ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မက်စ်ရဲ့နောက်ပြောင်မှုကြောင့် မန်ယူပရိသတ်တွေ အရှက်ထပ်ကွဲ

ဆိုရှယ်မီဒီယာတွေအားလုံးမှာ ဝရုန်းသုန်းကားဖြစ်စေခဲ့တဲ့ အီလွန်မက်စ်ရဲ့နောက်ပြောင်မှုအတွက် ယူနိုက်တက် ပရိသတ်တွေ ဒေါသထွက်နေကြပါတယ်။ Tesla နဲ့ Space X ပိုင်ရှင် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးက ယူနိုက်တက်ကိုဝယ်မယ်လို့ တွစ်တာမှာ

ရေးခဲ့တာကြောင့်ပါ။ အသားတင်ကြွယ်ဝမှု ပေါင် ၂၀၀ ဘီလီယံရှိတဲ့ အီလွန်မက်စ်က “ ရှင်းရှင်းပြောရရင် ရီပတ်ဘလစ်ကန်ပါတီရဲ့ဘယ်ဘက်တစ်ဝက်နဲ့ ဒီမိုကရက်တစ်ပါတီရဲ့ညာဘက်တစ်ဝက် ကျွန်တော်ထောက်ခံပါတယ်။

ဒါ့အပြင် ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ဝယ်နေပါတယ်။ ကြိုဆိုပါတယ် ” လို့ အင်္ဂါညမှာ တွစ်ခဲ့ပါတယ်။ အဲဒီနောက် တစ်ကမ္ဘာလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသလို မန်ယူအသိုင်းအဝန်းမှာလည်း ပွဲဆူကုန်ပါတယ်။

အီလွန်မက်စ်ရဲ့တွစ်ကို ပြန်တွစ်တာက ၇၅၃၀၀ ကြိမ်၊ ကိုးကားဖေါ်ပြကြတာက ၃၉၉၀၀ ကြိမ်၊ နှစ်သက်ကြောင်းပြသူက ၄၂၅၀၀၀ ရှိခဲ့တာပါ။ တစ်နည်းအားဖြင့် ဂလေဇာလက်အောက်မှာ ကျဆင်းနေတဲ့ယူနိုက်တက်ကို ကယ်တင်မယ့်သူအဖြစ် သရဲနီပရိသတ်တွေကို

မျှော်လင့်ချက်ပေးခဲ့တာဖြစ်ပါတယ်။ ငါတို့အသင်းကိုဝယ်ပါ၊ ယူနိုက်တက်ကို ကယ်တင်ပါ စတဲ့ မှတ်ချက်တွေလည်း ပလူပျံသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒါဟာ နောက်ပြောင်မှုတစ်ခုသာဖြစ်တယ်လို့ အီလွန်မက်စ်က ပြန်လည်ဖြေရှင်းလိုက်တာကြောင့်

ယူနိုက်တက်ပရိသတ်တွေရဲ့မျှော်လင့်ချက်ရွှေတောင်ကြီး ပြိုလဲသွားခဲ့ရပါတယ်။ “ မဟုတ်ပါဘူး။ ဒါက တွစ်တာဟာသရှည်တစ်ပုဒ်ပါ။ ဘယ်အားကစားအသင်းကိုမှ မဝယ်ပါဘူး ” လို့ အီလွန်မက်စ်က ဖြေရှင်းလိုက်ပါတယ်။

ဒါပေမဲ့ “ တကယ်လို့ တစ်သင်းသင်းကိုဝယ်ဖြစ်မယ်ဆိုရင်တော့ အဲဒါ မန်ယူပဲဖြစ်ပါလိမ့်မယ်။ ဒီအသင်းကို ကျွန်တော် ငယ်ငယ်ကတည်းက နှစ်သက်ခဲ့လို့ပါ ” ဆိုတဲ့ နောက်ဆက်တွဲစကားအရတော့ ယူနိုက်တက်ပရိသတ်တွေ မျှော်လင့်ချက်ရှိသေးတယ်လို့ ဆိုရမလိုပါပဲ။

(zawgyi)

