ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြဂိုးသွင်းခဲ့တဲ့ ဂါနာကြယ်ပွင့်ကို အိုးလ်ထရက်ဖို့ဒ်မှာ မြင်တွေ့ရမလား . .

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါနာအသင်းအတွက်

ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်ကစားသမား မိုဟာမတ်ခူဒက်စ်ကို ခေါ်ယူဖို့
ပစ်မှတ်ထားနေပါတယ်။

ခူဒက်စ်ဟာ တောင်ကိုရီးယားကို (၃-၂)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဂါနာအသင်းအတွက်
(၂)ဂိုးသွင်းယူခဲ့ပြီး နိုက်ဂျီးရီးယားကစားသမား အာမတ်မူဆာ(အသက် ၂၁ နှစ်၊ ၂၅၄ ရက်-
၂၀၁၄၊ အာဂျင်တီးနား)နောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တဲ့
ဒုတိယမြောက်အသက်အငယ်ဆုံးအာဖရိက,ကစားသမား(၂၁ နှစ်၊ ၁၁၈ ရက်)အဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ အေဂျက်စ်အသင်းနည်းပြဘဝတုန်းက
၂၀၂၀ ခုနှစ်မှာ ခူဒက်စ်ကို ဒိန်းမတ်ကလပ် နော့တ်ဂျေးလန်းကနေ အေဂျက်စ်အသင်းဆီ

ခေါ်ယူခဲ့ပြီး ခူဒက်စ်ဟာ မယုံနိုင်လောက်အောင် အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့်
ဖြစ်တယ်လို့ ချီးကျူးခဲ့ဖူးပါတယ်။

အခု အဲရစ်တန်ဟက်ဟာ သူ့တပည့်ဟောင်းကို အိုးလ်ထရက်ဖို့ဒ်ဆီ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့
Manchester Evening News သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အေဂျက်စ်
အသင်းဟာ နွေရာသီတုန်းက သူတို့ရဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ အန်တိုနီ၊

လီဆန်ဒရိုမာတီနက်ဇ်တို့ကို ယူနိုက်တက်အသင်းဆီ ရောင်းချခဲ့ပြီးဖြစ်တာကြောင့်
နောက်ထပ် ကြယ်ပွင့်တစ်ဦးကို လက်လွှတ်ခံမယ့်အနေအထားမရှိဘဲ မြင့်မားတဲ့
ပြောင်းရွှေ့ကြေးရမှ လက်ခံစဉ်းစားသွားဖို့ရှိပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂါနာအသင္းအတြက္
ေျခစြမ္းျပေနတဲ့ လူငယ္တိုက္စစ္ကစားသမား မိုဟာမတ္ခူဒက္စ္ကို ေခၚယူဖို႔
ပစ္မွတ္ထားေနပါတယ္။

ခူဒက္စ္ဟာ ေတာင္ကိုရီးယားကို (၃-၂)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ဂါနာအသင္းအတြက္
(၂)ဂိုးသြင္းယူခဲ့ၿပီး ႏိုက္ဂ်ီးရီးယားကစားသမား အာမတ္မူဆာ(အသက္ ၂၁ ႏွစ္၊ ၂၅၄ ရက္-

၂၀၁၄၊ အာဂ်င္တီးနား)ေနာက္ပိုင္း ကမာၻ႔ဖလားပြဲစဥ္တစ္ပြဲမွာ (၂)ဂိုးသြင္းယူခဲ့တဲ့
ဒုတိယေျမာက္အသက္အငယ္ဆုံးအာဖရိက,ကစားသမား(၂၁ ႏွစ္၊ ၁၁၈ ရက္)အျဖစ္
မွတ္တမ္းဝင္ခဲ့ပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ေအဂ်က္စ္အသင္းနည္းျပဘဝတုန္းက
၂၀၂၀ ခုႏွစ္မွာ ခူဒက္စ္ကို ဒိန္းမတ္ကလပ္ ေနာ့တ္ေဂ်းလန္းကေန ေအဂ်က္စ္အသင္းဆီ
ေခၚယူခဲ့ၿပီး ခူဒက္စ္ဟာ မယုံႏိုင္ေလာက္ေအာင္ အလားအလာရွိတဲ့ လူငယ္ၾကယ္ပြင့္
ျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ဖူးပါတယ္။

အခု အဲရစ္တန္ဟက္ဟာ သူ႔တပည့္ေဟာင္းကို အိုးလ္ထရက္ဖို႔ဒ္ဆီ ေခၚယူဖို႔ ဆႏၵရွိေနတယ္လို႔
Manchester Evening News သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့ ေအဂ်က္စ္

အသင္းဟာ ေႏြရာသီတုန္းက သူတို႔ရဲ႕ အဓိက,ကစားသမားေတြျဖစ္တဲ့ အန္တိုနီ၊

လီဆန္ဒ႐ိုမာတီနက္ဇ္တို႔ကို ယူႏိုက္တက္အသင္းဆီ ေရာင္းခ်ခဲ့ၿပီးျဖစ္တာေၾကာင့္

ေနာက္ထပ္ ၾကယ္ပြင့္တစ္ဦးကို လက္လႊတ္ခံမယ့္အေနအထားမရွိဘဲ ျမင့္မားတဲ့
ေျပာင္းေ႐ႊ႕ေၾကးရမွ လက္ခံစဥ္းစားသြားဖို႔ရွိပါတယ္။