ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ဖို့ ဘယ်လောက်အထိ မျှော်လင့်ခဲ့ရလည်းဆိုတာ ပရိသတ်တွေ သိအောင် ရင်ဖွင့်လိုက်တဲ့ စီရော်နယ်လ်ဒို

ပေါ်တူဂီအသင်း နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလား

ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးတဲ့နောက် သူ့ရဲ့ ရင်ထဲက ခံစားချက်တွေကို
ပရိသတ်တွေ သိရှိနိုင်အောင် Twitter မှာ Post တင်ပြီးတော့ ရင်ဖွင့်ပြခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုအတွက် အခု ကမ္ဘာ့ဖလားက
သူ့ရဲ့လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲဖြစ်ပြီး ချန်ပီယံဆု
ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ပေမယ့် မော်ရိုကိုအသင်းကို
မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်လိုက်ရပြီ
ဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုက ‘ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ဆိုတာက
ကျွန်တော့်ဘဝအတွက် အကြီးမားဆုံးနဲ့ မျှော်လင့်တောင့်တရဆုံး အိပ်မက်ပါပဲ။ အဲဒီ

အိပ်မက်ဖြစ်မြောက်လာဖို့ ကျွန်တော် အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့(၁၆)နှစ်ကျော်အတွင်း ပေါ်တူဂီအသင်းနဲ့အတူ ဆင်နွှဲခဲ့တဲ့ ကမ္ဘာ့ဖလား(၅)ကြိမ်မှာ

ကျွန်တော် ဂိုးတွေသွင်းယူနိုင်ခဲ့ပြီး ထိပ်တန်းအဆင့်ကစားသမားတွေနဲ့လက်တွဲကစားခွင့်
ရခဲ့သလို သန်းပေါင်းများစွာသော ပေါ်တူဂီ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ကျွန်တော့်မှာ
ရှိသမျှ အရာတိုင်းကို နိုင်ငံအသင်းအတွက် ပေးဆပ်ကစားခဲ့ပါတယ်။

ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ပဲ အဲဒီအိပ်မက်ဟာ မနေ့(သောကြာနေ့)က အဆုံးသတ်သွားပြီ
ဖြစ်ပါတယ်။ ကျွန်တော်က ကိုယ့်ရဲ့ ရည်မှန်းချက် ဖြစ်မြောက်လာအောင် တိုက်ပွဲဝင်လေ့ရှိသူ
ဖြစ်တာကြောင့် ကိုယ့်နိုင်ငံနဲ့ ကိုယ့်အသင်းဖော်တွေကို ကျောခိုင်းလှည့်ထွက်သွားတာမျိုး
ဘယ်တော့မှ မလုပ်ပါဘူး။

အိပ်မက်တွေ အဆုံးမသတ်ခင်အချိန်အထိ မျှော်လင့်ချက်နဲ့ အသက်ရှင်ခွင့်ရခဲ့တာက
တကယ်ကျေနပ်ဖို့ကောင်းပါတယ်။ ပေါ်တူဂီအသင်းအတွက် ကျွန်တော်

ဘာတွေလုပ်နိုင်ခဲ့လဲဆိုတာ ပရိသတ်တွေကိုယ်တိုင် ကောက်ချက်ချနိုင်ဖို့ အချိန်က
ဆုံးဖြတ်ပေးသွားပါလိမ့်မယ်’လို့ ရေးသားခဲ့ပါတယ်။

[Zawgyi]

ေပၚတူဂီအသင္း နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ကမာၻ႔ဖလား
ကြာတားဖိုင္နယ္ကေန ထြက္ခဲ့ရၿပီးတဲ့ေနာက္ သူ႔ရဲ႕ ရင္ထဲက ခံစားခ်က္ေတြကို
ပရိသတ္ေတြ သိရွိႏိုင္ေအာင္ Twitter မွာ Post တင္ၿပီးေတာ့ ရင္ဖြင့္ျပခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုအတြက္ အခု ကမာၻ႔ဖလားက
သူ႔ရဲ႕လက္ေ႐ြးစင္ကစားသမားဘ၀ ေနာက္ဆုံးၿပိဳင္ပြဲျဖစ္ၿပီး ခ်န္ပီယံဆု
ကိုင္ေျမႇာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားထားခဲ့ေပမယ့္ ေမာ္႐ိုကိုအသင္းကို
မထင္မွတ္ဘဲ ရႈံးနိမ့္ခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္အဆင့္နဲ႔ပဲ ေက်နပ္လိုက္ရၿပီ

ျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုက ‘ေပၚတူဂီအသင္းနဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံဆု ဆြတ္ခူးႏိုင္ဖို႔ဆိုတာက

ကြၽန္ေတာ့္ဘဝအတြက္ အႀကီးမားဆုံးနဲ႔ ေမွ်ာ္လင့္ေတာင့္တရဆုံး အိပ္မက္ပါပဲ။ အဲဒီ
အိပ္မက္ျဖစ္ေျမာက္လာဖို႔ ကြၽန္ေတာ္ အစြမ္းကုန္ တိုက္ပြဲဝင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့(၁၆)ႏွစ္ေက်ာ္အတြင္း ေပၚတူဂီအသင္းနဲ႔အတူ ဆင္ႏႊဲခဲ့တဲ့ ကမာၻ႔ဖလား(၅)ႀကိမ္မွာ
ကြၽန္ေတာ္ ဂိုးေတြသြင္းယူႏိုင္ခဲ့ၿပီး ထိပ္တန္းအဆင့္ကစားသမားေတြနဲ႔လက္တြဲကစားခြင့္
ရခဲ့သလို သန္းေပါင္းမ်ားစြာေသာ ေပၚတူဂီ ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္ ကြၽန္ေတာ့္မွာ
ရွိသမွ် အရာတိုင္းကို ႏိုင္ငံအသင္းအတြက္ ေပးဆပ္ကစားခဲ့ပါတယ္။

ဒါေပမဲ့လည္း စိတ္မေကာင္းစြာနဲ႔ပဲ အဲဒီအိပ္မက္ဟာ မေန႔(ေသာၾကာေန႔)က အဆုံးသတ္သြားၿပီ
ျဖစ္ပါတယ္။ ကြၽန္ေတာ္က ကိုယ့္ရဲ႕ ရည္မွန္းခ်က္ ျဖစ္ေျမာက္လာေအာင္ တိုက္ပြဲဝင္ေလ့ရွိသူ
ျဖစ္တာေၾကာင့္ ကိုယ့္ႏိုင္ငံနဲ႔ ကိုယ့္အသင္းေဖာ္ေတြကို ေက်ာခိုင္းလွည့္ထြက္သြားတာမ်ိဳး

ဘယ္ေတာ့မွ မလုပ္ပါဘူး။

အိပ္မက္ေတြ အဆုံးမသတ္ခင္အခ်ိန္အထိ ေမွ်ာ္လင့္ခ်က္နဲ႔ အသက္ရွင္ခြင့္ရခဲ့တာက

တကယ္ေက်နပ္ဖို႔ေကာင္းပါတယ္။ ေပၚတူဂီအသင္းအတြက္ ကြၽန္ေတာ္
ဘာေတြလုပ္ႏိုင္ခဲ့လဲဆိုတာ ပရိသတ္ေတြကိုယ္တိုင္ ေကာက္ခ်က္ခ်ႏိုင္ဖို႔ အခ်ိန္က
ဆုံးျဖတ္ေပးသြားပါလိမ့္မယ္’လို႔ ေရးသားခဲ့ပါတယ္။