
ယူရို ၂၀၂၀ တုန်းက ကွင်းတွင်းနှလုံးရပ်တန့်မှုဖြစ်ပွားခဲ့ရာ ဒိန်းမတ်နိုင်ငံ၊
ကိုပင်ဟေဂင်မြို့တော်က ပါ့ခ်ကန်ကွင်းကြီးကို အဲရစ်ဆင်ဟာ ဒိန်းမတ်နိုင်ငံ
အသင်းရဲ့ကပ္ပတိန်အဖြစ်နဲ့ ယမန်နေ့ကတကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ပါ့ခ်ကန်ကွင်းကို ပြန်လည်ခြေချတဲ့အခါမှာတော့ ပြန်လည်ကြိုဆိုပါတယ် အဲရစ်ဆင်ဆိုတဲ့
နဖူးစည်းစာတန်းဘန်နာတွေနဲ့အတူ ဒိန်းမတ်ဖန်တွေသာမက ဆာဘီးယား
ပရိသတ်တွေကပါ သူ့ကိုသောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပါတယ်။
ကပ္ပတိန်အဲရစ်ဆင်က အသင်းကိုဦးဆောင်ပြီးခြေစွမ်းပြရုံသာမက
ဝမ်းဒါးဂိုးတစ်ဂိုးကိုပါသွင်းယူခဲ့တာပါ။ ဆာဘီးယားနဲ့ပွဲမှာ သူသွင်းခဲ့တဲ့ဂိုးက
ဒိန်းမတ်တို့အတွက် တတိယအနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမပြည့်ခင်မှာပဲ ခရစ်စတီယန်နားဂေါ့ဒ်ဆီကပေးပို့မှုကို
ဘောက်စ်အစပ်နားမှာရယူပြီး ဂိုးအောက်ထောင့်ထဲကို ဒိန်းမတ်ကပ္ပတိန်က
၂၂ကိုက်ကန်ချက်နဲ့ အနိမ့်အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။
အဲရစ်ဆင်ဟာ အဲဒီပွဲအတွက် အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါတယ်။
နှလုံး ရောဂါ ခံစားရပြီးနောက် အဲရစ်ဆင်ဟာ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက်
ပထမဆုံးပွဲအဖြစ် နယ်သာလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာလည်း
ဝင်ရောက်ကစားခွင့်ရခဲ့သလို ချေပဂိုးတစ်ဂိုးလည်း သွင်းပေးနိုင်ခဲ့ပါတယ်။
ယမန်နေ့ကတော့ နှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပြီး ပွဲချိန် ၇၉ မိနစ်အရောက်မှာ
လူစားလဲခံရချိန်မှာတော့ ပရိသတ်တွေက မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
zawgyi
ကပၸတိန္အျဖစ္နဲ႔ ႏွလုံးရပ္တန႔္ခဲ့ရာကြင္းထဲကို ျပန္ေရာက္လာကာ သြင္းဂိုးသြင္းယူခဲ့တဲ့ အဲရစ္ဆင္
ယူ႐ို ၂၀၂၀ တုန္းက ကြင္းတြင္းႏွလုံးရပ္တန႔္မႈျဖစ္ပြားခဲ့ရာ ဒိန္းမတ္ႏိုင္ငံ၊
ကိုပင္ေဟဂင္ၿမိဳ႕ေတာ္က ပါ့ခ္ကန္ကြင္းႀကီးကို အဲရစ္ဆင္ဟာ ဒိန္းမတ္ႏိုင္ငံ
အသင္းရဲ႕ကပၸတိန္အျဖစ္နဲ႔ ယမန္ေန႔ကတေက်ာ့ျပန္ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။
ပါ့ခ္ကန္ကြင္းကို ျပန္လည္ေျခခ်တဲ့အခါမွာေတာ့ ျပန္လည္ႀကိဳဆိုပါတယ္ အဲရစ္ဆင္ဆိုတဲ့
နဖူးစည္းစာတန္းဘန္နာေတြနဲ႔အတူ ဒိန္းမတ္ဖန္ေတြသာမက ဆာဘီးယား
ပရိသတ္ေတြကပါ သူ႔ကိုေသာင္းေသာင္းဖ်ဖ်ႀကိဳဆိုခဲ့ၾကပါတယ္။
ကပၸတိန္အဲရစ္ဆင္က အသင္းကိုဦးေဆာင္ၿပီးေျခစြမ္းျပ႐ုံသာမက
ဝမ္းဒါးဂိုးတစ္ဂိုးကိုပါသြင္းယူခဲ့တာပါ။ ဆာဘီးယားနဲ႔ပြဲမွာ သူသြင္းခဲ့တဲ့ဂိုးက
ဒိန္းမတ္တို႔အတြက္ တတိယအႏိုင္ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္းမျပည့္ခင္မွာပဲ ခရစ္စတီယန္နားေဂါ့ဒ္ဆီကေပးပို႔မႈကို
ေဘာက္စ္အစပ္နားမွာရယူၿပီး ဂိုးေအာက္ေထာင့္ထဲကို ဒိန္းမတ္ကပၸတိန္က
၂၂ကိုက္ကန္ခ်က္နဲ႔ အနိမ့္အျပင္းကန္သြင္းခဲ့တာျဖစ္ပါတယ္။
အဲရစ္ဆင္ဟာ အဲဒီပြဲအတြက္ အေကာင္းဆုံးကစားသမားဆုကိုပါရရွိခဲ့ပါတယ္။
ႏွလုံး ေရာဂါ ခံစားရၿပီးေနာက္ အဲရစ္ဆင္ဟာ ဒိန္းမတ္လက္ေ႐ြးစင္အသင္းအတြက္
ပထမဆုံးပြဲအျဖစ္ နယ္သာလန္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ရဲ႕ ဒုတိယပိုင္းမွာလည္း
ဝင္ေရာက္ကစားခြင့္ရခဲ့သလို ေခ်ပဂိုးတစ္ဂိုးလည္း သြင္းေပးႏိုင္ခဲ့ပါတယ္။
ယမန္ေန႔ကေတာ့ ႏွစ္ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၉ မိနစ္အေရာက္မွာ
လူစားလဲခံရခ်ိန္မွာေတာ့ ပရိသတ္ေတြက မတ္တပ္ရပ္ၿပီး ဂုဏ္ျပဳခဲ့ၾကပါတယ္။
Leave a Reply