ကတ်စ်မဲရိုး မပါလည်း ယူနိုက်တက်အသင်းကို သတိထားရင်ဆိုင်ရမှာဖြစ်တယ်လို့ အာတီတာ ဝန်ခံ

အာဆင်နယ်အသင်းနည်းပြအာတီတာက ကတ်စ်မဲရိုး ပွဲပယ်

ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ပေမယ့် မန်ချက်စတာယူနိုက်တက်မှာ
ကစားသမားကောင်းတွေရှိတဲ့အတွက် သတိထား ရင်ဆိုင်ရမှာ
ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မနက်ဖြန် မြန်မာစံတော်ချိန် ည(၁၁:၀၀)
အချိန်မှာ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအဖြစ်
လက်ခံကစားရမှာဖြစ်ပြီး အဆင့်(၂)နေရာက မန်စီးတီးကို အမှတ်
ထပ်ဖြတ်နိုင်အောင် နိုင်ပွဲရယူဖို့ လိုအပ်နေပါတယ်။

ယူနိုက်တက်အသင်းမှာ အဓိက,ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ
ခရစ္စတယ်ပဲလေ့နဲ့ပွဲတုန်းက အဝါကတ်ထိခဲ့ပြီး အဝါ(၅)ကြိမ်ပြည့်

သွားတဲ့အတွက် (၁)ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်လို့ အာဆင်နယ်နဲ့ပွဲမှာ
ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး(၁၂)ပွဲမှာ ကတ်စ်မဲရိုး
ပွဲထွက်ကစားခွင့်ရခဲ့သလို ယူနိုက်တက်တို့ (၈)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲသာ
ရှုံးနိမ့်ခဲ့တာကြောင့် သူ မပါဝင်နိုင်ရင် ယူနိုက်တက်အသင်းကွင်းလယ်ပိုင်း
အားနည်းချက်ရှိနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေထွက်ပေါ်နေပေမယ့်
အာတီတာကတော့ သူ့ ပြိုင်ဘက်ကို လျှော့မတွက်ဘဲ သတိထား

ရင်ဆိုင်သွားမှာဖြစ်ပါတယ်။

အာတီတာက “ပထမအကျော့ပွဲတုန်းက ကတ်စ်မဲရိုး မပါဝင်နိုင်ခဲ့ပေမယ့်

ကျွန်တော်တို့ နိုင်ပွဲရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်ရဲ့
ကစားသမားစုဖွဲ့မှုကို ကြည့်ရင် ပရီးမီးယားလိဂ်မှာ ဘယ်လို
ပြိုင်ဘက်မျိုးကိုမဆို အနိုင်ယူနိုင်တဲ့ အရည်အသွေးမြင့်ကစားသမားတွေ
ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ အခုပွဲမှာ ကတ်စ်မဲရိုး မပါနိုင်တာကို
ကြိုသိရတဲ့အတွက် ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် စီစဉ်

ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

အာဆင္နယ္အသင္းနည္းျပအာတီတာက ကတ္စ္မဲ႐ိုး ပြဲပယ္

ျပစ္ဒဏ္ေၾကာင့္ မပါဝင္ႏိုင္ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္မွာ
ကစားသမားေကာင္းေတြရွိတဲ့အတြက္ သတိထား ရင္ဆိုင္ရမွာ
ျဖစ္တယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ မနက္ျဖန္ ျမန္မာစံေတာ္ခ်ိန္ ည(၁၁:၀၀)
အခ်ိန္မွာ ယူႏိုက္တက္အသင္းကို ပရီးမီးယားလိဂ္အိမ္ကြင္းပြဲအျဖစ္
လက္ခံကစားရမွာျဖစ္ၿပီး အဆင့္(၂)ေနရာက မန္စီးတီးကို အမွတ္
ထပ္ျဖတ္ႏိုင္ေအာင္ ႏိုင္ပြဲရယူဖို႔ လိုအပ္ေနပါတယ္။

ယူႏိုက္တက္အသင္းမွာ အဓိက,ကြင္းလယ္လူ ကတ္စ္မဲ႐ိုးဟာ
ခရစၥတယ္ပဲေလ့နဲ႔ပြဲတုန္းက အဝါကတ္ထိခဲ့ၿပီး အဝါ(၅)ႀကိမ္ျပည့္

သြားတဲ့အတြက္ (၁)ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္လို႔ အာဆင္နယ္နဲ႔ပြဲမွာ
ပါဝင္ကစားႏိုင္မွာ မဟုတ္ပါဘူး။

ယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္ေနာက္ဆုံး(၁၂)ပြဲမွာ ကတ္စ္မဲ႐ိုး
ပြဲထြက္ကစားခြင့္ရခဲ့သလို ယူႏိုက္တက္တို႔ (၈)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၁)ပြဲသာ
ရႈံးနိမ့္ခဲ့တာေၾကာင့္ သူ မပါဝင္ႏိုင္ရင္ ယူႏိုက္တက္အသင္းကြင္းလယ္ပိုင္း
အားနည္းခ်က္ရွိႏိုင္တယ္ဆိုတဲ့ သုံးသပ္ခ်က္ေတြထြက္ေပၚေနေပမယ့္
အာတီတာကေတာ့ သူ႔ ၿပိဳင္ဘက္ကို ေလွ်ာ့မတြက္ဘဲ သတိထား

ရင္ဆိုင္သြားမွာျဖစ္ပါတယ္။

အာတီတာက “ပထမအေက်ာ့ပြဲတုန္းက ကတ္စ္မဲ႐ိုး မပါဝင္ႏိုင္ခဲ့ေပမယ့္

ကြၽန္ေတာ္တို႔ ႏိုင္ပြဲရေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ ယူႏိုက္တက္ရဲ႕
ကစားသမားစုဖြဲ႕မႈကို ၾကည့္ရင္ ပရီးမီးယားလိဂ္မွာ ဘယ္လို
ၿပိဳင္ဘက္မ်ိဳးကိုမဆို အႏိုင္ယူႏိုင္တဲ့ အရည္အေသြးျမင့္ကစားသမားေတြ
ပိုင္ဆိုင္ထားပါတယ္။ ဒါေပမဲ့ အခုပြဲမွာ ကတ္စ္မဲ႐ိုး မပါႏိုင္တာကို
ႀကိဳသိရတဲ့အတြက္ ကြၽန္ေတာ္တို႔ အေကာင္းဆုံးျဖစ္ေအာင္ စီစဥ္

ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။