ကမ္ဘာ့အဆင့်ဂိုးတွေ ဖရက်ဒ်သွင်းနေသမျှ တန်းဟတ်လက်အောက်မှာ မန်ယူတစ်ပွဲမှမရှုံးတော့ဘူး

လီဗာပူးလ်ကို ၄ ဂိုးပြတ်အနိုင်ရတဲ့ခြေစမ်းပွဲမှာ ကွင်းလယ်လူဖရက်ဒ် သွင်းယူခဲ့တဲ့ဂိုးကို မန်ယူပရိသတ်တွေ အတော်လေးခိုက်နေကြပါတယ်။

ဘရာဇီးလ်သားဟာ မိနစ် ၃၀ မှာ လီဗာပူးလ်ဂိုးသမား အလစ်ဆန်အပေါ်ကို အသာလှမ်းမပြီး မန်ယူအတွက်ဒုတိယဂိုး သွင်းပေးခဲ့တာပါ။

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ ဒီဂိုးနဲ့ပတ်သက်ပြီး သရဲနီပရိသတ်တွေ ဖုန်ထချက်က ဝက်ဝက်ကွဲသွားခဲ့ပါတယ်။ “ ဒီလိုပဲဖြစ်နေမယ်လို့ မျှော်လင့်တာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ တကယ်လို့ ဖရက်ဒ်သာ အခုလိုကမ္ဘာ့အဆင့်ဂိုးတွေ သွင်းနေမယ်ဆိုရင်၊ မာရှယ်တောင် ဂိုးသွင်းနေမယ်ဆိုရင်တော့ တန်းဟတ်လက်အောက်မှာ ငါတို့ တစ်ပွဲမှရှုံးမှာ မဟုတ်တော့ဘူး ” လို့

ပရိသတ်တစ်ယောက်က ရေးသားထားပါတယ်။ နောက်တစ်ယောက်ကလည်း “ ဖရက်ဒ်ဟာ ကန်တိုနာလက်သစ်လေးလိုပဲ လှည့်စားနိုင်ခဲ့တယ်။

တကယ်လို့ မင်း သတိမထားမိရင်တော့ မန်ယူရောက်လာပြီနော် ” လို့ ရေးထားပါတယ်။ ဒါ့အပြင် “ ဖရက်ဒ်ရဲ့နိုင်ငံကူးလက်မှတ်ကို တန်းဟတ်တွေ့သွားပြီ ” ၊

“ ဖရက်ဒ်က ဂိုးတွေသွင်းမယ်၊ တန်းဟတ်က နောက်ထပ်ဖာဂီဖြစ်လာမယ် ” ဆိုတဲ့ မှတ်ချက်တွေလည်းရှိခဲ့ပါတယ်။ တနည်းအားဖြင့် သရဲနီပရိသတ်တွေဟာ နည်းပြသစ်အပေါ်မှာလည်း

အထင်ကြီးသွားခဲ့ကြတာပါ။ မနှစ်က သူတို့ကို နှစ်ကျော့ပေါင်းရလဒ် ၉-၀ နဲ့အရှက်ခွဲခဲ့တဲ့ လီဗာပူးလ်ကို ဘန်ကောက်မှာ လက်စားပြန်ချေနိုင်ခဲ့ပြီလို့လည်း ပျော်နေကြပါတယ်။

တန်းဟတ်အတွက် နောက်ထပ်ကံကောင်းတာကတော့ ခြေစမ်းပွဲဆိုပေမယ့် Bangkok Century Cup လို့ အမည်ပေးထားတဲ့ ဖလားပွဲအသွင်းဖြစ်နေတာပါပဲ။

ဒါကြောင့် တန်းဟတ်ဟာ မန်ယူနည်းပြဘ၀ ပထမဆုံးပွဲမှာတင် ဖလားတစ်လုံးယူပေးနိုင်တဲ့သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

(zawgyi)

