ကမ္ဘာ့ဖလားပြိုင်ပွဲ (၉၂)နှစ်တာကာလအတွင်း ဆီမီးဖိုင်နယ်အဆင့်တက်ခွင့်ရသွားတဲ့ ပထမဆုံးအာဖရိကအသင်းအဖြစ် မော်ရိုကို မှတ်တမ်းဝင်

၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဟောင်း စပိန်ကို ဖြုတ်ချခဲ့တဲ့ မော်ရိုကိုအသင်းဟာ

အခုလည်း ယူရို ချန်ပီယံဟောင်း ပေါ်တူဂီကို အံ့အားသင့်စရာကောင်းအောင်
အနိုင်ယူပြီး အာဖရိကဘောလုံးလောကအတွက် သမိုင်းဝင်အောင်ပွဲရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ကစားသွားတဲ့ မော်ရိုကိုရဲ့ ခြေစွမ်းက ချီးကျူးချင်စရာဖြစ်ပြီး Function
အလိုက်မှာ ကစားသမားတစ်ဦးချင်းစီဟာ ကိုယ့်တာဝန်ကို အကောင်းဆုံးဖြစ်အောင်
ကစားသွားနိုင်ခဲ့တယ်။ ဘောလုံးရတာနဲ့ တောင်ပံတွေကို ချက်ချင်းဖြန့်ထုတ်ပြီး တောင်ပံ
တိုက်စစ်ကစားသမားတွေကလည်း မလိုလားအပ်တဲ့ တစ်ဦးချင်းကျော်ဖြတ်မှုတွေထက်
ပယ်နယ်တီဧရိယာထဲကို တိုက်ရိုက် ဘောလုံးပေးပို့ပြီးတော့ ရိုးရိုးရှင်းရှင်းပဲကစားခဲ့ပါတယ်။

မော်ရိုကိုရဲ့ ကစားပုံက ရိုးရှင်းပေမယ့် ထိရောက်မှုရှိသလို အဲဒီကစားကွက်ကနေပဲ
ဂိုးရခဲ့တာဖြစ်ပါတယ်။ မော်ရိုကို ကွင်းလယ်မှာ ဝါရင့်ကစားသမား အမ်ရာဘတ်ရဲ့ ဦးဆောင်မှုနဲ့

အတူ အိုနူဟာအီ၊ အာမယ်လာတို့ကလည်း ရုန်းအားကောင်းကောင်းနဲ့ကစားခဲ့တာကြောင့်
ပေါ်တူဂီတို့ ကစားရခက်သွားခဲ့ပါတယ်။

အခုပွဲမှာ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို (၂)ပွဲဆက် ပွဲထွက်လူစာရင်းက
ချန်လှပ်ခံခဲ့ရပြီး ဆွစ်ဇာလန်နဲ့ပွဲတုန်းက ဟက်ထရစ်သွင်းခဲ့တဲ့ လူငယ်တိုက်စစ်မှူး
ဂွန်ကာလိုရာမို့စ် ပွဲထွက်ပါဝင်ခဲ့ပေမယ့် အရမ်းကြီး ခြေစွမ်းမပြနိုင်ခဲ့ဘူး။

မော်ရိုအတွက် တစ်လုံးတည်းသောဂိုးကို (၄၂)မိနစ်မှာ ညာခြမ်းကနေ အက်တီတက်အလာရဲ့
ပေးပို့မှုကနေ တိုက်စစ်မှူးအန်နက်စရီက Timing ကိုက် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
အန်နက်စရီဟာ ကမ္ဘာ့ဖလားမှာ (၃)ဂိုးသွင်းယူပြီး မော်ရိုကိုကစားသမားတွေထဲမှာ
ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ရာဖေးလ်လီယို၊ စီရော်နယ်လ်ဒို၊ ရီကာဒိုဟော်တာတို့ ဝင်လာပေမယ့်
မော်ရိုကို ခံစစ်က အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ မော်ရိုကိုအသင်းဟာ

ဒုတိယပိုင်းတစ်လျှောက်လုံး ဂိုးမပေးရအောင် ထိန်းကစားပြီးတော့ ပေါ်တူဂီကို (၁-ဝ)ဂိုးနဲ့
အနိုင်ယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသက်တမ်း (၉၂)နှစ်တာကာလအတွင်း ဆီမီးဖိုင်နယ်
အဆင့်တက်ရောက်နိုင်တဲ့ ပထမဆုံးအာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

[Zawgyi]

