
အေစီမီလန်အသင်းဟာ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက်
ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ ဝါရင့်တိုက်စစ်မှူးဂျရူးကို စာချုပ်သက်တမ်းတိုးဖို့
ပြင်ဆင်နေပြီဖြစ်ပါတယ်။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဂျရူးဟာ အင်္ဂလန်ကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ
အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
သူ့ရဲ့ သွင်းဂိုးက (၄)ဂိုးအထိရှိလာပြီဖြစ်သလို အခုပြိုင်ပွဲကာလအတွင်း ပြင်သစ်
အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား အွန်နရီကို
ကျော်ဖြတ်ပြီးတော့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဂျရူးရဲ့ လက်ရှိစာချုပ်က လာမယ့်နှစ်၊ ဇွန်လကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့်
အေစီမီလန်အသင်းက သူ့ကို စာချုပ်သစ်ချုပ်ဖို့ စီစဉ်နေတယ်လို့ နာမည်ကျော်အားကစား
ဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက အတည်ပြုခဲ့ပါတယ်။
ဖာဘရစ်ဇီယိုရိုမာနိုက ‘ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကျရင် ဂျရူးကို စာချုပ်သစ်ချုပ်မယ့်ကိစ္စနဲ့
ပတ်သက်ပြီး ဂျရူးရဲ့အေးဂျင့်နဲ့ အေစီမီလန်တာဝန်ရှိသူတွေ တွေ့ဆုံစကားပြောဖို့
စီစဉ်ပြီးသွားပါပြီ။ စာချုပ်သစ်က အဆင်သင့်ဖြစ်နေပြီး မကြာခင် လက်မှတ်ရေးထိုးသွားဖို့
နီးစပ်နေပါတယ်။ နှစ်ဖက်စလုံးကလည်း နောက်ထပ် လက်တွဲသွားဖို့ ဆန္ဒရှိနေကြပါတယ်’လို့
သူ့ရဲ့ Twitter မှာ Post တင်ခဲ့ပါတယ်။
ချယ်လ်ဆီး၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျရူးဟာ FA ဖလား(၄)ကြိမ်၊ ချန်ပီယံလိဂ်၊
ယူရိုပါလိဂ်(၁)ကြိမ်စီရယူခဲ့ပြီး အေစီမီလန်အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက စီးရီးအေ
အမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
[Zawgyi]
ေအစီမီလန္အသင္းဟာ လက္ရွိကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းအတြက္
ေျခစြမ္းျပဂိုးေတြသြင္းေနတဲ့ ဝါရင့္တိုက္စစ္မႉးဂ်႐ူးကို စာခ်ဳပ္သက္တမ္းတိုးဖို႔
ျပင္ဆင္ေနၿပီျဖစ္ပါတယ္။
အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဂ်႐ူးဟာ အဂၤလန္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ
အသင္းအတြက္ အေရးပါတဲ့ အႏိုင္ဂိုး သြင္းယူေပးခဲ့ၿပီး အခု ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
သူ႔ရဲ႕ သြင္းဂိုးက (၄)ဂိုးအထိရွိလာၿပီျဖစ္သလို အခုၿပိဳင္ပြဲကာလအတြင္း ျပင္သစ္
အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမား အြန္နရီကို
ေက်ာ္ျဖတ္ၿပီးေတာ့ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။
ဂ်႐ူးရဲ႕ လက္ရွိစာခ်ဳပ္က လာမယ့္ႏွစ္၊ ဇြန္လက်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္
ေအစီမီလန္အသင္းက သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ စီစဥ္ေနတယ္လို႔ နာမည္ေက်ာ္အားကစား
ဂ်ာနယ္လစ္ျဖစ္သူ ဖာဘရစ္ဇီယို႐ိုမာႏိုက အတည္ျပဳခဲ့ပါတယ္။
ဖာဘရစ္ဇီယို႐ိုမာႏိုက ‘ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးက်ရင္ ဂ်႐ူးကို စာခ်ဳပ္သစ္ခ်ဳပ္မယ့္ကိစၥနဲ႔
ပတ္သက္ၿပီး ဂ်႐ူးရဲ႕ေအးဂ်င့္နဲ႔ ေအစီမီလန္တာဝန္ရွိသူေတြ ေတြ႕ဆုံစကားေျပာဖို႔
စီစဥ္ၿပီးသြားပါၿပီ။ စာခ်ဳပ္သစ္က အဆင္သင့္ျဖစ္ေနၿပီး မၾကာခင္ လက္မွတ္ေရးထိုးသြားဖို႔
နီးစပ္ေနပါတယ္။ ႏွစ္ဖက္စလုံးကလည္း ေနာက္ထပ္ လက္တြဲသြားဖို႔ ဆႏၵရွိေနၾကပါတယ္’လို႔
သူ႔ရဲ႕ Twitter မွာ Post တင္ခဲ့ပါတယ္။
ခ်ယ္လ္ဆီး၊ အာဆင္နယ္တိုက္စစ္မႉးေဟာင္း ဂ်႐ူးဟာ FA ဖလား(၄)ႀကိမ္၊ ခ်န္ပီယံလိဂ္၊
ယူ႐ိုပါလိဂ္(၁)ႀကိမ္စီရယူခဲ့ၿပီး ေအစီမီလန္အသင္းနဲ႔အတူ ၿပီးခဲ့တဲ့ရာသီက စီးရီးေအ
အမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။