ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့တဲ့ အီတလီအသင်းကို အင်္ဂလန်ပရိသတ်တွေအကြီးအကျယ်လှောင်ပြောင်နေ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ခဲ့ပြီဖြစ်တဲ့ နာမည်ကျော်အီတလီအသင်းကို

အင်္ဂလန်ပရိသတ်တွေက အွန်လိုင်းပေါ်မှာ အကြီးအကျယ်လှောင်ပြောင်နေကြပြီ

ဖြစ်ပါတယ်။ နည်းပြမန်စီနီရဲ့အီတလီအသင်းဟာ ကမ္ဘာ့ဖလား Play off

ဆီမီးဖိုင်နယ်မှာ အသင်းငယ်လေးမြောက်မက်ဆီဒိုးနီးယားအသင်းကို

အိမ်ကွင်းမှာပဲ မယုံနိုင်လောက်အောင်ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလား

ပြိုင်ပွဲနဲ့ဝေးခဲ့ရပြီဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်

ကမ္ဘာ့ဖလားပြိုင်ပွဲ(၂)ကြိမ်ဆက် ခြေစစ်ပွဲမအောင်ခဲ့တဲ့မှတ်တမ်းဆိုးပိုင်ဆိုင်ခဲ့ရပါတယ်။

အီတလီအသင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ယူဗိုလ်စွဲပြီးတော့

(၈)လအကြာမှာပဲ စိတ်ပျက်စရာကောင်းတဲ့အခြေအနေဆိုးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး

အင်္ဂလန်ပရိသတ်တွေကတော့ အီတလီအသင်းရှုံးပွဲအတွက်

အကြီးအကျယ်အောင်ပွဲခံနေကြပါတယ်။ Twitter မှာ အင်္ဂလန်ပရိသတ်တွေက

‘ဟေ့ ..အီတလီအသင်း၊ မင်းတို့တွေ အိမ်ပြန်ရပြီဆိုတာ ယဉ်ယဉ်ကျေးကျေးနဲ့

အသိပေးလိုက်ပါတယ်’၊ ‘တကယ့်ကို ချိုမြိန်တဲ့ဂိုးပါပဲ။

ထုံးစံအတိုင်းပဲ အီတလီကစားသမားတွေဟာ ဂိုးပေးလိုက်ရတော့

ဒိုင်လူကြီးဆီပြေးပြီး စောဒကတက်ကြပါတယ်။

သူတို့ဘာတွေစောဒကတက်တာလဲဆိုတာတော့ မသိပါဘူး’လို့ လှောင်ပြောင်ခဲ့ပြီး

ယူရို-၂၀၂၀ ဗိုလ်လုပွဲအပြီးမှာ အီတလီနောက်ခံလူဘိုနူချီက အင်္ဂလန်အသင်းကို

လှောင်ပြောင်တဲ့အနေနဲ့ ‘ITS COMING ROME’လို့ အော်ဟစ်အောင်ပွဲခံခဲ့တာကို

အင်္ဂလန်ပရိသတ်တစ်ဦးက ‘ဘိုနူချီအတွက် ITS COMING ROME လို့

အော်လိုက်ပါရစေ . .ဝဋ်ဆိုတာ ချက်ချင်းပြန်လည်တယ်ကွ’လို့ တုံ့ပြန်ခဲ့ပါတယ်။

zawgyi

ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ခဲ့တဲ့ အီတလီအသင္းကို အဂၤလန္ပရိသတ္ေတြအႀကီးအက်ယ္ေလွာင္ေျပာင္ေန

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔လြဲေခ်ာ္ခဲ့ၿပီျဖစ္တဲ့ နာမည္ေက်ာ္အီတလီအသင္းကို

အဂၤလန္ပရိသတ္ေတြက အြန္လိုင္းေပၚမွာ အႀကီးအက်ယ္ေလွာင္ေျပာင္ေနၾကၿပီ

ျဖစ္ပါတယ္။ နည္းျပမန္စီနီရဲ႕အီတလီအသင္းဟာ ကမာၻ႔ဖလား Play off

ဆီမီးဖိုင္နယ္မွာ အသင္းငယ္ေလးေျမာက္မက္ဆီဒိုးနီးယားအသင္းကို

အိမ္ကြင္းမွာပဲ မယုံႏိုင္ေလာက္ေအာင္ရႈံးနိမ့္ခဲ့တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလား

ၿပိဳင္ပြဲနဲ႔ေဝးခဲ့ရၿပီျဖစ္ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္

ကမာၻ႔ဖလားၿပိဳင္ပြဲ(၂)ႀကိမ္ဆက္ ေျခစစ္ပြဲမေအာင္ခဲ့တဲ့မွတ္တမ္းဆိုးပိုင္ဆိုင္ခဲ့ရပါတယ္။

အီတလီအသင္းဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္အသင္းကို အႏိုင္ယူဗိုလ္စြဲၿပီးေတာ့

(၈)လအၾကာမွာပဲ စိတ္ပ်က္စရာေကာင္းတဲ့အေျခအေနဆိုးနဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး

အဂၤလန္ပရိသတ္ေတြကေတာ့ အီတလီအသင္းရႈံးပြဲအတြက္

အႀကီးအက်ယ္ေအာင္ပြဲခံေနၾကပါတယ္။ Twitter မွာ အဂၤလန္ပရိသတ္ေတြက

‘ေဟ့ ..အီတလီအသင္း၊ မင္းတို႔ေတြ အိမ္ျပန္ရၿပီဆိုတာ ယဥ္ယဥ္ေက်းေက်းနဲ႔

အသိေပးလိုက္ပါတယ္’၊ ‘တကယ့္ကို ခ်ိဳၿမိန္တဲ့ဂိုးပါပဲ။

ထုံးစံအတိုင္းပဲ အီတလီကစားသမားေတြဟာ ဂိုးေပးလိုက္ရေတာ့

ဒိုင္လူႀကီးဆီေျပးၿပီး ေစာဒကတက္ၾကပါတယ္။

သူတို႔ဘာေတြေစာဒကတက္တာလဲဆိုတာေတာ့ မသိပါဘူး’လို႔ ေလွာင္ေျပာင္ခဲ့ၿပီး

ယူ႐ို-၂၀၂၀ ဗိုလ္လုပြဲအၿပီးမွာ အီတလီေနာက္ခံလူဘိုႏူခ်ီက အဂၤလန္အသင္းကို

ေလွာင္ေျပာင္တဲ့အေနနဲ႔ ‘ITS COMING ROME’လို႔ ေအာ္ဟစ္ေအာင္ပြဲခံခဲ့တာကို

အဂၤလန္ပရိသတ္တစ္ဦးက ‘ဘိုႏူခ်ီအတြက္ ITS COMING ROME လို႔

ေအာ္လိုက္ပါရေစ . .ဝဋ္ဆိုတာ ခ်က္ခ်င္းျပန္လည္တယ္ကြ’လို႔ တုံ႔ျပန္ခဲ့ပါတယ္။