ကမ္ဘာ့ဖလားအုပ်စုတွင်း အဆိုးရွားဆုံးကစားသမားစာရင်းမှာ စီရော်နယ်လ်ဒို ရွေးချယ်ခံရ

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲတွေအပြီးမှာ စွမ်းဆောင်ရည်အဆိုးရွားဆုံး ကစားသမား

စာရင်းထွက်ပေါ်လာပြီး ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ
အခုစာရင်းမှာ ထူးထူးခြားခြားပါဝင်ခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းကစားခဲ့တဲ့
အုပ်စုပွဲစဉ်(၃)ပွဲစလုံး ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲ ဂါနာနဲ့ပွဲတုန်းက
ပယ်နယ်တီကနေ သွင်းယူတဲ့ (၁)ဂိုးသာရရှိခဲ့ပါတယ်။

အုပ်စုတွင်းရဲ့ စွမ်းဆောင်ရည်အဆိုးရွားဆုံးကစားသမားစာရင်းကို Sofascore
ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုဟာ rating (၆.၃၇)သာရရှိပြီး
ကာတာကစားသမား(၄)ဦးနဲ့အတူ အခုစာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။ Sofascore
ဝက်ဘ်ဆိုက်ဟာ ကမ္ဘာ့ဖလားအုပ်စုပွဲတွေမှာ အသင်းအတွက် မိနစ်ပေါင်း(၆၀%)အထိ

ကစားခဲ့တဲ့သူတွေကို ရွေးချယ်ပြီး Rating သတ်မှတ်ခဲ့တာပါ။

စီရော်နယ်လ်ဒိုဟာ တောင်ကိုရီးယားကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ချေပဂိုးက သူ့ရဲ့

ဘောလုံးရှင်းထုတ်မှု အမှားကြောင့် ပေးခဲ့ရတာဖြစ်ပြီး အုပ်စုပွဲတစ်လျှောက်
ဂိုးသွင်းခွင့်တွေကိုလည်း ဖြုန်းတီးခဲ့ပါတယ်။

အခုစာရင်းမှာ အိမ်ရှင်ကာတာအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဂိုးသမားမီရှယ်ဘာရှမ်
(၆.၁၀)၊ နောက်ခံလူ အာမတ် (၆.၂၃)၊ ကွင်းလယ်ကစားသမား ဘူဒီအက်ဖ် (၆.၃၀)၊
တိုက်စစ်မှူးအယ်လီ (၆.၂၃)တို့ ပါဝင်ခဲ့ကြပါတယ်။

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားအုပ္စုပြဲေတြအၿပီးမွာ စြမ္းေဆာင္ရည္အဆိုး႐ြားဆုံး ကစားသမား
စာရင္းထြက္ေပၚလာၿပီး ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ
အခုစာရင္းမွာ ထူးထူးျခားျခားပါဝင္ခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းကစားခဲ့တဲ့
အုပ္စုပြဲစဥ္(၃)ပြဲစလုံး ပါဝင္ကစားခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ဘဲ ဂါနာနဲ႔ပြဲတုန္းက
ပယ္နယ္တီကေန သြင္းယူတဲ့ (၁)ဂိုးသာရရွိခဲ့ပါတယ္။

အုပ္စုတြင္းရဲ႕ စြမ္းေဆာင္ရည္အဆိုး႐ြားဆုံးကစားသမားစာရင္းကို Sofascore
ဝက္ဘ္ဆိုက္က ထုတ္ျပန္ခဲ့တာျဖစ္ၿပီး စီေရာ္နယ္လ္ဒိုဟာ rating (၆.၃၇)သာရရွိၿပီး

ကာတာကစားသမား(၄)ဦးနဲ႔အတူ အခုစာရင္းမွာ ပါဝင္လာတာျဖစ္ပါတယ္။ Sofascore
ဝက္ဘ္ဆိုက္ဟာ ကမာၻ႔ဖလားအုပ္စုပြဲေတြမွာ အသင္းအတြက္ မိနစ္ေပါင္း(၆၀%)အထိ
ကစားခဲ့တဲ့သူေတြကို ေ႐ြးခ်ယ္ၿပီး Rating သတ္မွတ္ခဲ့တာပါ။

စီေရာ္နယ္လ္ဒိုဟာ ေတာင္ကိုရီးယားကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ေခ်ပဂိုးက သူ႔ရဲ႕
ေဘာလုံးရွင္းထုတ္မႈ အမွားေၾကာင့္ ေပးခဲ့ရတာျဖစ္ၿပီး အုပ္စုပြဲတစ္ေလွ်ာက္
ဂိုးသြင္းခြင့္ေတြကိုလည္း ျဖဳန္းတီးခဲ့ပါတယ္။

အခုစာရင္းမွာ အိမ္ရွင္ကာတာအသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့ ဂိုးသမားမီရွယ္ဘာရွမ္
(၆.၁၀)၊ ေနာက္ခံလူ အာမတ္ (၆.၂၃)၊ ကြင္းလယ္ကစားသမား ဘူဒီအက္ဖ္ (၆.၃၀)၊
တိုက္စစ္မႉးအယ္လီ (၆.၂၃)တို႔ ပါဝင္ခဲ့ၾကပါတယ္။