ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု အကြိမ်ပေါင်း(၁၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒို သတ်မှတ်ခံရ

ပေါ်တူဂီအသင်းနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ

ဂိုးပေါက်ကန်သွင်းမှု အကြိမ်(၁၀၀)အထိပြုလုပ်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။

မကြာသေးခင်က Sofascore အားကစားဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဖလား
အုပ်စုတွင်းရဲ့ စွမ်းဆောင်ရည်အဆိုးရွားဆုံး ကစားသမား(၁၁)ဦးစာရင်းမှာ စီရော်နယ်လ်ဒို
ပါဝင်ခဲ့ပေမယ့်လည်း အခု သူ့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ဂုဏ်ယူစရာကောင်းတဲ့
မှတ်တမ်းတစ်ခု ပိုင်ဆိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒို ပါဝင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား(၅)ကြိမ်မှာ ဂိုးပေါက်ကန်သွင်းမှု အကြိမ်
(၁၀၀)ရှိခဲ့ပြီး ဒါဟာ နာမည်ကျော် Opta အဖွဲက စတင်စာရင်းကောက်ခံခဲ့တဲ့ ၁၉၆၆
ကမ္ဘာ့ဖလားကနေ လက်ရှိပြိုင်ပွဲအထိ ဂိုးပေါက်ကန်သွင်းမှု အများဆုံးဖြစ်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပွဲပေါင်း(၂၀)ကစားခဲ့ပြီး တစ်ပွဲပျမ်းမျှ ဂိုးပေါက်
ကန်သွင်းချက် (ဝ.၁၀)ကြိမ်၊ ဂိုးရသင့်တဲ့ (၁၀)ကြိမ်ထဲက (၈)ဂိုးအထိ

သွင်းယူနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားတွေထဲမှာ

စီရော်နယ်လ်ဒိုက တစ်ဦးအပါအဝင်ဖြစ်ပေမယ့် ဂိုးအများဆုံးအဖြစ် (၁၆)ဂိုးနဲ့ စံချိန်
တင်ထားတဲ့ ဂျာမနီဂန္ထဝင်တိုက်စစ်မှူး ကလိုဆေးရဲ့ သွင်းဂိုးအရေအတွက်ကိုတော့
အမီလိုက်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

[Zawgyi]

ေပၚတူဂီအသင္းနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္(၁၀၀)အထိျပဳလုပ္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္
မွတ္တမ္းဝင္ခဲ့ပါတယ္။

မၾကာေသးခင္က Sofascore အားကစားဝက္ဘ္ဆိုက္က ထုတ္ျပန္ခဲ့တဲ့ ကမာၻ႔ဖလား
အုပ္စုတြင္းရဲ႕ စြမ္းေဆာင္ရည္အဆိုး႐ြားဆုံး ကစားသမား(၁၁)ဦးစာရင္းမွာ စီေရာ္နယ္လ္ဒို
ပါဝင္ခဲ့ေပမယ့္လည္း အခု သူ႔ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ဂုဏ္ယူစရာေကာင္းတဲ့

မွတ္တမ္းတစ္ခု ပိုင္ဆိုင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒို ပါဝင္ကစားခဲ့တဲ့ ကမာၻ႔ဖလား(၅)ႀကိမ္မွာ ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္

(၁၀၀)ရွိခဲ့ၿပီး ဒါဟာ နာမည္ေက်ာ္ Opta အဖြဲက စတင္စာရင္းေကာက္ခံခဲ့တဲ့ ၁၉၆၆
ကမာၻ႔ဖလားကေန လက္ရွိၿပိဳင္ပြဲအထိ ဂိုးေပါက္ကန္သြင္းမႈ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ကမာၻ႔ဖလားပြဲေပါင္း(၂၀)ကစားခဲ့ၿပီး တစ္ပြဲပ်မ္းမွ် ဂိုးေပါက္
ကန္သြင္းခ်က္ (ဝ.၁၀)ႀကိမ္၊ ဂိုးရသင့္တဲ့ (၁၀)ႀကိမ္ထဲက (၈)ဂိုးအထိ
သြင္းယူႏိုင္ခဲ့ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားေတြထဲမွာ
စီေရာ္နယ္လ္ဒိုက တစ္ဦးအပါအဝင္ျဖစ္ေပမယ့္ ဂိုးအမ်ားဆုံးအျဖစ္ (၁၆)ဂိုးနဲ႔ စံခ်ိန္
တင္ထားတဲ့ ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉး ကလိုေဆးရဲ႕ သြင္းဂိုးအေရအတြက္ကိုေတာ့
အမီလိုက္ႏိုင္ဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။