္တို႔လို

အရည္အေသြးမ်ိဳးပိုင္ဆိုင္ထားသူပါ။ ဘာပဲျဖစ္ျဖစ္ မူကိုင္လီေရာက္လာတာေၾကာင့္ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာပီတို႔ရွိေနတဲ့ ပီအက္စ္ဂ်ီဟာ ပိုမိုေတာင့္တင္းလာခဲ့ပါတယ္။

တနည္းအားျဖင့္ လာမယ့္ရာသီမွာ နည္းျပဂယ္လ္တီယာအတြက္ မတူညီတဲ့ ကမာၻ႔အဆင့္အသင္း ၂ သင္းကို ေ႐ြးခ်ယ္အသုံးျပဳခြင့္ရွိလာေတာ့မွာပါ။

ဒါကို GiveMeSport သတင္းဌာနက အဓိကၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတဲ့ ပြဲထြက္ကစားသမားစာရင္း ၂ ခုနဲ႔အတူ သက္ေသျပထားပါတယ္။ ပထမအသင္းမွာ

ဒြန္နာရမ္မာ၊ ဟာကီမီ၊ မာကြင္ေဟာ့စ္၊ ကင္ပန္ဘီ၊ မန္ဒက္စ္၊ ပါရဲယား၊ ဗာရက္တီ၊ ပါရီဒက္စ္၊ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာပီတို႔ကို ေ႐ြးခ်ယ္ထားပါတယ္။ ဒုတိယအသင္းမွာေတာ့

နာဗက္စ္၊ မူကိုင္လီ၊ သီလိုခီဟာ၊ ရာမို႔စ္၊ ဘားနတ္၊ ဂူယီ၊ ဟာရဲယား၊ ဗီတင္ဟာ၊ ဆာရာဘီယာ၊ အီကစ္တီကီနဲ႔ အိုင္ကာဒီတို႔ကို ေ႐ြးခ်ယ္ထားတာပါ။