ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ ငြင်းပယ်ခဲ့တဲ့ ဆောက်ဂိတ်

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အမျိုးမျိုးသော လူအခွင့်အရေးပြဿနာတွေ

ကာတာမှာ ဖြစ်ပွားနေပေမယ့် ကမ္ဘာ့ဖလားကို သပိတ်မှောက်ဖို့

ငြင်းပယ်ခဲ့ပါတယ်။ ၂၀၁၀မှာ ဖီဖာက ကမ္ဘာ့ဖလား လက်ခံကျင်းပဖို့

ခွင့်ပေးလိုက်ပေးပြီးကတည်းက ကာတာဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို

ခေါင်းပုံဖြတ်မှုအတွက် စွပ်စွဲမှုတွေ ရင်ဆိုင်နေရပါတယ်။

စစ်တမ်းတွေအရ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကွင်းတွေ တည်ဆောက်ရာမှာ

လူပေါင်း ၆၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီကိစ္စအပေါ်မှာ

အင်္ဂလန်ကစားသမားတွေအနေနဲ့ အသံထွက်ပေးဖို့၊ ကမ္ဘာ့ဖလားကို

သပိတ်မှောက်ပေးဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။

ဒါပေမယ့် ဆောက်ဂိတ်ကတော့ “ဆန္ဒပြ သပိတ်မှောက်ရုံနဲ့တော့

ဘာတွေရနိုင်မလဲဆိုတာ ကျွန်တော်သေချာမသိပါဘူး။

ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်တွေ၊ ကွင်းတည်ဆောက်မှုတွေမှာ

ဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဝမ်းနည်းစွာနဲ့ပဲ

ကျွန်တော်တို့ ဘာမှမလုပ်ပေးနိုင်ဖြစ်ခဲ့ရပါတယ်”

“အခုဆို ပြိုင်ပွဲကစတင်တော့မှာပါ။

တကယ်လို့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်၊ မမှောက်ဆိုတာက

ကျွန်တော်တို့ လွန်ခဲ့တဲ့ (၄) နှစ် ဒါမှမဟုတ် (၈) နှစ်လောက်တည်းက

ဆုံးဖြတ်ရမယ့်ကိစ္စပါ။ နယူးကာဆယ်ကိစ္စမှာလည်း သူတို့ကို ဆော်ဒီသူဌေးတွေ

ဝယ်ဖို့လုပ်တော့ ကန့်ကွက်ကြတယ်လေ။ ဒါပေမယ့်လည်း တစ်ဖက်မှာ

ရေနံဈေးလျှော့ပေးဖို့ သူတို့ကို ပြန်တောင်းဆိုရပါတယ်။ ဒီလိုသဘောပါပဲ”

“ဘာသာရေးနဲ့ယဉ်ကျေးမှုကိစ္စရပ်တွေကို ပြောင်းလဲဖို့ဆိုတာက

အင်မတန်မှ ခက်ခဲတဲ့ကိစ္စတွေပါ။ ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော်တို့ရဲ့

အသံတွေ၊ ပလက်ဖောင်းတွေကတစ်ဆင့် ကောင်းမွန်တဲ့ အပြောင်းအလဲကို

မျှော်လင့်နိုင်ပါတယ်။ ဒါကို သံသယဖြစ်စရာမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်ဟာ ဆောက်ဂိတ်လက်ထက် ဒုတိယအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ

အောင်မြင်မှုရဖို့ ကြိုးစားနေတာပါ။ ဆောက်ဂိတ်ရဲ့အသင်းဟာ ၂၀၁၈ ပြိုင်ပွဲမှာ

ဆီမီးဖိုင်နယ်၊ မနှစ်က နွေရာသီ ယူရိုမှာ ဖိုင်နယ်ထိ ရောက်ခဲ့တာ ဖြစ်ပါတယ်။

zawgyi

ကမာၻ႔ဖလားၿပိဳင္ပြဲကို သပိတ္ေမွာက္ဖို႔ ျငင္းပယ္ခဲ့တဲ့ ေဆာက္ဂိတ္

အဂၤလန္နည္းျပ ေဆာက္ဂိတ္က အမ်ိဳးမ်ိဳးေသာ လူအခြင့္အေရးျပႆနာေတြ

ကာတာမွာ ျဖစ္ပြားေနေပမယ့္ ကမာၻ႔ဖလားကို သပိတ္ေမွာက္ဖို႔

ျငင္းပယ္ခဲ့ပါတယ္။ ၂၀၁၀မွာ ဖီဖာက ကမာၻ႔ဖလား လက္ခံက်င္းပဖို႔

ခြင့္ေပးလိုက္ေပးၿပီးကတည္းက ကာတာဟာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို

