ကန်တိုနာလို ကွန်ဖူးကစ်အစွမ်းပြခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ သရဲနီဟောင်းရိုဂျို

ဒီနေ့ခေတ်မှာ အဲရစ်ကန်တိုနာရဲ့ကမ္ဘာကျော်ကွန်ဖူးကစ်ကို မမီလိုက်ရင်တောင် မှတ်တမ်းတွေနဲ့တော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ၁၉၉၅ ခုနှစ်တုန်းက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ သူ့ကိုလှောင်ပြောင်တဲ့ ပြိုင်ဘက်ပရိသတ်မက်သရူးဆမ်မွန်ကို

မန်ယူဂန္ထဝင်တိုက်စစ်မှူးကြီးက ကွန်ဖူးကစ်နဲ့ပြေးကန်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကန်တိုနာဟာ ပြစ်ဒဏ်တစ်ရပ်အနေနဲ့ လူမှုအကျိုးပြု ပရဟိတအလုပ်တွေ နာရီ ၁၅၀ လုပ်ခဲ့ရပါတယ်။ ပြင်သစ်တိုက်စစ်မှူးကြီးဟာ အခုတော့

ဟောလီးဝုဒ်မှာ ဘဝသစ်တစ်ခုထူထောင်နေပါပြီ။ ဒါပေမဲ့ သူ့အမွေကို ဆက်ခံတဲ့ မန်ယူနောက်ခံလူဟောင်းတစ်ယောက် ပေါ်လာပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ကြမ်းခဲ့ရမ်းခဲ့ဖူးတဲ့ မားကို့စ်ရိုဂျိုပါပဲ။ ဘိုကာဂျူနီယာအသင်းကို

ရောက်နေတဲ့ရိုဂျိုဟာ ပြီးခဲ့တဲ့ ရေးဗားပလိတ်နဲ့ အာဂျင်တီးနားစူပါကလက်စီကိုဒါဘီပွဲမှာ ကန်တိုနာဝိညဉ်ပူးသွားခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ ပြိုင်ဘက်ကစားသမား မားတီးယက်စ်ဆွာရက်ဇ်နဲ့ လေထဲမှာဘောလုံးယှဉ်လုခဲ့တာပါ။

ဒါပေမဲ့ ဆွာရက်ဇ်လိုတော့ ဘောလုံးကို ခေါင်းနဲ့ခုန်တိုက်တာ မဟုတ်ပါဘူး။ ကန်တိုနာလို ကွန်ဖူးကစ်မျိုးနဲ့ ဆွာရက်ဇ်ခေါင်းကို ခုန်ကန်ခဲ့တာပါ။ ဒါကြောင့် အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရသလို ဆိုရှယ်မီဒီယာပေါ်မှာလည်း ဝေဖန်မှုတွေခံနေရပါတယ်။

ပရိသတ်အများစုကတော့ ကန်တိုနာရဲ့ဆိုးမွေကိုဆက်ခံခဲ့တာလားလို့ ရိုဂျိုကို မေးခွန်းထုတ်နေကြပါတယ်။ အသက် ၃၂ နှစ်အရွယ်နောက်ခံလူဟာ ၂၀၁၄ မှာ စပို့တင်းကနေ မန်ယူကို ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းနဲ့ ရောက်လာပြီး ၂၀၂၁ အထိ ကစားသွားခဲ့သူပါ။

(zawgyi)

ဒီေန႔ေခတ္မွာ အဲရစ္ကန္တိုနာရဲ႕ကမာၻေက်ာ္ကြန္ဖူးကစ္ကို မမီလိုက္ရင္ေတာင္ မွတ္တမ္းေတြနဲ႔ေတာ့ ရင္းႏွီးၿပီးသားျဖစ္ပါလိမ့္မယ္။ ၁၉၉၅ ခုႏွစ္တုန္းက ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲစဥ္မွာ သူ႔ကိုေလွာင္ေျပာင္တဲ့ ၿပိဳင္ဘက္ပရိသတ္မက္သ႐ူးဆမ္မြန္ကို

မန္ယူဂႏၴဝင္တိုက္စစ္မႉးႀကီးက ကြန္ဖူးကစ္နဲ႔ေျပးကန္ခဲ့တာပါ။ အဲဒီတုန္းကေတာ့ ကန္တိုနာဟာ ျပစ္ဒဏ္တစ္ရပ္အေနနဲ႔ လူမႈအက်ိဳးျပဳ ပရဟိတအလုပ္ေတြ နာရီ ၁၅၀ လုပ္ခဲ့ရပါတယ္။ ျပင္သစ္တိုက္စစ္မႉးႀကီးဟာ အခုေတာ့ ေဟာလီးဝုဒ္မွာ ဘဝသစ္တစ္ခုထူေထာင္ေနပါၿပီ။

ဒါေပမဲ့ သူ႔အေမြကို ဆက္ခံတဲ့ မန္ယူေနာက္ခံလူေဟာင္းတစ္ေယာက္ ေပၚလာပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ ၾကမ္းခဲ့ရမ္းခဲ့ဖူးတဲ့ မားကို႔စ္႐ိုဂ်ိဳပါပဲ။ ဘိုကာဂ်ဴနီယာအသင္းကို ေရာက္ေနတဲ့႐ိုဂ်ိဳဟာ ၿပီးခဲ့တဲ့ ေရးဗားပလိတ္နဲ႔

အာဂ်င္တီးနားစူပါကလက္စီကိုဒါဘီပြဲမွာ ကန္တိုနာဝိညဥ္ပူးသြားခဲ့ပါတယ္။ ပြဲၿပီးကာနီးမွာ ၿပိဳင္ဘက္ကစားသမား မားတီးယက္စ္ဆြာရက္ဇ္နဲ႔ ေလထဲမွာေဘာလုံးယွဥ္လုခဲ့တာပါ။ ဒါေပမဲ့ ဆြာရက္ဇ္လိုေတာ့ ေဘာလုံးကို ေခါင္းနဲ႔ခုန္တိုက္တာ မဟုတ္ပါဘူး။

ကန္တိုနာလို ကြန္ဖူးကစ္မ်ိဳးနဲ႔ ဆြာရက္ဇ္ေခါင္းကို ခုန္ကန္ခဲ့တာပါ။ ဒါေၾကာင့္ အနီကတ္နဲ႔ထုတ္ပယ္ခံခဲ့ရသလို ဆိုရွယ္မီဒီယာေပၚမွာလည္း ေဝဖန္မႈေတြခံေနရပါတယ္။ ပရိသတ္အမ်ားစုကေတာ့ ကန္တိုနာရဲ႕ဆိုးေမြကိုဆက္ခံခဲ့တာလားလို႔ ႐ိုဂ်ိဳကို

ေမးခြန္းထုတ္ေနၾကပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ေနာက္ခံလူဟာ ၂၀၁၄ မွာ စပို႔တင္းကေန မန္ယူကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၆ သန္းနဲ႔ ေရာက္လာၿပီး ၂၀၂၁ အထိ ကစားသြားခဲ့သူပါ။