ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဖော်တွေနဲ့ ဝန်ထမ်းတွေအတွက် ရွှေရောင် i Phone (၃၅)လုံးကို မက်ဆီ လက်ဆောင်ပေး

အာဂျင်တီးနား,နာမည်ကျော်ကစားသမားမက်ဆီဟာ လက်ရွေးစင်

အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေအတွက် ရွှေရောင် i Phone
(၃၅)လုံးကို ပေါင် (၁၇၅,၀၀၀) အကုန်အကျခံ ဝယ်ယူပြီး
လက်ဆောင်ပေးခဲ့ပါတယ်။

(၂၄)ကာရက် အလေးချိန်ရှိတဲ့ အဲဒီ ဖုန်းတစ်လုံးစီမှာ အာဂျင်တီးနား
အသင်းလိုဂိုနဲ့အတူ ကစားသမားတစ်ဦးချင်းစီရဲ့ နာမည်နဲ့ ကျောနံပါတ်တွေ
ရိုက်နှိပ်ထားပြီး မက်ဆီက အဲဒီ ဖုန်းတွေကို ပြီးခဲ့တဲ့စနေနေ့က
လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

IDesign Gold ကုမ္ပဏီအမှုဆောင်ချုပ်ဖြစ်သူ ဘန်လိုင်ယွန်စ်က”မက်ဆီဟာ
GOAT တစ်ဦးဖြစ်တဲ့အပြင် ကျွန်တော်တို့ IDesign Gold ကုမ္ပဏီရဲ့ ပုံမှန်

အားပေးနေကျ ဖောက်သည်တစ်ဦးဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး
လပိုင်းအကြာမှာကတည်းက မက်ဆီဟာ ကျွန်တော့်ဆီ ဆက်သွယ်ပြီးတော့

လက်ရွေးစင်အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေအတွက် အထူးလက်ဆောင်
ပေးချင်တယ်လို့ အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ပုံမှန်လိုဖြစ်နေတဲ့
နာရီလက်ဆောင်တော့ မပေးချင်ပါဘူး။ အဲဒါကြောင့် ကျွန်တော်က ရွှေရောင်
i Phone ပေါ်မှာ နာမည်တွေ ရိုက်နှိပ်ပြီးတော့ လက်ဆောင်ပေးပါလားဆိုပြီး
အကြံပေးခဲ့တဲ့အခါ မက်ဆီကလည်း သဘောတူလက်ခံခဲ့ပါတယ်”လို့

ပြောကြားခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီဟာ သူ့ရဲ့ဘောလုံးသမားဘဝတစ်လျှောက်

အလိုချင်အတောင့်တဆုံး ချန်ပီယံဆုဖလားကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ပြိုင်ပွဲ
တစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

[Zawgyi]

အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမားမက္ဆီဟာ လက္ေ႐ြးစင္
အသင္းေဖာ္ေတြနဲ႔ ဝန္ထမ္းေတြအတြက္ ေ႐ႊေရာင္ i Phone
(၃၅)လုံးကို ေပါင္ (၁၇၅,၀၀၀) အကုန္အက်ခံ ဝယ္ယူၿပီး
လက္ေဆာင္ေပးခဲ့ပါတယ္။

(၂၄)ကာရက္ အေလးခ်ိန္ရွိတဲ့ အဲဒီ ဖုန္းတစ္လုံးစီမွာ အာဂ်င္တီးနား
အသင္းလိုဂိုနဲ႔အတူ ကစားသမားတစ္ဦးခ်င္းစီရဲ႕ နာမည္နဲ႔ ေက်ာနံပါတ္ေတြ
႐ိုက္ႏွိပ္ထားၿပီး မက္ဆီက အဲဒီ ဖုန္းေတြကို ၿပီးခဲ့တဲ့စေနေန႔က

လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

IDesign Gold ကုမၸဏီအမႈေဆာင္ခ်ဳပ္ျဖစ္သူ ဘန္လိုင္ယြန္စ္က”မက္ဆီဟာ

GOAT တစ္ဦးျဖစ္တဲ့အျပင္ ကြၽန္ေတာ္တို႔ IDesign Gold ကုမၸဏီရဲ႕ ပုံမွန္
အားေပးေနက် ေဖာက္သည္တစ္ဦးျဖစ္ပါတယ္။ ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီး
လပိုင္းအၾကာမွာကတည္းက မက္ဆီဟာ ကြၽန္ေတာ့္ဆီ ဆက္သြယ္ၿပီးေတာ့

လက္ေ႐ြးစင္အသင္းေဖာ္ေတြနဲ႔ ဝန္ထမ္းေတြအတြက္ အထူးလက္ေဆာင္
ေပးခ်င္တယ္လို႔ အသိေပးခဲ့ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဟာ ပုံမွန္လိုျဖစ္ေနတဲ့
နာရီလက္ေဆာင္ေတာ့ မေပးခ်င္ပါဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္က ေ႐ႊေရာင္
i Phone ေပၚမွာ နာမည္ေတြ ႐ိုက္ႏွိပ္ၿပီးေတာ့ လက္ေဆာင္ေပးပါလားဆိုၿပီး

အႀကံေပးခဲ့တဲ့အခါ မက္ဆီကလည္း သေဘာတူလက္ခံခဲ့ပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မက္ဆီဟာ သူ႔ရဲ႕ေဘာလုံးသမားဘဝတစ္ေလွ်ာက္
အလိုခ်င္အေတာင့္တဆုံး ခ်န္ပီယံဆုဖလားကို ပိုင္ဆိုင္ခြင့္ရခဲ့ၿပီး ၿပိဳင္ပြဲ
တစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကိုလည္း ဆြတ္ခူးခဲ့ပါတယ္။