ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တဲ့ မန်ချီနီနေရာမှာ ကန်နဗာရိုအစားဝင် တာဝန်ယူတော့မှာလား?

အီတလီအသင်း ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ခဲ့ပြီးနောက်

လက်ရှိနည်းပြမန်ချီနီသာရာထူးကနေနုတ်ထွက်သွားမယ်ဆိုရင်

သူ့နေရာမှာ ဖာဘီယိုကန်နဗာရို ကအစားဝင်လိမ့်မယ်လို့ သတင်းတွေ

ထွက်ပေါ်နေပါတယ်။ အီတလီဟာ playoff ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားကို

အိမ်ကွင်းမှာတင် ၁-၀ နဲ့အရေးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

အီတလီဟာယူရို ၂၀၂၀ မှာဗိုလ်စွဲခဲ့ပြီးနောက် ၈ လအကြာမှာဘဲ အခုလို

ကျက်သရေယုတ်လျော့တဲ့အဖြစ်နဲ့ ကြုံခဲ့ရတာဖြစ်ပြီး မန်ချီနီ ရဲ့အနာဂတ်ဟာလည်း

မရေရာဘဲဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌ

ဂါဘရီလီဂရာဗီနာ ကသူ့အနေနဲ့ မန်စီးတီးနဲ့ အင်တာမီလန်နည်းပြဟောင်းဖြစ်သူ

မန်ချီနီကိုရာထူးကနေထုတ်ပယ်မှာမဟုတ်ဘူးလို့ပြောထားပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဖလားနဲ့လွဲချော်ခဲ့မှုကြောင့် အီတလီဟာနိုင်ငံတကာပွဲတွေနဲ့

၂၀၂၄ အထိ အဆက်ပြတ်နေမှာဖြစ်လို့ မန်ချီနီဟာ လက်ရှိရာထူးကနေနုတ်ထွက်ပြီး

စိန်ခေါ်မှုအသစ်တစ်ခုကိုရယူဖို့ရှိနေပါတယ်။ သူသာနုတ်ထွက်ခဲ့မယ်ဆိုရင်

အီတလီဂန္ထဝင်နောက်ခံလူလည်းဖြစ်၊ ၂၀၀၆ ကမ္ဘာ့ဖလားကိုအီတလီအသင်း

ရရှိရာမှာ အသင်းခေါင်းဆောင်အဖြစ်လည်းတာဝန်ယူခဲ့တဲ့ ဖာဘီယိုကန်နဗာရို က

အီတလီအသင်းကိုတာဝန်ယူလိမ့်မယ်လို့ Gazzetta dello Sport သတင်းစာကြီးက

ဖော်ပြသွားပါတယ်။ ကန်နဗာရိုဟာ နည်းပြဘဝကို ၂၀၁၄ တုန်းကတရုတ်မှာစတင်ခဲ့ပြီး

ဆော်ဒီကလပ် အယ်လ်နက်ဆာ ကိုလည်းခဏတာကိုင်တွယ်ခဲ့ဘူးသူပါ။

သူဟာပြီးခဲ့တဲ့ ၂၀၁၉ တုန်းက တရုတ်စူပါလိဂ်ပြိုင်ပွဲဝင်အသင်း တစ်ခုဖြစ်တဲ့

ကွမ်ကျိုးအဲဗားဂရန်ဒီ အသင်းကို စူပါလိဂ်ချန်ပီယံဖြစ်စေဖို့ စွမ်းဆောင်ပေးနိုင်ခဲ့ပြီး

၂၀၂၁ စက်တင်ဘာလမှာ လမ်းခွဲခဲ့ကာ လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေသူပါ။

သူဟာမကြာသေးခင်ကလည်း အဲဗာတန်၊ ဝက်ဖို့ဒ် အသင်းတွေနဲ့

နည်းပြရာထူးအတွက်အင်တာဗျူးပြုလုပ်ခဲ့သးသူဖြစ်သလို ပိုလန်အသင်းနဲ့လည်း

သတင်းတွေထွက်ခဲ့ပါသေးတယ်။ အီတလီအသင်းအတွက် ၁၃၆ ပွဲကစားခဲ့တဲ့

ကန်နဗာရို ဟာလက်ရွေးစင်သက်တမ်း ၁၃ နှစ်ကြာမြင့်ခဲ့ပြီး

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့တစ်ဦးတည်းသောနောက်ခံလူ

အဖြစ်လည်း မှတ်တမ်းဝင်ထားတဲ့သူဖြစ်ပါတယ်။

သူသာနည်းပြဖြစ်လာရင် အီတလီကို ၂၀၀၆ ကမ္ဘာ့ဖလားရရှိအောင်ဦးဆောင်ခဲ့တဲ့

နည်းပြဟောင်း မာဆယ်လိုလစ်ပီကို နည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်

ပေးလိမ့်မယ်လို့လည်းဆိုနေကြပါတယ်။

zawgyi

ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့တဲ့ မန္ခ်ီနီေနရာမွာ ကန္နဗာ႐ိုအစားဝင္ တာဝန္ယူေတာ့မွာလား?

