ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ဗာရန်း၊ ကိုနာတေးအပါအဝင် ပြင်သစ်ကစားသမားတွေ အဖျားရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရ

အာဂျင်တီးနားနဲ့ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် ပြင်သစ်ကစားသမားတွေ

အဖျားဗိုင်းရပ်စ်ကြောင့် ဒုက္ခတွေ့နေပြီး အခုနောက်ဆုံး အဓိကနောက်ခံလူနှစ်ဦး
ဖြစ်တဲ့ ဗာရန်းနဲ့ ကိုနာတေးတို့လည်း ရောဂါကူးစက်ခံထားရပါတယ်။

ဗာရန်းနဲ့ ကိုနာတေးတို့ဟာ မော်ရိုကိုအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ဆီမီးဖိုင်နယ်
ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အခု
သူတို့နှစ်ယောက်စလုံးဟာ သောကြာမနက်ပိုင်းကတည်းက အဖျားငွေ့ငွေ့ရှိနေပြီး
ရောဂါလက္ခဏာတွေ စပြနေတဲ့အတွက် တစ်ယောက်ချင်း သီးသန့်ခွဲနေရသလို
လာမယ့်(၂၄)နာရီအတွင်း သူတို့နှစ်ယောက် အခြေအနေကို စောင့်ကြည့်သွားရမှာ

ဖြစ်ပါတယ်။

ဗာရန်းနဲ့ ကိုနာတေးမတိုင်ခင် ကွင်းလယ်လူ ရာဘီယူနဲ့ နောက်ခံလူ အူပါမီကာနိုတို့ဟာလည်း

အဖျားဝေဒနာကြောင့် မော်ရိုကိုနဲ့ကစားခဲ့တဲ့ပွဲကို လွဲချော်ခဲ့သလို နောက်ထပ်
ကစားသမားတစ်ဦးဖြစ်တဲ့ ကိုးမန်းကလည်း နာမကျန်းဖြစ်နေပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်စ်က “ဒီနေ့(ကြာသပတေး)
မနက်ပိုင်းမှာ ကိုးမန်းက အဖျားဝေဒနာ ခံစားခဲ့ရသလို ကျွန်တော်တို့အသင်းရဲ့
ကစားသမားတချို့ဟာလည်း အဖျားရောဂါကူးစက်ခံထားရပါတယ်။ တခြား
အသင်းဖော်တွေကို နောက်ထပ် မကူးစက်နိုင်အောင် ကျွန်တော်တို့ ဂရုတစိုက်နဲ့ စီစဉ်
ဆောင်ရွက်နေပါတယ်။

ကစားသမားတွေဟာ ကွင်းထဲမှာ ခွန်အားစိုက်ထုတ်ပြီး ကစားရတာကြောင့် သူတို့ရဲ့
ကိုယ်ခံအားအပေါ် ထိခိုက်မှုရှိစေတယ်ဆိုတာ အသေအချာပါပဲ။ အူပါမီကာနိုဆိုရင်

အင်္ဂလန်နဲ့ပွဲပြီးကတည်းက နေထိုင်မကောင်းဖြစ်ခဲ့ပြီး ခြေကုန်ထုတ်ကစားရချိန်မှာ
ရောဂါပိုးတွေ အလွယ်တကူ,ကူးစက်ခံရနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့
လိုအပ်တဲ့ ကာကွယ်မှုတွေကို စီစဉ်ဆောင်ရွက်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ လာမယ့်တနင်္ဂနွေကျရင် အာဂျင်တီးနားနဲ့ ဗိုလ်လုပွဲကစားရမှာ
ဖြစ်တာကြောင့် ဗာရန်းနဲ့ ကိုနာတေးတို့ (၄၈)နာရီအတွင်း အချိန်မီ ပြန်သက်သာလာဖို့
ဒက်စ်ချမ့်စ်တစ်ယောက် ရင်တမမနဲ့ စောင့်ကြည့်နေရပါပြီ။

[Zawgyi]