လီဗာပူးလ္ကို ၄ ဂိုးျပတ္အႏိုင္ရတဲ့ေျခစမ္းပြဲမွာ ကြင္းလယ္လူဖရက္ဒ္ သြင္းယူခဲ့တဲ့ဂိုးကို မန္ယူပရိသတ္ေတြ အေတာ္ေလးခိုက္ေနၾကပါတယ္။ ဘရာဇီးလ္သားဟာ မိနစ္ ၃၀ မွာ လီဗာပူးလ္ဂိုးသမား

အလစ္ဆန္အေပၚကို အသာလွမ္းမၿပီး မန္ယူအတြက္ဒုတိယဂိုး သြင္းေပးခဲ့တာပါ။ ဆိုရွယ္မီဒီယာေတြေပၚမွာေတာ့ ဒီဂိုးနဲ႔ပတ္သက္ၿပီး သရဲနီပရိသတ္ေတြ ဖုန္ထခ်က္က ဝက္ဝက္ကြဲသြားခဲ့ပါတယ္။

“ ဒီလိုပဲျဖစ္ေနမယ္လို႔ ေမွ်ာ္လင့္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ တကယ္လို႔ ဖရက္ဒ္သာ အခုလိုကမာၻ႔အဆင့္ဂိုးေတြ သြင္းေနမယ္ဆိုရင္၊ မာရွယ္ေတာင္ ဂိုးသြင္းေနမယ္ဆိုရင္ေတာ့ တန္းဟတ္လက္ေအာက္မွာ

ငါတို႔ တစ္ပြဲမွရႈံးမွာ မဟုတ္ေတာ့ဘူး ” လို႔ ပရိသတ္တစ္ေယာက္က ေရးသားထားပါတယ္။ ေနာက္တစ္ေယာက္ကလည္း “ ဖရက္ဒ္ဟာ ကန္တိုနာလက္သစ္ေလးလိုပဲ လွည့္စားႏိုင္ခဲ့တယ္။

တကယ္လို႔ မင္း သတိမထားမိရင္ေတာ့ မန္ယူေရာက္လာၿပီေနာ္ ” လို႔ ေရးထားပါတယ္။ ဒါ့အျပင္ “ ဖရက္ဒ္ရဲ႕ႏိုင္ငံကူးလက္မွတ္ကို တန္းဟတ္ေတြ႕သြားၿပီ ” ၊

“ ဖရက္ဒ္က ဂိုးေတြသြင္းမယ္၊ တန္းဟတ္က ေနာက္ထပ္ဖာဂီျဖစ္လာမယ္ ” ဆိုတဲ့ မွတ္ခ်က္ေတြလည္းရွိခဲ့ပါတယ္။ တနည္းအားျဖင့္ သရဲနီပရိသတ္ေတြဟာ နည္းျပသစ္အေပၚမွာလည္း

အထင္ႀကီးသြားခဲ့ၾကတာပါ။ မႏွစ္က သူတို႔ကို ႏွစ္ေက်ာ့ေပါင္းရလဒ္ ၉-၀ နဲ႔အရွက္ခြဲခဲ့တဲ့ လီဗာပူးလ္ကို ဘန္ေကာက္မွာ လက္စားျပန္ေခ်ႏိုင္ခဲ့ၿပီလို႔လည္း ေပ်ာ္ေနၾကပါတယ္။ တန္းဟတ္အတြက္ ေနာက္ထပ္ကံေကာင္းတာကေတာ့

ေျခစမ္းပြဲဆိုေပမယ့္ Bangkok Century Cup လို႔ အမည္ေပးထားတဲ့ ဖလားပြဲအသြင္းျဖစ္ေနတာပါပဲ။ ဒါေၾကာင့္ တန္းဟတ္ဟာ မန္ယူနည္းျပဘ၀ ပထမဆုံးပြဲမွာတင္ ဖလားတစ္လုံးယူေပးႏိုင္တဲ့သူအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။