ကန်တိုနာရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကို ရပ်ရှ်ဖို့ဒ် အမီလိုက်နိုင်ခဲ့

ဒီရာသီမှာ မယုံနိုင်လောက်အောင် ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့

မန်ချက်စတာယူနိုက်တက် တောင်ပံတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ
ဂန္ထဝင်တိုက်စစ်မှူး ကန်တိုနာရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကို
အမီလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်ကို (၃-ဝ)ဂိုးပြတ်နဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ
အဲရစ်ဆင်ရဲ့ ဘောလုံး IQ (၁၅၀၀)နဲ့ ပေးပို့ခဲ့တဲ့ ထောင့်ကန်ဘောကနေ
ရပ်ရှ်ဖို့ဒ်က ပိတ်သွင်းခဲ့တာဖြစ်ပြီး ဒီဂိုးဟာ သူ့အတွက် ယူနိုက်တက်
ကစားသမားဘ၀ ပရီးမီးယားလိဂ်(၆၄)ဂိုးမြောက်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလတုန်းက ကန်တိုနာရဲ့ ယူနိုက်တက်အသင်းအတွက်
ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက် (၈၂)ဂိုးကို ကျော်ဖြတ်နိုင်ခဲ့သူ ရပ်ရှ်ဖို့ဒ်ဟာ

အခုဆိုရင် ကန်တိုနာ သွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုးနဲ့ တူညီသွားပါတယ်။

ဒါပေမဲ့လည်း ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး

အများဆုံးအဖြစ် ရပ်တည်နေတဲ့ ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သူ ရွန်နီရဲ့ (၁၈၃)ဂိုး
စံချိန်ကို အမီလိုက်ဖို့တော့ နှစ်တွေအများကြီး အချိန်ယူရဦးမှာပါ။

ဒီရာသီမှာ ရပ်ရှ်ဖို့ဒ်က ပရီးမီးယားလိဂ်(၁၅)ပွဲကစား၊ (၅)ဂိုးသွင်းခဲ့သလို ပြိုင်ပွဲစုံမှာလည်း
(၂၁)ပွဲကစားပြီး (၁၀)ဂိုးသွင်းယူခဲ့တာကြောင့် ပြီးခဲ့တဲ့တစ်ရာသီလုံးက ပြိုင်ပွဲစုံ
(၃၂)ပွဲမှာ (၅)ဂိုးသာသွင်းယူနိုင်တဲ့ မှတ်တမ်းထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်
ပြသနေတာဖြစ်ပါတယ်။

[Zawgyi]

ဒီရာသီမွာ မယုံႏိုင္ေလာက္ေအာင္ ေျခစြမ္းျပဂိုးေတြသြင္းယူေနတဲ့
မန္ခ်က္စတာယူႏိုက္တက္ ေတာင္ပံတိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ
ဂႏၴဝင္တိုက္စစ္မႉး ကန္တိုနာရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုးအေရအတြက္ကို

အမီလိုက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို (၃-ဝ)ဂိုးျပတ္နဲ႔အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာ

အဲရစ္ဆင္ရဲ႕ ေဘာလုံး IQ (၁၅၀၀)နဲ႔ ေပးပို႔ခဲ့တဲ့ ေထာင့္ကန္ေဘာကေန
ရပ္ရွ္ဖို႔ဒ္က ပိတ္သြင္းခဲ့တာျဖစ္ၿပီး ဒီဂိုးဟာ သူ႔အတြက္ ယူႏိုက္တက္
ကစားသမားဘ၀ ပရီးမီးယားလိဂ္(၆၄)ဂိုးေျမာက္လည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ ေဖေဖာ္ဝါရီလတုန္းက ကန္တိုနာရဲ႕ ယူႏိုက္တက္အသင္းအတြက္
ၿပိဳင္ပြဲစုံသြင္းဂိုးအေရအတြက္ (၈၂)ဂိုးကို ေက်ာ္ျဖတ္ႏိုင္ခဲ့သူ ရပ္ရွ္ဖို႔ဒ္ဟာ
အခုဆိုရင္ ကန္တိုနာ သြင္းယူခဲ့တဲ့ ပရီးမီးယားလိဂ္သြင္းဂိုးနဲ႔ တူညီသြားပါတယ္။

ဒါေပမဲ့လည္း ရပ္ရွ္ဖို႔ဒ္ဟာ ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုး
အမ်ားဆုံးအျဖစ္ ရပ္တည္ေနတဲ့ ဂႏၴဝင္တိုက္စစ္မႉးတစ္ဦးျဖစ္သူ ႐ြန္နီရဲ႕ (၁၈၃)ဂိုး
စံခ်ိန္ကို အမီလိုက္ဖို႔ေတာ့ ႏွစ္ေတြအမ်ားႀကီး အခ်ိန္ယူရဦးမွာပါ။

ဒီရာသီမွာ ရပ္ရွ္ဖို႔ဒ္က ပရီးမီးယားလိဂ္(၁၅)ပြဲကစား၊ (၅)ဂိုးသြင္းခဲ့သလို ၿပိဳင္ပြဲစုံမွာလည္း
(၂၁)ပြဲကစားၿပီး (၁၀)ဂိုးသြင္းယူခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့တစ္ရာသီလုံးက ၿပိဳင္ပြဲစုံ

(၃၂)ပြဲမွာ (၅)ဂိုးသာသြင္းယူႏိုင္တဲ့ မွတ္တမ္းထက္ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္
ျပသေနတာျဖစ္ပါတယ္။