ကမ္ဘာ့ဖလား(၂)ကြိမ်ဆက် ဗိုလ်စွဲနိုင်တဲ့ တတိယမြောက်အသင်းအဖြစ် ပြင်သစ်တို့ မှတ်တမ်းဝင်ခွင့်ရမှာလား

လက်ရှိချန်ပီယံပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ မော်ရိုကိုအသင်းကို (၂-ဝ)ဂိုးနဲ့

အနိုင်ယူပြီး သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ(၂)ကြိမ်ဆက်
ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ အခုနှစ်အပါအဝင် ကမ္ဘာ့ဖလားနောက်ဆုံး(၇)ကြိမ်မှာ ဗိုလ်လုပွဲ
အဆင့်ကို (၄)ကြိမ် (၁၉၉၈၊ ၂၀၀၆၊ ၂၀၁၈၊ ၂၀၂၂)အထိတက်ရောက်ခဲ့ပြီး ဒါက
(၂၄)နှစ်အတွင်း တခြားအသင်းတွေထက် ဗိုလ်လုပွဲတက်ခွင့်ရခဲ့တဲ့ အကြိမ်
(၂)ဆလောက် ပိုများနေတာပါ။ ဒါ့အပြင် ပြင်သစ်အသင်းဟာ ဘရာဇီးလ်(၁၉၉၈၊ ၂၀၀၂)
နောက်ပိုင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို (၂)ကြိမ်ဆက်တက်ခွင့်ရတဲ့ ပထမဆုံးအသင်း

အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(၉၂)နှစ်အထိ သက်တမ်းရှိနေပြီဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ဗိုလ်လုပွဲအဆင့်ကို

(၂)ကြိမ်ဆက်တက်နိုင်တဲ့ အသင်းက စုစုပေါင်း(၆)သင်းရှိပြီး အဲဒီထဲမှာ ဘရာဇီးလ်က
ထူးထူးခြားခြားဆိုသလို အဲဒီမှတ်တမ်းကို (၂)ခါတိတိရယူနိုင်တဲ့ တစ်သင်းတည်းသော
လက်ရွေးစင်အသင်းဖြစ်နေတာပါ။ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုအများဆုံးလည်းဖြစ်တဲ့
ဘရာဇီးလ်ဟာ ၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၉၈၊ ၂၀၀၂ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ(၂)ကြိမ်ဆက်
တက်နိုင်ခဲ့ပါတယ်။

တခြားအသင်းတွေကတော့ အီတလီ (၁၉၃၄၊ ၁၉၃၈)၊ နယ်သာလန် (၁၉၇၄၊ ၁၉၇၈)၊
ဂျာမနီ (၁၉၈၂၊ ၁၉၈၆)၊ အာဂျင်တီးနား (၁၉၈၆၊ ၁၉၉၀)နဲ့ အခု ပြင်သစ် (၂၀၁၉၊ ၂၀၂၂)တို့ပဲ

ဖြစ်ပါတယ်။ အဲဒီအသင်းတွေထဲမှာ အခုလောလောဆယ် ပြိုင်ပွဲဝင်နေတဲ့ ပြင်သစ်ကလွဲလို့
လက်ရှိချန်ပီယံအသင်းတွေ (၂)ကြိမ်ဆက် ဗိုလ်စွဲနိုင်တာက အီတလီနဲ့ ဘရာဇီးလ်တို့သာ
ရှိပါတယ်။

အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အစောပိုင်းနှစ်တွေဖြစ်တဲ့ ၁၉၃၄၊ ၁၉၃၈ ပြိုင်ပွဲမှာ
(၂)ကြိမ်ဆက်ဗိုလ်စွဲခဲ့သလို ဘရာဇီးလ်အသင်းကလည်း ၁၉၅၈၊ ၁၉၆၂ ပြိုင်ပွဲတွေမှာ
ဆက်တိုက်ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ပြင်သစ်တို့ လာမယ့်ဗိုလ်လုပွဲကျရင် အာဂျင်တီးနားကို
အနိုင်ယူပြီး အီတလီ၊ ဘရာဇီးလ်တို့နဲ့အတူ ကမ္ဘာ့ဖလား(၂)ကြိမ်ဆက်ဗိုလ်စွဲနိုင်တဲ့

တတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်နိုင်မှာလားဆိုတာကတော့ . . .

