ကမ္ဘာ့တန်ဖိုးအကြီးဆုံး လူငယ်ကစားသမားစာရင်းမှာ ဘာပေကို ကျော်ဖြတ်ပြီး ဘယ်လင်ဂမ် ထိပ်ဆုံးမှာ ရပ်တည်

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအကြီးဆုံး လူငယ်ကစားသမားစာရင်းရဲ့

ထိပ်ဆုံး(၂)နေရာမှာ အင်္ဂလန်လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘယ်လင်ဂမ်၊
ဖိုဒန်တို့ ရပ်တည်နိုင်ခဲ့ပြီး ပြင်သစ်နာမည်ကျော်ကစားသမား
ဘာပေကတော့ တတိယနေရာသာ ရရှိခဲ့ပါတယ်။

အခုစာရင်းကို နာမည်ကျော် CIES အဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၂၂
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ လူငယ်
ကွင်းလယ်လူ ဘယ်လင်ဂမ်က ပေါင်(၁၈၃.၉)သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်
နိုင်သလို သူ့ကိုခေါ်ယူဖို့ ဥရောပထိပ်သီးအသင်းတွေက အပြိုင်စိတ်ဝင်စားနေ

ကြပါတယ်။

ဘယ်လင်ဂမ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ဖိုဒန်ဟာ ပေါင်(၁၇၇.၅)သန်းနဲ့

အဆင့်(၂)နေရာမှာ ရပ်တည်နိုင်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်
သွင်းခဲ့တဲ့ ဘာပေကတော့ ပေါင်(၁၆၈.၇)သန်းနဲ့ ဘယ်လင်ဂမ်၊ ဖိုဒန်တို့ရဲ့
နောက်မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ရီးယဲလ်အသင်းရဲ့ ဘရာဇီးလ်လူငယ်ကြယ်ပွင့် ဗင်နီစီယက်စ်က ပေါင်(၁၆၈.၅)သန်းနဲ့
အဆင့်(၄)၊ မန်စီးတီးအသင်းက နော်ဝေနာမည်ကျော်တိုက်စစ်မှူး ဟာလန်းဟာ
ပေါင်(၁၅၄.၈)သန်းနဲ့ အဆင့်(၅)နေရာတွေ ရရှိခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းရဲ့ စပိန်လူငယ်ကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ ပတ်ဒရီ
(ပေါင်၁၅၀.၆သန်း)၊ ဂါဗီ (ပေါင်၁၃၀.၆သန်း)တို့ဟာလည်း ထိပ်ဆုံး(၁၀)ဦးစာရင်းမှာ
ပါဝင်ခဲ့သလို ဂျာမနီလူငယ်ကွင်းလယ်လူ မူစီယာလာ (ပေါင် ၁၂၈.၅သန်း)၊

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ လူငယ်
နောက်ခံလူ ဂါဒီယော (ပေါင် ၁၁၁.၄ သန်း)၊ ဥရုဂွေးကွင်းလယ်လူ ဗယ်လ်ဗာဒီ
(ပေါင် ၁၀၉.၃ သန်း)တို့က အဆင့်(၈၊ ၉၊ ၁၀)နေရာတွေမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

[Zawgyi]

၂၀၂၃ ခုႏွစ္အတြက္ ကမာၻ႔တန္ဖိုးအႀကီးဆုံး လူငယ္ကစားသမားစာရင္းရဲ႕
ထိပ္ဆုံး(၂)ေနရာမွာ အဂၤလန္လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ဘယ္လင္ဂမ္၊
ဖိုဒန္တို႔ ရပ္တည္ႏိုင္ခဲ့ၿပီး ျပင္သစ္နာမည္ေက်ာ္ကစားသမား
ဘာေပကေတာ့ တတိယေနရာသာ ရရွိခဲ့ပါတယ္။

အခုစာရင္းကို နာမည္ေက်ာ္ CIES အဖြဲ႕က ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ၂၀၂၂
ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ လူငယ္

ကြင္းလယ္လူ ဘယ္လင္ဂမ္က ေပါင္(၁၈၃.၉)သန္းနဲ႔ ထိပ္ဆုံးမွာ ရပ္တည္
ႏိုင္သလို သူ႔ကိုေခၚယူဖို႔ ဥေရာပထိပ္သီးအသင္းေတြက အၿပိဳင္စိတ္ဝင္စားေန
ၾကပါတယ္။

ဘယ္လင္ဂမ္ရဲ႕ အဂၤလန္လက္ေ႐ြးစင္အသင္းေဖာ္ ဖိုဒန္ဟာ ေပါင္(၁၇၇.၅)သန္းနဲ႔
အဆင့္(၂)ေနရာမွာ ရပ္တည္ႏိုင္ၿပီး ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ဟက္ထရစ္
သြင္းခဲ့တဲ့ ဘာေပကေတာ့ ေပါင္(၁၆၈.၇)သန္းနဲ႔ ဘယ္လင္ဂမ္၊ ဖိုဒန္တို႔ရဲ႕
ေနာက္မွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ရီးယဲလ္အသင္းရဲ႕ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ ဗင္နီစီယက္စ္က ေပါင္(၁၆၈.၅)သန္းနဲ႔
အဆင့္(၄)၊ မန္စီးတီးအသင္းက ေနာ္ေဝနာမည္ေက်ာ္တိုက္စစ္မႉး ဟာလန္းဟာ

ေပါင္(၁၅၄.၈)သန္းနဲ႔ အဆင့္(၅)ေနရာေတြ ရရွိခဲ့ၾကပါတယ္။

ဘာစီလိုနာအသင္းရဲ႕ စပိန္လူငယ္ကြင္းလယ္လူ ႏွစ္ဦးျဖစ္တဲ့ ပတ္ဒရီ

(ေပါင္၁၅၀.၆သန္း)၊ ဂါဗီ (ေပါင္၁၃၀.၆သန္း)တို႔ဟာလည္း ထိပ္ဆုံး(၁၀)ဦးစာရင္းမွာ
ပါဝင္ခဲ့သလို ဂ်ာမနီလူငယ္ကြင္းလယ္လူ မူစီယာလာ (ေပါင္ ၁၂၈.၅သန္း)၊
ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ႐ိုေအးရွားအသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ လူငယ္
ေနာက္ခံလူ ဂါဒီေယာ (ေပါင္ ၁၁၁.၄ သန္း)၊ ဥ႐ုေဂြးကြင္းလယ္လူ ဗယ္လ္ဗာဒီ
(ေပါင္ ၁၀၉.၃ သန္း)တို႔က အဆင့္(၈၊ ၉၊ ၁၀)ေနရာေတြမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။