ေခါင္းပုံျဖတ္မႈအတြက္ စြပ္စြဲမႈေတြ ရင္ဆိုင္ေနရပါတယ္။

စစ္တမ္းေတြအရ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ကြင္းေတြ တည္ေဆာက္ရာမွာ

လူေပါင္း ၆၅၀၀ ေက်ာ္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီကိစၥအေပၚမွာ

အဂၤလန္ကစားသမားေတြအေနနဲ႔ အသံထြက္ေပးဖို႔၊ ကမာၻ႔ဖလားကို

သပိတ္ေမွာက္ေပးဖို႔ ေတာင္းဆိုမႈေတြရွိေနပါတယ္။

ဒါေပမယ့္ ေဆာက္ဂိတ္ကေတာ့ “ဆႏၵျပ သပိတ္ေမွာက္႐ုံနဲ႔ေတာ့

ဘာေတြရႏိုင္မလဲဆိုတာ ကြၽန္ေတာ္ေသခ်ာမသိပါဘူး။

ယဥ္ေက်းမႈဆိုင္ရာကိစၥရပ္ေတြ၊ ကြင္းတည္ေဆာက္မႈေတြမွာ

ျဖစ္ခဲ့တဲ့အေၾကာင္းအရာေတြနဲ႔ ပတ္သက္လို႔ ဝမ္းနည္းစြာနဲ႔ပဲ

ကြၽန္ေတာ္တို႔ ဘာမွမလုပ္ေပးႏိုင္ျဖစ္ခဲ့ရပါတယ္”

“အခုဆို ၿပိဳင္ပြဲကစတင္ေတာ့မွာပါ။

တကယ္လို႔ ဒီကမာၻ႔ဖလားၿပိဳင္ပြဲကို သပိတ္ေမွာက္၊ မေမွာက္ဆိုတာက

ကြၽန္ေတာ္တို႔ လြန္ခဲ့တဲ့ (၄) ႏွစ္ ဒါမွမဟုတ္ (၈) ႏွစ္ေလာက္တည္းက

ဆုံးျဖတ္ရမယ့္ကိစၥပါ။ နယူးကာဆယ္ကိစၥမွာလည္း သူတို႔ကို ေဆာ္ဒီသူေဌးေတြ

ဝယ္ဖို႔လုပ္ေတာ့ ကန႔္ကြက္ၾကတယ္ေလ။ ဒါေပမယ့္လည္း တစ္ဖက္မွာ

ေရနံေဈးေလွ်ာ့ေပးဖို႔ သူတို႔ကို ျပန္ေတာင္းဆိုရပါတယ္။ ဒီလိုသေဘာပါပဲ”

“ဘာသာေရးနဲ႔ယဥ္ေက်းမႈကိစၥရပ္ေတြကို ေျပာင္းလဲဖို႔ဆိုတာက

အင္မတန္မွ ခက္ခဲတဲ့ကိစၥေတြပါ။ ဒါေပမယ့္ တစ္ခုရွိတာက ကြၽန္ေတာ္တို႔ရဲ႕

အသံေတြ၊ ပလက္ေဖာင္းေတြကတစ္ဆင့္ ေကာင္းမြန္တဲ့ အေျပာင္းအလဲကို

ေမွ်ာ္လင့္ႏိုင္ပါတယ္။ ဒါကို သံသယျဖစ္စရာမရွိပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အဂၤလန္ဟာ ေဆာက္ဂိတ္လက္ထက္ ဒုတိယအႀကိမ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ

ေအာင္ျမင္မႈရဖို႔ ႀကိဳးစားေနတာပါ။ ေဆာက္ဂိတ္ရဲ႕အသင္းဟာ ၂၀၁၈ ၿပိဳင္ပြဲမွာ

ဆီမီးဖိုင္နယ္၊ မႏွစ္က ေႏြရာသီ ယူ႐ိုမွာ ဖိုင္နယ္ထိ ေရာက္ခဲ့တာ ျဖစ္ပါတယ္။