ကမ္ဘာ့ဖလားအုပ်စုအဆင့်ကို ကျော်ဖြတ်တာနဲ့ ပွဲကျပ်တွေရင်ဆိုင်ရမယ့် အင်္ဂလန်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုအဆင့်တွေထွက်ပေါ်လာပြီးတဲ့နောက်

နာမည်ကြီးအင်္ဂလန်အသင်းဟာ အုပ်စုချောင်နေပေမယ့်

နောက်အဆင့်တွေကျရင် ပွဲကျပ်တွေဆက်တိုက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုတွင်းမှာ အမေရိကန်၊ အီရန်တို့နဲ့အတူ

ဝေးလ်စ်/စကော့တလန်/ယူကရိန်းတို့ထဲက တစ်သင်းနဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့်

အုပ်စုကတက်ဖို့အခြေအနေကောင်းနေပြီး ဗြိတိန်နာမည်ကျော်သတင်းစာ

The Sun ရဲ့ခန့်မှန်းချက်အရ လာမယ့်အဆင့်တွေကျရင် အာဂျင်တီးနား၊

ပြင်သစ်တို့နဲ့ဆုံတွေ့ရဖို့ရှိနေတာဖြစ်ပါတယ်။ The Sun သတင်းစာ

အင်္ဂလန်အသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းကို

သုံးသပ်ခဲ့ပြီး အင်္ဂလန်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဆီနီဂေါ၊

ကွာတားဖိုင်နယ်မှာ ပြင်သစ်၊ ဆီမီးဖိုင်နယ်မှအာဂျင်တီးနားနဲ့ ဗိုလ်လုပွဲအထိ

ရောက်မယ်ဆိုရင် ဘရာဇီးလ်နဲ့ဆုံတွေ့ဖို့ရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ်

နိုဝင်ဘာ(၂၁)ရက်မှာ အီရန်အသင်းနဲ့ကစားရမှာဖြစ်တာကြောင့် နိုင်ပွဲနဲ့

စတင်ဖွင့်လှစ်နိုင်ဖို့ အခြေအနေကောင်းသွားပြီး နိုဝင်ဘာ(၂၅)ရက်မှာတော့

အမေရိကန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက

ဂိုးသမားရောဘတ်ဂရင်းရဲ့ ဟာသဆန်ဆန်အမှားကြောင့် အမေရိကန်နဲ့

(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲကို ပြန်လည်အမှတ်ရစရာပါပဲ။

အဲဒီနောက်မှာတော့ အုပ်စုနောက်ဆုံးပွဲအဖြစ် ဝေးလ်စ်/စကော့တလန်/

ယူကရိန်းတို့ထဲက တစ်သင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဝေးလ်စ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play off ဗိုလ်လုပွဲအဆင့်

တက်ရောက်သွားပြီဖြစ်ပြီး စကော့တလန်-ယူကရိန်းပွဲက လာမယ့်ဇွန်လကို

ရွှေ့ဆိုင်းခဲ့တာကြောင့် အဲဒီကအနိုင်ရတဲ့အသင်းနဲ့ဆုံတွေ့ရမှာပါ။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ဝေးလ်စ်၊ စကော့တလန်၊

ယူကရိန်းတို့နဲ့တစ်ခါမှ ရင်မဆိုင်ခဲ့ရဘူးပဲ အဲဒီတစ်သင်းသင်းနဲ့အခုမှ

ပထမဆုံးအကြိမ်တစ်အုပ်စုတည်းကျရောက်မှာဖြစ်ပါတယ်။

zawgyi

ကမာၻ႔ဖလားအုပ္စုအဆင့္ကို ေက်ာ္ျဖတ္တာနဲ႔ ပြဲက်ပ္ေတြရင္ဆိုင္ရမယ့္ အဂၤလန္

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အုပ္စုအဆင့္ေတြထြက္ေပၚလာၿပီးတဲ့ေနာက္