[Zawgyi]

လက္ရွိခ်န္ပီယံျပင္သစ္အသင္းဟာ ဆီမီးဖိုင္နယ္မွာ ေမာ္႐ိုကိုအသင္းကို (၂-ဝ)ဂိုးနဲ႔

အႏိုင္ယူၿပီး သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအျဖစ္ ကမာၻ႔ဖလားၿပိဳင္ပြဲ(၂)ႀကိမ္ဆက္
ဗိုလ္လုပြဲတက္ႏိုင္ခဲ့ပါတယ္။

ျပင္သစ္အသင္းဟာ အခုႏွစ္အပါအဝင္ ကမာၻ႔ဖလားေနာက္ဆုံး(၇)ႀကိမ္မွာ ဗိုလ္လုပြဲ
အဆင့္ကို (၄)ႀကိမ္ (၁၉၉၈၊ ၂၀၀၆၊ ၂၀၁၈၊ ၂၀၂၂)အထိတက္ေရာက္ခဲ့ၿပီး ဒါက
(၂၄)ႏွစ္အတြင္း တျခားအသင္းေတြထက္ ဗိုလ္လုပြဲတက္ခြင့္ရခဲ့တဲ့ အႀကိမ္
(၂)ဆေလာက္ ပိုမ်ားေနတာပါ။ ဒါ့အျပင္ ျပင္သစ္အသင္းဟာ ဘရာဇီးလ္(၁၉၉၈၊ ၂၀၀၂)
ေနာက္ပိုင္း ကမာၻ႔ဖလား ဗိုလ္လုပြဲကို (၂)ႀကိမ္ဆက္တက္ခြင့္ရတဲ့ ပထမဆုံးအသင္း

အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

(၉၂)ႏွစ္အထိ သက္တမ္းရွိေနၿပီျဖစ္တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ဗိုလ္လုပြဲအဆင့္ကို

(၂)ႀကိမ္ဆက္တက္ႏိုင္တဲ့ အသင္းက စုစုေပါင္း(၆)သင္းရွိၿပီး အဲဒီထဲမွာ ဘရာဇီးလ္က
ထူးထူးျခားျခားဆိုသလို အဲဒီမွတ္တမ္းကို (၂)ခါတိတိရယူႏိုင္တဲ့ တစ္သင္းတည္းေသာ
လက္ေ႐ြးစင္အသင္းျဖစ္ေနတာပါ။ ကမာၻ႔ဖလားမွာ ေအာင္ျမင္မႈအမ်ားဆုံးလည္းျဖစ္တဲ့
ဘရာဇီးလ္ဟာ ၁၉၅၈၊ ၁၉၆၂ နဲ႔ ၁၉၉၈၊ ၂၀၀၂ ၿပိဳင္ပြဲေတြမွာ ဗိုလ္လုပြဲ(၂)ႀကိမ္ဆက္
တက္ႏိုင္ခဲ့ပါတယ္။

တျခားအသင္းေတြကေတာ့ အီတလီ (၁၉၃၄၊ ၁၉၃၈)၊ နယ္သာလန္ (၁၉၇၄၊ ၁၉၇၈)၊
ဂ်ာမနီ (၁၉၈၂၊ ၁၉၈၆)၊ အာဂ်င္တီးနား (၁၉၈၆၊ ၁၉၉၀)နဲ႔ အခု ျပင္သစ္ (၂၀၁၉၊ ၂၀၂၂)တို႔ပဲ

ျဖစ္ပါတယ္။ အဲဒီအသင္းေတြထဲမွာ အခုေလာေလာဆယ္ ၿပိဳင္ပြဲဝင္ေနတဲ့ ျပင္သစ္ကလြဲလို႔
လက္ရွိခ်န္ပီယံအသင္းေတြ (၂)ႀကိမ္ဆက္ ဗိုလ္စြဲႏိုင္တာက အီတလီနဲ႔ ဘရာဇီးလ္တို႔သာ
ရွိပါတယ္။

အီတလီအသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ အေစာပိုင္းႏွစ္ေတြျဖစ္တဲ့ ၁၉၃၄၊ ၁၉၃၈ ၿပိဳင္ပြဲမွာ
(၂)ႀကိမ္ဆက္ဗိုလ္စြဲခဲ့သလို ဘရာဇီးလ္အသင္းကလည္း ၁၉၅၈၊ ၁၉၆၂ ၿပိဳင္ပြဲေတြမွာ
ဆက္တိုက္ဗိုလ္စြဲႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ျပင္သစ္တို႔ လာမယ့္ဗိုလ္လုပြဲက်ရင္ အာဂ်င္တီးနားကို
အႏိုင္ယူၿပီး အီတလီ၊ ဘရာဇီးလ္တို႔နဲ႔အတူ ကမာၻ႔ဖလား(၂)ႀကိမ္ဆက္ဗိုလ္စြဲႏိုင္တဲ့

တတိယေျမာက္အသင္းအျဖစ္ မွတ္တမ္းဝင္ႏိုင္မွာလားဆိုတာကေတာ့ . . .