အီတလီအသင္း ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔လြဲေခ်ာ္ခဲ့ၿပီးေနာက္

လက္ရွိနည္းျပမန္ခ်ီနီသာရာထူးကေနႏုတ္ထြက္သြားမယ္ဆိုရင္

သူ႔ေနရာမွာ ဖာဘီယိုကန္နဗာ႐ို ကအစားဝင္လိမ့္မယ္လို႔ သတင္းေတြ

ထြက္ေပၚေနပါတယ္။ အီတလီဟာ playoff ဆီမီးဖိုင္နယ္မွာ ေျမာက္မက္ဆီဒိုးနီးယားကို

အိမ္ကြင္းမွာတင္ ၁-၀ နဲ႔အေရးနိမ့္ၿပီးေနာက္ ကမာၻ႔ဖလားနဲ႔လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

အီတလီဟာယူ႐ို ၂၀၂၀ မွာဗိုလ္စြဲခဲ့ၿပီးေနာက္ ၈ လအၾကာမွာဘဲ အခုလို

က်က္သေရယုတ္ေလ်ာ့တဲ့အျဖစ္နဲ႔ ႀကဳံခဲ့ရတာျဖစ္ၿပီး မန္ခ်ီနီ ရဲ႕အနာဂတ္ဟာလည္း

မေရရာဘဲျဖစ္လာခဲ့ပါတယ္။ လက္ရွိမွာေတာ့ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ

ဂါဘရီလီဂရာဗီနာ ကသူ႔အေနနဲ႔ မန္စီးတီးနဲ႔ အင္တာမီလန္နည္းျပေဟာင္းျဖစ္သူ

မန္ခ်ီနီကိုရာထူးကေနထုတ္ပယ္မွာမဟုတ္ဘူးလို႔ေျပာထားပါတယ္။

ဒါေပမယ့္ ကမာၻ႔ဖလားနဲ႔လြဲေခ်ာ္ခဲ့မႈေၾကာင့္ အီတလီဟာႏိုင္ငံတကာပြဲေတြနဲ႔

၂၀၂၄ အထိ အဆက္ျပတ္ေနမွာျဖစ္လို႔ မန္ခ်ီနီဟာ လက္ရွိရာထူးကေနႏုတ္ထြက္ၿပီး

စိန္ေခၚမႈအသစ္တစ္ခုကိုရယူဖို႔ရွိေနပါတယ္။ သူသာႏုတ္ထြက္ခဲ့မယ္ဆိုရင္

အီတလီဂႏၴဝင္ေနာက္ခံလူလည္းျဖစ္၊ ၂၀၀၆ ကမာၻ႔ဖလားကိုအီတလီအသင္း

ရရွိရာမွာ အသင္းေခါင္းေဆာင္အျဖစ္လည္းတာဝန္ယူခဲ့တဲ့ ဖာဘီယိုကန္နဗာ႐ို က

အီတလီအသင္းကိုတာဝန္ယူလိမ့္မယ္လို႔ Gazzetta dello Sport သတင္းစာႀကီးက

ေဖာ္ျပသြားပါတယ္။ ကန္နဗာ႐ိုဟာ နည္းျပဘဝကို ၂၀၁၄ တုန္းကတ႐ုတ္မွာစတင္ခဲ့ၿပီး

ေဆာ္ဒီကလပ္ အယ္လ္နက္ဆာ ကိုလည္းခဏတာကိုင္တြယ္ခဲ့ဘူးသူပါ။

သူဟာၿပီးခဲ့တဲ့ ၂၀၁၉ တုန္းက တ႐ုတ္စူပါလိဂ္ၿပိဳင္ပြဲဝင္အသင္း တစ္ခုျဖစ္တဲ့

ကြမ္က်ိဳးအဲဗားဂရန္ဒီ အသင္းကို စူပါလိဂ္ခ်န္ပီယံျဖစ္ေစဖို႔ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး

၂၀၂၁ စက္တင္ဘာလမွာ လမ္းခြဲခဲ့ကာ လက္ရွိမွာေတာ့ အသင္းလက္မဲ့ျဖစ္ေနသူပါ။

သူဟာမၾကာေသးခင္ကလည္း အဲဗာတန္၊ ဝက္ဖို႔ဒ္ အသင္းေတြနဲ႔

နည္းျပရာထူးအတြက္အင္တာဗ်ဴးျပဳလုပ္ခဲ့သးသူျဖစ္သလို ပိုလန္အသင္းနဲ႔လည္း

သတင္းေတြထြက္ခဲ့ပါေသးတယ္။ အီတလီအသင္းအတြက္ ၁၃၆ ပြဲကစားခဲ့တဲ့

ကန္နဗာ႐ို ဟာလက္ေ႐ြးစင္သက္တမ္း ၁၃ ႏွစ္ၾကာျမင့္ခဲ့ၿပီး

ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တဲ့တစ္ဦးတည္းေသာေနာက္ခံလူ

အျဖစ္လည္း မွတ္တမ္းဝင္ထားတဲ့သူျဖစ္ပါတယ္။

သူသာနည္းျပျဖစ္လာရင္ အီတလီကို ၂၀၀၆ ကမာၻ႔ဖလားရရွိေအာင္ဦးေဆာင္ခဲ့တဲ့

နည္းျပေဟာင္း မာဆယ္လိုလစ္ပီကို နည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္

ေပးလိမ့္မယ္လို႔လည္းဆိုေနၾကပါတယ္။