အာဂ်င္တီးနားနဲ႔ကစားမယ့္ ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္ခင္ ျပင္သစ္ကစားသမားေတြ
အဖ်ားဗိုင္းရပ္စ္ေၾကာင့္ ဒုကၡေတြ႕ေနၿပီး အခုေနာက္ဆုံး အဓိကေနာက္ခံလူႏွစ္ဦး
ျဖစ္တဲ့ ဗာရန္းနဲ႔ ကိုနာေတးတို႔လည္း ေရာဂါကူးစက္ခံထားရပါတယ္။

ဗာရန္းနဲ႔ ကိုနာေတးတို႔ဟာ ေမာ္႐ိုကိုအသင္းကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ ဆီမီးဖိုင္နယ္
ပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ေျခစြမ္းျပကစားႏိုင္ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း အခု

သူတို႔ႏွစ္ေယာက္စလုံးဟာ ေသာၾကာမနက္ပိုင္းကတည္းက အဖ်ားေငြ႕ေငြ႕ရွိေနၿပီး
ေရာဂါလကၡဏာေတြ စျပေနတဲ့အတြက္ တစ္ေယာက္ခ်င္း သီးသန႔္ခြဲေနရသလို
လာမယ့္(၂၄)နာရီအတြင္း သူတို႔ႏွစ္ေယာက္ အေျခအေနကို ေစာင့္ၾကည့္သြားရမွာ
ျဖစ္ပါတယ္။

ဗာရန္းနဲ႔ ကိုနာေတးမတိုင္ခင္ ကြင္းလယ္လူ ရာဘီယူနဲ႔ ေနာက္ခံလူ အူပါမီကာႏိုတို႔ဟာလည္း
အဖ်ားေဝဒနာေၾကာင့္ ေမာ္႐ိုကိုနဲ႔ကစားခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့သလို ေနာက္ထပ္
ကစားသမားတစ္ဦးျဖစ္တဲ့ ကိုးမန္းကလည္း နာမက်န္းျဖစ္ေနပါတယ္။

သတင္းစာရွင္းလင္းပြဲမွာ ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္စ္က “ဒီေန႔(ၾကာသပေတး)
မနက္ပိုင္းမွာ ကိုးမန္းက အဖ်ားေဝဒနာ ခံစားခဲ့ရသလို ကြၽန္ေတာ္တို႔အသင္းရဲ႕

ကစားသမားတခ်ိဳ႕ဟာလည္း အဖ်ားေရာဂါကူးစက္ခံထားရပါတယ္။ တျခား
အသင္းေဖာ္ေတြကို ေနာက္ထပ္ မကူးစက္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ ဂ႐ုတစိုက္နဲ႔ စီစဥ္
ေဆာင္႐ြက္ေနပါတယ္။

ကစားသမားေတြဟာ ကြင္းထဲမွာ ခြန္အားစိုက္ထုတ္ၿပီး ကစားရတာေၾကာင့္ သူတို႔ရဲ႕
ကိုယ္ခံအားအေပၚ ထိခိုက္မႈရွိေစတယ္ဆိုတာ အေသအခ်ာပါပဲ။ အူပါမီကာႏိုဆိုရင္
အဂၤလန္နဲ႔ပြဲၿပီးကတည္းက ေနထိုင္မေကာင္းျဖစ္ခဲ့ၿပီး ေျခကုန္ထုတ္ကစားရခ်ိန္မွာ
ေရာဂါပိုးေတြ အလြယ္တကူ,ကူးစက္ခံရႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့

လိုအပ္တဲ့ ကာကြယ္မႈေတြကို စီစဥ္ေဆာင္႐ြက္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္အသင္းဟာ လာမယ့္တနဂၤေႏြက်ရင္ အာဂ်င္တီးနားနဲ႔ ဗိုလ္လုပြဲကစားရမွာ

ျဖစ္တာေၾကာင့္ ဗာရန္းနဲ႔ ကိုနာေတးတို႔ (၄၈)နာရီအတြင္း အခ်ိန္မီ ျပန္သက္သာလာဖို႔
ဒက္စ္ခ်မ့္စ္တစ္ေယာက္ ရင္တမမနဲ႔ ေစာင့္ၾကည့္ေနရပါၿပီ။