
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အသင်းတစ်သင်းဖြစ်တဲ့
နာမည်ကြီးအင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်ပွဲအဖြစ် လာမယ့်စနေနေ့ကျရင်
လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ဆီနီဂေါကို (၃-ဝ)ဂိုးပြတ်
အနိုင်ရခဲ့သလို ပြင်သစ်အသင်းကလည်း ပိုလန်ကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး
ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခဲ့ကြပါတယ်။
ပြင်သစ်အသင်းမှာ နာမည်ကျော်တိုက်စစ်မှူး ဘန်ဇီမာ မပါဝင်နိုင်ပေမယ့် ဝါရင့်
တိုက်စစ်မှူးဂျရူးနဲ့ လူငယ်တိုက်စစ်ကစားသမား ဘာပေတို့ ခြေစွမ်းပြနေပြီး ဂျရူးက
(၃)ဂိုး၊ ဘာပေက (၅)ဂိုးအထိသွင်းယူခဲ့တာကြောင့် ပြင်သစ်အသင်းရဲ့ ဂိုးတွေထဲက
(၃)ပုံ (၂)ပုံကို ဒီကစားသမားနှစ်ဦးသွင်းခဲ့ကြတာဖြစ်ပါတယ်။
ဒီလို ပုံစံကောင်းတွေပြသနေတဲ့ ဘာပေနဲ့ ဂျရူးတို့အပြင် ပြင်သစ်ကွင်းလယ်နဲ့
ခံစစ်ကလည်း အကောင်းဆုံးကစားနိုင်တဲ့အတွက် အင်္ဂလန်တို့ ခက်ခက်ခဲခဲ
ရင်ဆိုင်ရဖို့ရှိပါတယ်။ ဒါပေမဲ့လည်း အင်္ဂလန်အသင်းအတွက် အစဉ်အလာအရ
အားသာချက်က,ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပြင်သစ်နဲ့ (၂)ကြိမ်
ဆုံတွေ့ခဲ့တာမှာ (၂)ကြိမ်စလုံးအနိုင်ရခဲ့ပါတယ်။
အင်္ဂလန်တို့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၆၆ ပြိုင်ပွဲ၊ အုပ်စုတွင်းမှာ ပြင်သစ်နဲ့
ဆုံတွေ့ခဲ့ချိန်က (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့သလို ၁၉၈၂ ကမ္ဘာ့ဖလားအုပ်စုမှာလည်း
အင်္ဂလန်အသင်းပဲ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ဆုံတွေ့မှု
မှတ်တမ်းအရ အင်္ဂလန်အသင်း အသာရနေသလို ပြင်သစ်နဲ့ စုစုပေါင်း (၃၁)ပွဲ
ကစားခဲ့တာမှာ အင်္ဂလန်က (၁၇)ပွဲနိုင်၊ ပြင်သစ်က (၉)ပွဲနိုင်ပြီး၊ (၅)ပွဲသရေကျခဲ့ပါတယ်။
[Zawgyi]
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့ အသင္းတစ္သင္းျဖစ္တဲ့
နာမည္ႀကီးအဂၤလန္အသင္းဟာ ကြာတားဖိုင္နယ္ပြဲအျဖစ္ လာမယ့္စေနေန႔က်ရင္
လက္ရွိခ်န္ပီယံ ျပင္သစ္နဲ႔ ထိပ္တိုက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။
အဂၤလန္အသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ ဆီနီေဂါကို (၃-ဝ)ဂိုးျပတ္
အႏိုင္ရခဲ့သလို ျပင္သစ္အသင္းကလည္း ပိုလန္ကို (၃-၁)ဂိုးနဲ႔အႏိုင္ယူၿပီး
ကြာတားဖိုင္နယ္အဆင့္ တက္ေရာက္ခဲ့ၾကပါတယ္။
ျပင္သစ္အသင္းမွာ နာမည္ေက်ာ္တိုက္စစ္မႉး ဘန္ဇီမာ မပါဝင္ႏိုင္ေပမယ့္ ဝါရင့္
တိုက္စစ္မႉးဂ်႐ူးနဲ႔ လူငယ္တိုက္စစ္ကစားသမား ဘာေပတို႔ ေျခစြမ္းျပေနၿပီး ဂ်႐ူးက
(၃)ဂိုး၊ ဘာေပက (၅)ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ ျပင္သစ္အသင္းရဲ႕ ဂိုးေတြထဲက
(၃)ပုံ (၂)ပုံကို ဒီကစားသမားႏွစ္ဦးသြင္းခဲ့ၾကတာျဖစ္ပါတယ္။
ဒီလို ပုံစံေကာင္းေတြျပသေနတဲ့ ဘာေပနဲ႔ ဂ်႐ူးတို႔အျပင္ ျပင္သစ္ကြင္းလယ္နဲ႔
ခံစစ္ကလည္း အေကာင္းဆုံးကစားႏိုင္တဲ့အတြက္ အဂၤလန္တို႔ ခက္ခက္ခဲခဲ
ရင္ဆိုင္ရဖို႔ရွိပါတယ္။ ဒါေပမဲ့လည္း အဂၤလန္အသင္းအတြက္ အစဥ္အလာအရ
အားသာခ်က္က,ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ျပင္သစ္နဲ႔ (၂)ႀကိမ္
ဆုံေတြ႕ခဲ့တာမွာ (၂)ႀကိမ္စလုံးအႏိုင္ရခဲ့ပါတယ္။
အဂၤလန္တို႔ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ၁၉၆၆ ၿပိဳင္ပြဲ၊ အုပ္စုတြင္းမွာ ျပင္သစ္နဲ႔
ဆုံေတြ႕ခဲ့ခ်ိန္က (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့သလို ၁၉၈၂ ကမာၻ႔ဖလားအုပ္စုမွာလည္း
အဂၤလန္အသင္းပဲ (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ သမိုင္းတစ္ေလွ်ာက္ ဆုံေတြ႕မႈ
မွတ္တမ္းအရ အဂၤလန္အသင္း အသာရေနသလို ျပင္သစ္နဲ႔ စုစုေပါင္း (၃၁)ပြဲ
ကစားခဲ့တာမွာ အဂၤလန္က (၁၇)ပြဲႏိုင္၊ ျပင္သစ္က (၉)ပြဲႏိုင္ၿပီး၊ (၅)ပြဲသေရက်ခဲ့ပါတယ္။