
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူ
ကတ်စ်မဲရိုးဟာ ဆောက်သမ်တန်နဲ့ပွဲမှာ တိုက်ရိုက်အနီကတ်နဲ့အထုတ်
ခံခဲ့ရတာကြောင့် လာမယ့်ပွဲစဉ်(၄)ပွဲကို ပွဲပယ်ခံရဖို့ရှိနေပါပြီ။
ပွဲချိန်(၃၄)မိနစ်မှာ ဆောက်သမ်တန်ကွင်းလယ်လူ အယ်လ်ကာရက်ဇ်ကို
ကတ်စ်မဲရိုး အဝင်ကြမ်းခဲ့တာကြောင့် ဒိုင်လူကြီး အန်သိုနီတေလာက
အဝါကတ်ပြသခဲ့ပါတယ်။ ဒါပေမဲ့ VAR ဒိုင်လူကြီးအန်ဒရေမာရီနာက
အဲဒီအဖြစ်အပျက်ကို ပြန်ကြည့်ဖို့ တိုက်တွန်းခဲ့တာကြောင့်
အန်သိုနီတေလာဟာ ရုပ်သံကနေ ကြည့်ရှုပြီးတဲ့နောက် ကတ်စ်မဲရိုးရဲ့
အဝါကတ်ကို ပယ်ဖျက်ပြီး တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတွေအရ ကစားသမားတစ်ဦးဟာ ပထမအကြိမ်
တိုက်ရိုက်အနီကတ်ထိမယ်ဆိုရင် (၃)ပွဲပယ်ခံရမှာဖြစ်ပေမယ့် ဒုတိယအကြိမ်
တိုက်ရိုက်အနီပြသခံရမယ်ဆိုရင်တော့ (၁)ပွဲထပ်ပေါင်းပြီး (၄)ပွဲပယ်ခံရမှာ
ဖြစ်ပါတယ်။
အဲဒါကြောင့် ကတ်စ်မဲရိုးဟာ လာမယ့်တစ်ပတ်ကျရင် ဖူလ်ဟမ်နဲ့ကစားမယ့်
FA ဖလား ကွာတားဖိုင်နယ်၊ ဧပြီလအတွင်းကစားရမယ့် နယူးကာဆယ်
(အဝေး)၊ ဘရန့်ဖို့ဒ် (အိမ်)၊ အဲဗာတန် (အိမ်)တို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေကိုလည်း
လွဲချော်မှာပါ။
ဒီရာသီမှာ ယူနိုက်တက်အတွက် (၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅)ကြိမ်ပြုလုပ်ခဲ့သူ
ကတ်စ်မဲရိုးဟာ အသင်းကွင်းလယ်မှာ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်သလို
သူမပါနိုင်တဲ့ပွဲတွေဆို ယူနိုက်တက်တို့ ရုန်းကန်ရလေ့ရှိတယ်ဆိုတာ နာမည်ကျော်
Sky Sports သတင်းဌာနက အချက်အလက်တွေနဲ့ ဖော်ပြခဲ့ပါတယ်။
ကတ်စ်မဲရိုး ပါဝင်ကစားခဲ့တဲ့ (၃၇)ပွဲမှာ ယူနိုက်တက်အသင်းရဲ့ နိုင်ပွဲရာခိုင်နှုန်းက
(၇၆%)အထိရှိပြီး တစ်ပွဲပျမ်းမျှသွင်းဂိုး (၁.၉)ဂိုး၊ တစ်ပွဲပျမ်းမျှပေးဂိုး (ဝ.၉)သာ
ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ကတ်စ်မဲရိုး မပါနိုင်တဲ့ (၇)ပွဲမှာ ယူနိုက်တက်တို့ နိုင်ပွဲ
ရရှိမှုရာခိုင်နှုန်းက (၄၃%)သာရှိသလို၊ တစ်ပွဲပျမ်းမျှသွင်းဂိုး (၁.၇)ဂိုးနဲ့ တစ်ပွဲပျမ်းမျှ
ပေးဂိုးက (၁.၇)ဂိုးအထိ ရှိခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ FA ဖလားမှာ ဗိုလ်စွဲဖို့၊ ပရီးမီးယားလိဂ်အဆင့်(၄)
အတွင်း ရပ်တည်နိုင်အောင် ရုန်းကန်ရမယ့်အချိန်မှာ အဓိကကွင်းလယ်လူ
ကတ်စ်မဲရိုး ပွဲပယ်ခံရမှာဖြစ်လို့ နည်းပြအဲရစ်တန်ဟက်အတွက် ကြီးမားတဲ့
