ကမ္ဘာ့ဖလားမှာ စံချိန်မှတ်တမ်းကောင်းတွေ ရယူလိုက်တဲ့ ဂါဒီယော

ခရိုအေးရှားလူငယ်နောက်ခံလူ ဂါဒီယောဟာ မော်ရိုကိုအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့

တတိယနေရာလုပွဲမှာ ကမ္ဘာ့ဖလားစံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ခရိုအေးရှားအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၇)မိနစ်မှာပဲ ပယ်နယ်တီဧရိယာအတွင်း

ပါရီဆစ် ခေါင်းတိုက်ပေးလိုက်တာကို ဂါဒီယောက ပြေးဝင်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး
အသက်(၂၀)သာရှိသေးတဲ့ ဂါဒီယောဟာ ခရိုအေးရှားအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ
သမိုင်းတစ်လျှောက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဂါဒီယောဟာ လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးကမ္ဘာ့ဖလားဂိုးသွင်းယူခဲ့သလို
Man of The Match ဆုကိုလည်း ဆွတ်ခူးခဲ့ပြီး ဒါက အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါဒီယာ
ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ Man of The Match ဆုဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ဂါဒီယောရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ရင်
တိကျတဲ့ ဘောလုံးပေးပို့မှု(၉၀%)၊ ဘောလုံးပြန်လည်လုယူနိုင်မှု (၄၈)ကြိမ်၊ ဘောလုံး
ရှင်းထုတ်နိုင်မှု (၃၇)ကြိမ် (ပြိုင်ပွဲမှာ အများဆုံးအရေအတွက်ဖြစ်)၊ ပြိုင်ဘက်နဲ့

တစ်ယောက်ချင်းအတွေ့မှာ အသာရရှိမှု (၁၉)ကြိမ်၊ ဘောလုံးကြားဝင်ဖြတ်ယူနိုင်မှု
(၁၉)ကြိမ်၊ Tackles (၉)ကြိမ်၊ Blocks (၄)ကြိမ်၊ ဂိုးပေါက်ကန်သွင်းချက် (၂)ကြိမ်နဲ့
(၁)ဂိုးသွင်းယူခဲ့ပါတယ်။

ဒီလိုခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဂါဒီယောကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ
ဖြစ်တဲ့ မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်အသင်းတို့က အပြိုင်
ပစ်မှတ်ထားနေကြပြီး မန်စီးတီးအသင်းက ဂါဒီယောကို နောက်ခံလူတစ်ဦးအတွက်
ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ

မကြာသေးခင်က ထွက်ပေါ်ခဲ့ပါတယ်။

[Zawgyi]

ခ႐ိုေအးရွားလူငယ္ေနာက္ခံလူ ဂါဒီေယာဟာ ေမာ္႐ိုကိုအသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့

တတိယေနရာလုပြဲမွာ ကမာၻ႔ဖလားစံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ပါတယ္။

ခ႐ိုေအးရွားအသင္းအတြက္ အဖြင့္ဂိုးကို ပြဲအစ(၇)မိနစ္မွာပဲ ပယ္နယ္တီဧရိယာအတြင္း

ပါရီဆစ္ ေခါင္းတိုက္ေပးလိုက္တာကို ဂါဒီေယာက ေျပးဝင္ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီး
အသက္(၂၀)သာရွိေသးတဲ့ ဂါဒီေယာဟာ ခ႐ိုေအးရွားအသင္းရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲ
သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းႏိုင္တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

ဂါဒီေယာဟာ လက္ေ႐ြးစင္ကစားသမားဘ၀ ပထမဆုံးကမာၻ႔ဖလားဂိုးသြင္းယူခဲ့သလို
Man of The Match ဆုကိုလည္း ဆြတ္ခူးခဲ့ၿပီး ဒါက အခုကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂါဒီယာ
ပထမဆုံးအႀကိမ္ရရွိခဲ့တဲ့ Man of The Match ဆုျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ဂါဒီေယာရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းကို ၾကည့္ရင္
တိက်တဲ့ ေဘာလုံးေပးပို႔မႈ(၉၀%)၊ ေဘာလုံးျပန္လည္လုယူႏိုင္မႈ (၄၈)ႀကိမ္၊ ေဘာလုံး
ရွင္းထုတ္ႏိုင္မႈ (၃၇)ႀကိမ္ (ၿပိဳင္ပြဲမွာ အမ်ားဆုံးအေရအတြက္ျဖစ္)၊ ၿပိဳင္ဘက္နဲ႔

တစ္ေယာက္ခ်င္းအေတြ႕မွာ အသာရရွိမႈ (၁၉)ႀကိမ္၊ ေဘာလုံးၾကားဝင္ျဖတ္ယူႏိုင္မႈ
(၁၉)ႀကိမ္၊ Tackles (၉)ႀကိမ္၊ Blocks (၄)ႀကိမ္၊ ဂိုးေပါက္ကန္သြင္းခ်က္ (၂)ႀကိမ္နဲ႔
(၁)ဂိုးသြင္းယူခဲ့ပါတယ္။

ဒီလိုေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့တဲ့ ဂါဒီေယာကို ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြ
ျဖစ္တဲ့ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔က အၿပိဳင္
ပစ္မွတ္ထားေနၾကၿပီး မန္စီးတီးအသင္းက ဂါဒီေယာကို ေနာက္ခံလူတစ္ဦးအတြက္
ကမာၻ႔စံခ်ိန္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကမ္းလွမ္းဖို႔ျပင္ဆင္ေနတယ္ဆိုတဲ့ သတင္းေတြ

မၾကာေသးခင္က ထြက္ေပၚခဲ့ပါတယ္။