ကတ်စ်မဲရိုး မပါနိုင်ပေမယ့် အာဆင်နယ်ကို အနိုင်ကစားမယ်လို့ ဘရူနိုဖာနန်ဒက်စ် ကြုံးဝါး

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သရေကျခဲ့ပေမယ့် အဲဒီပွဲရလဒ်အပေါ်
စိတ်ထိခိုက်နေမှာမဟုတ်ဘဲ လာမယ့်အာဆင်နယ်နဲ့ပွဲကျရင်
အနိုင်ကစားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ (၁-၁)ဂိုးစီသရေကျ
ခဲ့တာကြောင့် (၉)ပွဲဆက်နိုင်ပွဲမှတ်တမ်း ရပ်တန့်ခဲ့သလို အာဆင်နယ်နဲ
အမှတ်ကွာဟချက်ကို (၆)မှတ်အထိ လျှော့ချနိုင်မယ့် အခွင့်အရေးကိုလည်း
လက်လွှတ်ခဲ့ရပြီး နောက်ထပ်ထိုးနှက်ချက်က အဓိကကွင်းလယ်လူ

ကတ်စ်မဲရိုး ပွဲပယ်ခံရမှာဖြစ်လို့ အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ဘရူနိုဖာနန်ဒက်စ်က “ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ

သရေကျခဲ့တာက အသင်းအပေါ် ဘာမှ ဆိုးဆိုးရွားရွား ထိခိုက်မှု မရှိပါဘူး။
ကိုယ်လိုချင်တဲ့ ရလဒ်မျိုး မဟုတ်ပေမယ့် အဲဒီအတွက် ကျွန်တော်တို့တွေ
စိတ်ထိခိုက်ကြေကွဲနေလို့ မဖြစ်ပါဘူး။

ကျွန်တော်တို့အသင်းဟာ အကောင်းဆုံးပုံစံရနေသလို ကစားသမားတွေကလည်း
ယုံကြည်မှုအပြည့်နဲ့ ခြေစွမ်းပြကစားနေပါတယ်။ အခုပွဲမှာ
အမှားလုပ်ခဲ့သလို လာမယ့်ပွဲကျရင် ထပ်ပြီးလုပ်လို့ မရဘူးဆိုတာ အားလုံး
သဘောပေါက်ထားပါတယ်။ လာမယ့် အာဆင်နယ်နဲ့အဝေးကွင်းပွဲမှာ

အနိုင်ရအောင် ကြိုးစားသွားမှဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က

ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ သေရက်ခဲ့ေပမယ့္ အဲဒီပြဲရလဒ္အေပၚ
စိတ္ထိခိုက္ေနမွာမဟုတ္ဘဲ လာမယ့္အာဆင္နယ္နဲ႔ပြဲက်ရင္
အႏိုင္ကစားမယ္လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ (၁-၁)ဂိုးစီသေရက်
ခဲ့တာေၾကာင့္ (၉)ပြဲဆက္ႏိုင္ပြဲမွတ္တမ္း ရပ္တန႔္ခဲ့သလို အာဆင္နယ္နဲ
အမွတ္ကြာဟခ်က္ကို (၆)မွတ္အထိ ေလွ်ာ့ခ်ႏိုင္မယ့္ အခြင့္အေရးကိုလည္း
လက္လႊတ္ခဲ့ရၿပီး ေနာက္ထပ္ထိုးႏွက္ခ်က္က အဓိကကြင္းလယ္လူ

ကတ္စ္မဲ႐ိုး ပြဲပယ္ခံရမွာျဖစ္လို႔ အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္ႏိုင္မွာ မဟုတ္ပါဘူး။

ဒါေပမဲ့လည္း ဘ႐ူႏိုဖာနန္ဒက္စ္က “ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ

သေရက်ခဲ့တာက အသင္းအေပၚ ဘာမွ ဆိုးဆိုး႐ြား႐ြား ထိခိုက္မႈ မရွိပါဘူး။
ကိုယ္လိုခ်င္တဲ့ ရလဒ္မ်ိဳး မဟုတ္ေပမယ့္ အဲဒီအတြက္ ကြၽန္ေတာ္တို႔ေတြ
စိတ္ထိခိုက္ေၾကကြဲေနလို႔ မျဖစ္ပါဘူး။

ကြၽန္ေတာ္တို႔အသင္းဟာ အေကာင္းဆုံးပုံစံရေနသလို ကစားသမားေတြကလည္း
ယုံၾကည္မႈအျပည့္နဲ႔ ေျခစြမ္းျပကစားေနပါတယ္။ အခုပြဲမွာ
အမွားလုပ္ခဲ့သလို လာမယ့္ပြဲက်ရင္ ထပ္ၿပီးလုပ္လို႔ မရဘူးဆိုတာ အားလုံး
သေဘာေပါက္ထားပါတယ္။ လာမယ့္ အာဆင္နယ္နဲ႔အေဝးကြင္းပြဲမွာ

အႏိုင္ရေအာင္ ႀကိဳးစားသြားမွျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။