ထိုးနှက်ချက်ဖြစ်လာပါပြီ။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဘရာဇီးလ္ဝါရင့္ကြင္းလယ္လူ
ကတ္စ္မဲ႐ိုးဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္
ခံခဲ့ရတာေၾကာင့္ လာမယ့္ပြဲစဥ္(၄)ပြဲကို ပြဲပယ္ခံရဖို႔ရွိေနပါၿပီ။
ပြဲခ်ိန္(၃၄)မိနစ္မွာ ေဆာက္သမ္တန္ကြင္းလယ္လူ အယ္လ္ကာရက္ဇ္ကို
ကတ္စ္မဲ႐ိုး အဝင္ၾကမ္းခဲ့တာေၾကာင့္ ဒိုင္လူႀကီး အန္သိုနီေတလာက
အဝါကတ္ျပသခဲ့ပါတယ္။ ဒါေပမဲ့ VAR ဒိုင္လူႀကီးအန္ဒေရမာရီနာက
အဲဒီအျဖစ္အပ်က္ကို ျပန္ၾကည့္ဖို႔ တိုက္တြန္းခဲ့တာေၾကာင့္
အန္သိုနီေတလာဟာ ႐ုပ္သံကေန ၾကည့္ရႈၿပီးတဲ့ေနာက္ ကတ္စ္မဲ႐ိုးရဲ႕
အဝါကတ္ကို ပယ္ဖ်က္ၿပီး တိုက္႐ိုက္အနီကတ္နဲ႔ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ စည္းမ်ဥ္းေတြအရ ကစားသမားတစ္ဦးဟာ ပထမအႀကိမ္
တိုက္႐ိုက္အနီကတ္ထိမယ္ဆိုရင္ (၃)ပြဲပယ္ခံရမွာျဖစ္ေပမယ့္ ဒုတိယအႀကိမ္
တိုက္႐ိုက္အနီျပသခံရမယ္ဆိုရင္ေတာ့ (၁)ပြဲထပ္ေပါင္းၿပီး (၄)ပြဲပယ္ခံရမွာ
ျဖစ္ပါတယ္။
အဲဒါေၾကာင့္ ကတ္စ္မဲ႐ိုးဟာ လာမယ့္တစ္ပတ္က်ရင္ ဖူလ္ဟမ္နဲ႔ကစားမယ့္
FA ဖလား ကြာတားဖိုင္နယ္၊ ဧၿပီလအတြင္းကစားရမယ့္ နယူးကာဆယ္
(အေဝး)၊ ဘရန႔္ဖို႔ဒ္ (အိမ္)၊ အဲဗာတန္ (အိမ္)တို႔နဲ႔ ပရီးမီးယားလိဂ္ပြဲေတြကိုလည္း
လြဲေခ်ာ္မွာပါ။
ဒီရာသီမွာ ယူႏိုက္တက္အတြက္ (၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၅)ႀကိမ္ျပဳလုပ္ခဲ့သူ
ကတ္စ္မဲ႐ိုးဟာ အသင္းကြင္းလယ္မွာ အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္သလို
သူမပါႏိုင္တဲ့ပြဲေတြဆို ယူႏိုက္တက္တို႔ ႐ုန္းကန္ရေလ့ရွိတယ္ဆိုတာ နာမည္ေက်ာ္
Sky Sports သတင္းဌာနက အခ်က္အလက္ေတြနဲ႔ ေဖာ္ျပခဲ့ပါတယ္။
ကတ္စ္မဲ႐ိုး ပါဝင္ကစားခဲ့တဲ့ (၃၇)ပြဲမွာ ယူႏိုက္တက္အသင္းရဲ႕ ႏိုင္ပြဲရာခိုင္ႏႈန္းက
(၇၆%)အထိရွိၿပီး တစ္ပြဲပ်မ္းမွ်သြင္းဂိုး (၁.၉)ဂိုး၊ တစ္ပြဲပ်မ္းမွ်ေပးဂိုး (ဝ.၉)သာ
ရွိခဲ့ပါတယ္။ ဒါေပမဲ့လည္း ကတ္စ္မဲ႐ိုး မပါႏိုင္တဲ့ (၇)ပြဲမွာ ယူႏိုက္တက္တို႔ ႏိုင္ပြဲ
ရရွိမႈရာခိုင္ႏႈန္းက (၄၃%)သာရွိသလို၊ တစ္ပြဲပ်မ္းမွ်သြင္းဂိုး (၁.၇)ဂိုးနဲ႔ တစ္ပြဲပ်မ္းမွ်
ေပးဂိုးက (၁.၇)ဂိုးအထိ ရွိခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ FA ဖလားမွာ ဗိုလ္စြဲဖို႔၊ ပရီးမီးယားလိဂ္အဆင့္(၄)
အတြင္း ရပ္တည္ႏိုင္ေအာင္ ႐ုန္းကန္ရမယ့္အခ်ိန္မွာ အဓိကကြင္းလယ္လူ
ကတ္စ္မဲ႐ိုး ပြဲပယ္ခံရမွာျဖစ္လို႔ နည္းျပအဲရစ္တန္ဟက္အတြက္ ႀကီးမားတဲ့
ထိုးႏွက္ခ်က္ျဖစ္လာပါၿပီ။