ကမ္ဘာ့ဖလားမှာ စံချိန်ကောင်းတွေ ရယူခဲ့သူ ဒမ်ဖရီးစ်ကိုခေါ်ယူဖို့ ယူနိုက်တက် စိတ်ဝင်စား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက်

ခြေစွမ်းပြကစားနေတဲ့ နောက်ခံလူ ဒမ်ဖရီးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဒမ်ဖရီးစ်ဟာ အမေရိကန်ကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ
ပထမပိုင်းမှာပဲ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ ပထမပိုင်းအတွင်း
ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်နိုင်တဲ့ ပထမဆုံး နယ်သာလန်ကစားသမားအဖြစ်
စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒ့ါအပြင် နယ်သာလန်အသင်းအတွက် တတိယဂိုးကို ဒမ်ဖရီးစ်က သွင်းယူခဲ့တာကြောင့်
ဂန္ထဝင်ကစားသမား ယိုဟန်ခရိုက်ဖ် (၁၉၇၄)၊ ရန်ဆန်ဘရင့်ခ် (၁၉၇၈)တို့နဲ့အတူ နယ်သာလန်

အသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ သွင်းဂိုး(၃)ဂိုးအထိ ပါဝင်ပတ်သက်ခဲ့တဲ့
တတိယမြောက်ကစားသမားဖြစ်လာပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဒမ်ဖရီးစ်ဟာ အခုလောလောဆယ် စီးရီးအေထိပ်သီး
အင်တာမီလန်အသင်းမှာကစားနေပြီး လာမယ့်ဇန်နဝါရီကျရင် ယူနိုက်တက်အသင်းက
သူ့ကို ကြိုးပမ်းသွားဖို့ရှိတယ်လို့ manchestereveningnews သတင်းစာက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဟာ ညာနောက်ခံလူနေရာမှာ ဒါလော့တ်နဲ့အပြိုင်
ပွဲထွက်ခွင့်ရဖို့ ဖိအားပေးနိုင်တဲ့ အရည်အသွေးမြင့်ကစားသမားတစ်ဦး ခေါ်ယူချင်နေပြီး
ဒမ်ဖရီးစ်ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လက ဒမ်ဖရီးစ်ကို PSV ကနေ ယူရို(၁၂.၅)သန်းနဲ့
ခေါ်ယူခဲ့တာဖြစ်ပြီး သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)ရမယ်ဆိုရင်
ရောင်းချသွားဖို့ရှိတယ်လို့ manchestereveningnews သတင်းစာက သုံးသပ်ခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ နယ္သာလန္အသင္းအတြက္
ေျခစြမ္းျပကစားေနတဲ့ ေနာက္ခံလူ ဒမ္ဖရီးစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

ဒမ္ဖရီးစ္ဟာ အေမရိကန္ကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ
ပထမပိုင္းမွာပဲ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ကမာၻ႔ဖလားပြဲစဥ္တစ္ပြဲမွာ ပထမပိုင္းအတြင္း
ဂိုးဖန္တီးမႈ(၂)ႀကိမ္ ျပဳလုပ္ႏိုင္တဲ့ ပထမဆုံး နယ္သာလန္ကစားသမားအျဖစ္
စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ဒ့ါအျပင္ နယ္သာလန္အသင္းအတြက္ တတိယဂိုးကို ဒမ္ဖရီးစ္က သြင္းယူခဲ့တာေၾကာင့္
ဂႏၴဝင္ကစားသမား ယိုဟန္ခ႐ိုက္ဖ္ (၁၉၇၄)၊ ရန္ဆန္ဘရင့္ခ္ (၁၉၇၈)တို႔နဲ႔အတူ နယ္သာလန္
အသင္းရဲ႕ ကမာၻ႔ဖလားပြဲစဥ္တစ္ပြဲမွာ သြင္းဂိုး(၃)ဂိုးအထိ ပါဝင္ပတ္သက္ခဲ့တဲ့

တတိယေျမာက္ကစားသမားျဖစ္လာပါတယ္။

အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒမ္ဖရီးစ္ဟာ အခုေလာေလာဆယ္ စီးရီးေအထိပ္သီး

အင္တာမီလန္အသင္းမွာကစားေနၿပီး လာမယ့္ဇန္နဝါရီက်ရင္ ယူႏိုက္တက္အသင္းက
သူ႔ကို ႀကိဳးပမ္းသြားဖို႔ရွိတယ္လို႔ manchestereveningnews သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္အသင္းနည္းျပ အဲရစ္တန္ဟက္ဟာ ညာေနာက္ခံလူေနရာမွာ ဒါေလာ့တ္နဲ႔အၿပိဳင္
ပြဲထြက္ခြင့္ရဖို႔ ဖိအားေပးႏိုင္တဲ့ အရည္အေသြးျမင့္ကစားသမားတစ္ဦး ေခၚယူခ်င္ေနၿပီး
ဒမ္ဖရီးစ္ကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

အင္တာမီလန္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ ၾသဂုတ္လက ဒမ္ဖရီးစ္ကို PSV ကေန ယူ႐ို(၁၂.၅)သန္းနဲ႔
ေခၚယူခဲ့တာျဖစ္ၿပီး သူတို႔ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း(၅၀)ရမယ္ဆိုရင္
ေရာင္းခ်သြားဖို႔ရွိတယ္လို႔ manchestereveningnews သတင္းစာက သုံးသပ္ခဲ့ပါတယ္။