ကနေဒါအသင်းဟာ ၁၉၈၆ နောက်ပိုင်းမှာပထမဆုံးအကြိမ်အဖြစ်
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးတဲ့နောက် နည်းပြဂျွန်ဟက်ဒ်မန်းက
သူတို့အသင်းရဲ့အဆောင်လိုဖြစ်နေတဲ့ ခြေစစ်ပွဲကစားတိုင်းယူသွားတဲ့
ဓားအကြောင်းကိုထုတ်ပြောသွားပါတယ်။ ကနေဒါအသင်းဟာ
ကွန်ကာကက်ဖ်ဇုန်ခြေစစ်ပွဲမှာ အမေရိကန်နဲ့ မက္ကဆီ တို့လိုအသင်းတွေကို
ကျော်ပြီး အုပ်စုထိပ်ဆုံးမှာရပ်တည်ကာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ
အောင်မြင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာခြေစစ်ပွဲကစားတဲ့ပွဲတိုင်းကို
ဓားတစ်လက်ယူဆောင်သွားလေ့ရှိပြီး ဒီဓားမှာ ကာတာ ၂၀၂၂(Qatar 2022)
လို့ရေးထိုးထားတာပါ။ ဒီဓားဟာ မြောက်အမေရိကမှာ ရိုးရာအဆောင်လိုဖြစ်နေပြီး
ကံကောင်းမှုတွေကိုယူဆောင်ပေးတယ်လို့လည်းအယူရှိကြပါတယ်။
ကနေဒါဟာ ဂျမေကာအသင်းကို ၄ ဂိုးပြတ်နဲ့နိုင်ပြီးနောက် ကမ္ဘာ့ဖလားဆီ
တက်လှမ်းခွင့်ရရှိခဲ့တာပါ။ ကနေဒါဟာပြီးခဲ့တဲ့တစ်ပတ်က ကော်စတာရီကာနဲ့
အဝေးကွင်းကစားဖို့ သွားရောက်ချိန်မှာ သူတို့မှာပါလာတဲ့ ဓားကို
လေဆိပ်အကောက်ခွန်တာဝန်ရှိသူတွေက သိမ်းဆည်းခဲ့ပါတယ်။
ဒီဓားမပါဘဲကစားခဲ့ရာမှာသူတို့ဟာ အိမ်ရှင်ကော်စတာရီကာကို ၁-၀ နဲ့
ရှုံးနိမ့်ခဲ့ပြီး ဒါဟာခြေစစ်ပွဲတစ်လျှောက်သူတို့ရဲ့ တစ်ပွဲတည်းသောရှုံးနိမ့်မှုလည်းဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အပြန်ခရီးမှာတော့သူတို့ဓားကိုတာဝန်ရှိသူတွေက ပြန်ပေးခဲ့တယ်လို့လည်း
သိရပါတယ်။ နည်းပြဟက်ဒ်မန်းက”ဒီဓားက ကနေဒါအသစ် ‘New Canada’ ကို
ကိုယ်စားပြုတဲ့ အထိမ်းအမှတ်ပေါ့ဗျာ။ အသင်းသားတွေကို ငါတို့မှာဒိုင်းတစ်ခု
အမြဲတမ်းရှိနေပေမယ့် ဘယ်အရာကိုမှမကြောက်ဖို့အတွက် ဓားတစ်လက်
ဖန်တီးဖို့လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဘာမှမကြောက်ဘူးဆိုတာကို
လက်တင်လို ‘Nihil timendum est,’ လို့ခေါ်တာပေါ့ဗျာ။
ကနေဒါအသစ်အတွက်ဒီဓားကိုဆောင်ပြီး ကျွန်တော်တို့ကစားခဲ့တာပါ။
ဒီဓားပါသွားတာနဲ့ ဘယ်ကွင်းမဆိုကျွန်တော်တို့ကွင်းလိုဖြစ်သွားပြီး
ကနေဒါအသစ်ဖြစ်သွားတာပေါ့” လို့ပြောသွားပါတယ်။
ဂျမေကာနဲ့ပွဲမကစားခင်မှာ ဟက်ဒ်မန်းက” ဒီဓားကိုကျွန်တော်တို့ပြန်ရပြီဗျ။
ပြန်ရလာပြီဗျ” လို့ယုံကြည်စွာနဲ့ပြောခဲ့တဲ့အတိုင်း ၄ ဂိုးပြတ်နိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်ခဲ့တာပါ။
ကနေဒါဟာအရင်တုန်းကတော့ မြောက်အမေရိကမှာ ဒုတိယတန်းအဆင့်သာရှိခဲ့ပေမယ့်
အခုဆိုရင်ပိုမိုထက်မြတ်တဲ့အသင်းတစ်ခုဖြစ်လာပြီး ပြိုင်ဘက်အမေရိကန်ကို
ကျော်ကာခြေစစ်ပွဲအောင်ခဲ့လို့ သူတို့ဆောင်ထားတဲ့ဓားက အလုပ်ဖြစ်ခဲ့တယ်လို့လည်း
သုံးသပ်ကြပါတယ်။ သူတို့ရဲ့ဓားဟာလာမယ့်နိုဝင်ဘာလမှာကျင်းပမယ့်
ကာတာ ကမ္ဘာ့ဖလားမှာရော အလုပ်ဖြစ်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
zawgyi
ကနေဒါအသင်းရဲ့ ကံကောင်းစေတဲ့ လပ်ကီးဓား