၂၀၁၀ ကမာၻ႔ဖလားခ်န္ပီယံေဟာင္း စပိန္ကို ျဖဳတ္ခ်ခဲ့တဲ့ ေမာ္႐ိုကိုအသင္းဟာ
အခုလည္း ယူ႐ို ခ်န္ပီယံေဟာင္း ေပၚတူဂီကို အံ့အားသင့္စရာေကာင္းေအာင္
အႏိုင္ယူၿပီး အာဖရိကေဘာလုံးေလာကအတြက္ သမိုင္းဝင္ေအာင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ ကစားသြားတဲ့ ေမာ္႐ိုကိုရဲ႕ ေျခစြမ္းက ခ်ီးက်ဴးခ်င္စရာျဖစ္ၿပီး Function
အလိုက္မွာ ကစားသမားတစ္ဦးခ်င္းစီဟာ ကိုယ့္တာဝန္ကို အေကာင္းဆုံးျဖစ္ေအာင္
ကစားသြားႏိုင္ခဲ့တယ္။ ေဘာလုံးရတာနဲ႔ ေတာင္ပံေတြကို ခ်က္ခ်င္းျဖန႔္ထုတ္ၿပီး ေတာင္ပံ

တိုက္စစ္ကစားသမားေတြကလည္း မလိုလားအပ္တဲ့ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈေတြထက္
ပယ္နယ္တီဧရိယာထဲကို တိုက္႐ိုက္ ေဘာလုံးေပးပို႔ၿပီးေတာ့ ႐ိုး႐ိုးရွင္းရွင္းပဲကစားခဲ့ပါတယ္။

ေမာ္႐ိုကိုရဲ႕ ကစားပုံက ႐ိုးရွင္းေပမယ့္ ထိေရာက္မႈရွိသလို အဲဒီကစားကြက္ကေနပဲ
ဂိုးရခဲ့တာျဖစ္ပါတယ္။ ေမာ္႐ိုကို ကြင္းလယ္မွာ ဝါရင့္ကစားသမား အမ္ရာဘတ္ရဲ႕ ဦးေဆာင္မႈနဲ႔
အတူ အိုႏူဟာအီ၊ အာမယ္လာတို႔ကလည္း ႐ုန္းအားေကာင္းေကာင္းနဲ႔ကစားခဲ့တာေၾကာင့္
ေပၚတူဂီတို႔ ကစားရခက္သြားခဲ့ပါတယ္။

အခုပြဲမွာ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒို (၂)ပြဲဆက္ ပြဲထြက္လူစာရင္းက
ခ်န္လွပ္ခံခဲ့ရၿပီး ဆြစ္ဇာလန္နဲ႔ပြဲတုန္းက ဟက္ထရစ္သြင္းခဲ့တဲ့ လူငယ္တိုက္စစ္မႉး
ဂြန္ကာလိုရာမို႔စ္ ပြဲထြက္ပါဝင္ခဲ့ေပမယ့္ အရမ္းႀကီး ေျခစြမ္းမျပႏိုင္ခဲ့ဘူး။

ေမာ္႐ိုအတြက္ တစ္လုံးတည္းေသာဂိုးကို (၄၂)မိနစ္မွာ ညာျခမ္းကေန အက္တီတက္အလာရဲ႕
ေပးပို႔မႈကေန တိုက္စစ္မႉးအန္နက္စရီက Timing ကိုက္ ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။

အန္နက္စရီဟာ ကမာၻ႔ဖလားမွာ (၃)ဂိုးသြင္းယူၿပီး ေမာ္႐ိုကိုကစားသမားေတြထဲမွာ
ကမာၻ႔ဖလားသြင္းဂိုးအမ်ားဆုံးအျဖစ္ မွတ္တမ္းဝင္သြားၿပီျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ရာေဖးလ္လီယို၊ စီေရာ္နယ္လ္ဒို၊ ရီကာဒိုေဟာ္တာတို႔ ဝင္လာေပမယ့္
ေမာ္႐ိုကို ခံစစ္က အေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ပဲ ေမာ္႐ိုကိုအသင္းဟာ
ဒုတိယပိုင္းတစ္ေလွ်ာက္လုံး ဂိုးမေပးရေအာင္ ထိန္းကစားၿပီးေတာ့ ေပၚတူဂီကို (၁-ဝ)ဂိုးနဲ႔
အႏိုင္ယူၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲသက္တမ္း (၉၂)ႏွစ္တာကာလအတြင္း ဆီမီးဖိုင္နယ္
အဆင့္တက္ေရာက္ႏိုင္တဲ့ ပထမဆုံးအာဖရိကအသင္းအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။