ကမ္ဘာ့ဖလားကွာတားရောက် အသင်းတွေထဲမှာ မန်ချက်စတာမြို့ခံနှစ်သင်းက,ကစားသမားအများစု ပါဝင်နေ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့်ရောက်ရှိသွားတဲ့

လက်ရွေးစင် (၈)သင်းထဲမှာ မန်ချက်စတာမြို့ခံနှစ်သင်းက,ကစားသမား
အများစု ပါဝင်နေကြပါတယ်။

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ကို နယ်သာလန်-အာဂျင်တီးနား၊
ခရိုအေးရှား-ဘရာဇီးလ်၊ အင်္ဂလန်-ပြင်သစ်၊ မော်ရိုကို-ပေါ်တူဂီတို့ တက်ရောက်ခဲ့ကြပြီး
အဲဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးကစားသမား
(၁၁)ဦးစီ ပါဝင်နေပါတယ်။

ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ဖရက်ဒ်၊ အန်တိုနီ၊ ကတ်စ်မဲရိုး (ဘရာဇီးလ်)၊
ဘရူနိုဖာနန်ဒက်စ်၊ ဒါလော့တ် (ပေါ်တူဂီ)၊ ဗာရန်း (ပြင်သစ်)၊ ရပ်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယား၊
လုခ်ရှော (အင်္ဂလန်)၊ လီဆန်ဒရိုမာတီနက်ဇ် (အာဂျင်တီးနား)၊ မာလာစီယာ

(နယ်သာလန်)တို့ဟာ သက်ဆိုင်ရာ နိုင်ငံအသင်းတွေနဲ့အတူ ကွာတားဖိုင်နယ်
အဆင့်ရောက်ရှိနေပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းမှာတော့ ဝေါလ်ကာ၊ ကယ်လ်ဗင်ဖိလစ်၊ ဂျွန်စတုန်းစ်၊ ဂရီးလစ်ရှ်၊
ဖိုဒန်(အင်္ဂလန်)၊ ရူဘင်ဒီယက်စ်၊ ကန်ဆယ်လို၊ ဘာနာဒိုဆေးလ်ဗား (ပေါ်တူဂီ)၊
ဂျူလီယန်အယ်လ်ဗာရက်ဇ် (အာဂျင်တီးနား)၊ နေသန်အကီ(နယ်သာလန်) အီဒါဆင်
(ဘရာဇီးလ်)တို့ ပါဝင်ခဲ့ကြပါတယ်။

မန်ချက်စတာနှစ်သင်းပြီးရင် တတိယမြောက်အများဆုံးက ပြင်သစ်ထိပ်သီး PSG ဖြစ်ပြီး
ကစားသမား(၈)ဦးဟာ ကွာတားဖိုင်နယ်ပွဲ ဆင်နွှဲမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်၊
အေဂျက်စ်တို့က (၇)ဦးစီ၊ ရီးယဲလ်၊ ချယ်လ်ဆီး၊ အက်သလက်တီကို၊ စပါး၊ ဂျူဗင်တပ်စ်၊

အာဆင်နယ်၊ ဆီဗီလာ၊ ဘာစီလိုနာအသင်းတို့က,ကစားသမား(၆)ဦးစီ၊ လီဗာပူးလ်
အသင်းရဲ့ကစားသမား (၅)ဦး ပါဝင်ခဲ့ကြပါတယ်။

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ၊ ကြာတားဖိုင္နယ္အဆင့္ေရာက္ရွိသြားတဲ့
လက္ေ႐ြးစင္ (၈)သင္းထဲမွာ မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းက,ကစားသမား
အမ်ားစု ပါဝင္ေနၾကပါတယ္။

ကမာၻ႔ဖလား ကြာတားဖိုင္နယ္အဆင့္ကို နယ္သာလန္-အာဂ်င္တီးနား၊
ခ႐ိုေအးရွား-ဘရာဇီးလ္၊ အဂၤလန္-ျပင္သစ္၊ ေမာ္႐ိုကို-ေပၚတူဂီတို႔ တက္ေရာက္ခဲ့ၾကၿပီး
အဲဒီအသင္းေတြထဲမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ မန္စီးတီးကစားသမား
(၁၁)ဦးစီ ပါဝင္ေနပါတယ္။

ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ ဖရက္ဒ္၊ အန္တိုနီ၊ ကတ္စ္မဲ႐ိုး (ဘရာဇီးလ္)၊
ဘ႐ူႏိုဖာနန္ဒက္စ္၊ ဒါေလာ့တ္ (ေပၚတူဂီ)၊ ဗာရန္း (ျပင္သစ္)၊ ရပ္ရွ္ဖို႔ဒ္၊ မက္ဂြိဳင္းယား၊

လုခ္ေရွာ (အဂၤလန္)၊ လီဆန္ဒ႐ိုမာတီနက္ဇ္ (အာဂ်င္တီးနား)၊ မာလာစီယာ
(နယ္သာလန္)တို႔ဟာ သက္ဆိုင္ရာ ႏိုင္ငံအသင္းေတြနဲ႔အတူ ကြာတားဖိုင္နယ္
အဆင့္ေရာက္ရွိေနၿပီျဖစ္ပါတယ္။

မန္စီးတီးအသင္းမွာေတာ့ ေဝါလ္ကာ၊ ကယ္လ္ဗင္ဖိလစ္၊ ဂြၽန္စတုန္းစ္၊ ဂရီးလစ္ရွ္၊
ဖိုဒန္(အဂၤလန္)၊ ႐ူဘင္ဒီယက္စ္၊ ကန္ဆယ္လို၊ ဘာနာဒိုေဆးလ္ဗား (ေပၚတူဂီ)၊
ဂ်ဴလီယန္အယ္လ္ဗာရက္ဇ္ (အာဂ်င္တီးနား)၊ ေနသန္အကီ(နယ္သာလန္) အီဒါဆင္
(ဘရာဇီးလ္)တို႔ ပါဝင္ခဲ့ၾကပါတယ္။

မန္ခ်က္စတာႏွစ္သင္းၿပီးရင္ တတိယေျမာက္အမ်ားဆုံးက ျပင္သစ္ထိပ္သီး PSG ျဖစ္ၿပီး
ကစားသမား(၈)ဦးဟာ ကြာတားဖိုင္နယ္ပြဲ ဆင္ႏႊဲမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဘိုင္ယန္ျမဴးနစ္၊

ေအဂ်က္စ္တို႔က (၇)ဦးစီ၊ ရီးယဲလ္၊ ခ်ယ္လ္ဆီး၊ အက္သလက္တီကို၊ စပါး၊ ဂ်ဴဗင္တပ္စ္၊
အာဆင္နယ္၊ ဆီဗီလာ၊ ဘာစီလိုနာအသင္းတို႔က,ကစားသမား(၆)ဦးစီ၊ လီဗာပူးလ္
အသင္းရဲ႕ကစားသမား (၅)ဦး ပါဝင္ခဲ့ၾကပါတယ္။