နာမည္ႀကီးအဂၤလန္အသင္းဟာ အုပ္စုေခ်ာင္ေနေပမယ့္

ေနာက္အဆင့္ေတြက်ရင္ ပြဲက်ပ္ေတြဆက္တိုက္ရင္ဆိုင္ရဖို႔ရွိေနပါတယ္။

အဂၤလန္အသင္းဟာ အုပ္စုတြင္းမွာ အေမရိကန္၊ အီရန္တို႔နဲ႔အတူ

ေဝးလ္စ္/စေကာ့တလန္/ယူကရိန္းတို႔ထဲက တစ္သင္းနဲ႔ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္

အုပ္စုကတက္ဖို႔အေျခအေနေကာင္းေနၿပီး ၿဗိတိန္နာမည္ေက်ာ္သတင္းစာ

The Sun ရဲ႕ခန႔္မွန္းခ်က္အရ လာမယ့္အဆင့္ေတြက်ရင္ အာဂ်င္တီးနား၊

ျပင္သစ္တို႔နဲ႔ဆုံေတြ႕ရဖို႔ရွိေနတာျဖစ္ပါတယ္။ The Sun သတင္းစာ

အဂၤလန္အသင္းရဲ႕ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာျဖစ္ႏိုင္ေျခရွိတဲ့လမ္းေၾကာင္းကို

သုံးသပ္ခဲ့ၿပီး အဂၤလန္အသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္မွာ ဆီနီေဂါ၊

ကြာတားဖိုင္နယ္မွာ ျပင္သစ္၊ ဆီမီးဖိုင္နယ္မွအာဂ်င္တီးနားနဲ႔ ဗိုလ္လုပြဲအထိ

ေရာက္မယ္ဆိုရင္ ဘရာဇီးလ္နဲ႔ဆုံေတြ႕ဖို႔ရွိေနတယ္လို႔ေဖာ္ျပခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲအျဖစ္

ႏိုဝင္ဘာ(၂၁)ရက္မွာ အီရန္အသင္းနဲ႔ကစားရမွာျဖစ္တာေၾကာင့္ ႏိုင္ပြဲနဲ႔

စတင္ဖြင့္လွစ္ႏိုင္ဖို႔ အေျခအေနေကာင္းသြားၿပီး ႏိုဝင္ဘာ(၂၅)ရက္မွာေတာ့

အေမရိကန္နဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ၂၀၁၀ ကမာၻ႔ဖလားတုန္းက

ဂိုးသမားေရာဘတ္ဂရင္းရဲ႕ ဟာသဆန္ဆန္အမွားေၾကာင့္ အေမရိကန္နဲ႔

(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲကို ျပန္လည္အမွတ္ရစရာပါပဲ။

အဲဒီေနာက္မွာေတာ့ အုပ္စုေနာက္ဆုံးပြဲအျဖစ္ ေဝးလ္စ္/စေကာ့တလန္/

ယူကရိန္းတို႔ထဲက တစ္သင္းနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

ေဝးလ္စ္အသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲ Play off ဗိုလ္လုပြဲအဆင့္

တက္ေရာက္သြားၿပီျဖစ္ၿပီး စေကာ့တလန္-ယူကရိန္းပြဲက လာမယ့္ဇြန္လကို

ေ႐ႊ႕ဆိုင္းခဲ့တာေၾကာင့္ အဲဒီကအႏိုင္ရတဲ့အသင္းနဲ႔ဆုံေတြ႕ရမွာပါ။

အဂၤလန္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ေဝးလ္စ္၊ စေကာ့တလန္၊

ယူကရိန္းတို႔နဲ႔တစ္ခါမွ ရင္မဆိုင္ခဲ့ရဘူးပဲ အဲဒီတစ္သင္းသင္းနဲ႔အခုမွ

ပထမဆုံးအႀကိမ္တစ္အုပ္စုတည္းက်ေရာက္မွာျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*