ဆိုရွယ္မီဒီယာေတြအားလုံးမွာ ဝ႐ုန္းသုန္းကားျဖစ္ေစခဲ့တဲ့ အီလြန္မက္စ္ရဲ႕ေနာက္ေျပာင္မႈအတြက္ ယူႏိုက္တက္ ပရိသတ္ေတြ ေဒါသထြက္ေနၾကပါတယ္။ Tesla နဲ႔ Space X ပိုင္ရွင္ ကမာၻ႔အခ်မ္းသာဆုံးသူေဌးႀကီးက

ယူႏိုက္တက္ကိုဝယ္မယ္လို႔ တြစ္တာမွာ ေရးခဲ့တာေၾကာင့္ပါ။ အသားတင္ႂကြယ္ဝမႈ ေပါင္ ၂၀၀ ဘီလီယံရွိတဲ့ အီလြန္မက္စ္က “ ရွင္းရွင္းေျပာရရင္ ရီပတ္ဘလစ္ကန္ပါတီရဲ႕ဘယ္ဘက္တစ္ဝက္နဲ႔ ဒီမိုကရက္တစ္ပါတီရဲ႕ညာဘက္တစ္ဝက္ ကြၽန္ေတာ္ေထာက္ခံပါတယ္။

ဒါ့အျပင္ ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ေနပါတယ္။ ႀကိဳဆိုပါတယ္ ” လို႔ အဂၤါညမွာ တြစ္ခဲ့ပါတယ္။ အဲဒီေနာက္ တစ္ကမာၻလုံး လႈပ္လႈပ္ရွားရွားျဖစ္သြားသလို မန္ယူအသိုင္းအဝန္းမွာလည္း ပြဲဆူကုန္ပါတယ္။

အီလြန္မက္စ္ရဲ႕တြစ္ကို ျပန္တြစ္တာက ၇၅၃၀၀ ႀကိမ္၊ ကိုးကားေဖၚျပၾကတာက ၃၉၉၀၀ ႀကိမ္၊ ႏွစ္သက္ေၾကာင္းျပသူက ၄၂၅၀၀၀ ရွိခဲ့တာပါ။ တစ္နည္းအားျဖင့္ ဂေလဇာလက္ေအာက္မွာ က်ဆင္းေနတဲ့ယူႏိုက္တက္ကို ကယ္တင္မယ့္သူအျဖစ္

သရဲနီပရိသတ္ေတြကို ေမွ်ာ္လင့္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။ ငါတို႔အသင္းကိုဝယ္ပါ၊ ယူႏိုက္တက္ကို ကယ္တင္ပါ စတဲ့ မွတ္ခ်က္ေတြလည္း ပလူပ်ံသြားခဲ့ပါတယ္။ ဒါေပမဲ့ ဒီေန႔မွာေတာ့ ဒါဟာ ေနာက္ေျပာင္မႈတစ္ခုသာျဖစ္တယ္လို႔

အီလြန္မက္စ္က ျပန္လည္ေျဖရွင္းလိုက္တာေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ေမွ်ာ္လင့္ခ်က္ေ႐ႊေတာင္ႀကီး ၿပိဳလဲသြားခဲ့ရပါတယ္။ “ မဟုတ္ပါဘူး။ ဒါက တြစ္တာဟာသရွည္တစ္ပုဒ္ပါ။ ဘယ္အားကစားအသင္းကိုမွ မဝယ္ပါဘူး ” လို႔ အီလြန္မက္စ္က ေျဖရွင္းလိုက္ပါတယ္။

ဒါေပမဲ့ “ တကယ္လို႔ တစ္သင္းသင္းကိုဝယ္ျဖစ္မယ္ဆိုရင္ေတာ့ အဲဒါ မန္ယူပဲျဖစ္ပါလိမ့္မယ္။ ဒီအသင္းကို ကြၽန္ေတာ္ ငယ္ငယ္ကတည္းက ႏွစ္သက္ခဲ့လို႔ပါ ” ဆိုတဲ့ ေနာက္ဆက္တြဲစကားအရေတာ့ ယူႏိုက္တက္ပရိသတ္ေတြ ေမွ်ာ္လင့္ခ်က္ရွိေသးတယ္လို႔ ဆိုရမလိုပါပဲ။