ကတ်စ်မဲရိုးရဲ့ လှပတဲ့ဂိုးတွေနဲ့ ဘရာဇီးလ်သားတွေ ခြေစွမ်းပြပြီး ရက်ဒင်းကို အနိုင်ယူခဲ့တဲ့ ယူနိုက်တက်

ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်ကို ကျော်ဖြတ်ပြီး သတင်းလူသားဖြစ်ခဲ့တာက

ကတ်စ်မဲရိုးဖြစ်ပြီး ကွင်းလယ်ခံစစ်ကစားသမားမဟုတ်ဘဲ
တိုက်စစ်မှူးတစ်ယောက်လားလို့တောင် ထင်မှတ်ရလောက်တဲ့
အထိ အဆင့်တန်းမြင့်တဲ့ဂိုးတွေသွင်းပြခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က Entertainment ပေးနိုင်သလို
Effective လည်းဖြစ်တာကို တွေ့ရတယ်။ ပြိုင်ဘက်က ရက်ဒင်း
ဖြစ်နေတာကြောင့်လို့ ဆင်ခြေပေးစရာရှိပေမယ့် ဒီလိုခြေစွမ်းမျိုးကို
ပွဲတိုင်းလိုလိုမှာ မြင်တွေ့ရနေတာက ကျေနပ်စရာဖြစ်ပြီး

အဲရစ်တန်ဟက်လက်အောက်မှာ အသင်းရဲ့ကစားပုံ လုံးဝကို ပြောင်းလဲ
သွားတာက ဘယ်သူမှမငြင်းနိုင်ပါဘူး။

ပထမပိုင်းမှာကတည်းက ယူနိုက်တက်တို့ တစ်ဖက်သတ်ဖိကစားပြီး
ဂိုးပေါက်ကန်သွင်းမှု(၁၀)ကြိမ်လောက်ရှိခဲ့ပေမယ့် အန်တိုနီနဲ့
ဘရူနိုဖာနန်ဒက်စ်တို့ အပြိုင်အဆိုင် တလွဲကန်နေသလို ရပ်ရှ်ဖို့ဒ်ရဲ့
ဂိုးကိုလည်း VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့်
ဂိုးမရခဲ့ဘူး။

ဒုတိယပိုင်း(၅၄)မိနစ်မှာ အန်တိုနီရဲ့ ပါးပါးနပ်နပ် ခင်းပေးလိုက်တဲ့ဘောလုံးကို
ကတ်စ်မဲရိုးက အသာလေး Chip လုပ်ပြီးတော့ သွင်းယူခဲ့ပါတယ်။

ဒီဂိုးဟာ အန်တိုနီနဲ့ ကတ်စ်မဲရိုးတို့ရဲ့ နားလည်မှု၊ ကတ်စ်မဲရိုးရဲ့
သေသပ်လှပတဲ့ အဆုံးသတ်စွမ်းရည်ကြောင့် ရခဲ့တာလို့လည်းပြောရမယ်။

(၄)မိနစ်အကြာမှာပဲ ယူနိုက်တက် ဂိုးထပ်ရပြီး ဖရက်ဒ် တို့ပေးလိုက်တာကို
ကတ်စ်မဲရိုးက ပယ်နယ်တီဧရိယာနဲ့ ခပ်လှမ်းလှမ်းကနေ လှပတဲ့
အဝေးကန်ချက်နဲ့ သွင်းယူခဲ့ပါတယ်။ ယူနိုက်တက်အတွက်
တတိယဂိုးကို ထောင့်ကန်ဘောကို ခပ်မြန်မြန်စတင်ပြီး ဘရူနိုဖာနန်ဒက်စ်
ချိုးပေးလိုက်တာကနေ ဖရက်ဒ်ကလည်း နောက်ပေါက်လေးနဲ့

အစွမ်းပြပြီးတော့ သွင်းခဲ့တာဖြစ်ပါတယ်။

ရက်ဒင်းအသင်းအတွက် ချေပဂိုးကိုတော့ (၇၂)မိနစ်မှာ ထောင့်ကန်ဘောက

တစ်ဆင့် အန်ဘန်ဂေးက ခေါင်းတိုက်သွင်းယူခဲ့ပြီး ပွဲအပြီးမှာ ယူနိုက်တက်တို့
(၃-၁)ဂိုးနဲ့အနိုင်ရခဲ့လို့ FA ဖလား ပဉ္စမအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

[Zawgyi]

ဒီပြဲမွာ ရပ္ရွ္ဖို႔ဒ္ကို ေက်ာ္ျဖတ္ၿပီး သတင္းလူသားျဖစ္ခဲ့တာက
ကတ္စ္မဲ႐ိုးျဖစ္ၿပီး ကြင္းလယ္ခံစစ္ကစားသမားမဟုတ္ဘဲ
တိုက္စစ္မႉးတစ္ေယာက္လားလို႔ေတာင္ ထင္မွတ္ရေလာက္တဲ့
အထိ အဆင့္တန္းျမင့္တဲ့ဂိုးေတြသြင္းျပခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ စြမ္းေဆာင္ရည္က Entertainment ေပးႏိုင္သလို
Effective လည္းျဖစ္တာကို ေတြ႕ရတယ္။ ၿပိဳင္ဘက္က ရက္ဒင္း
ျဖစ္ေနတာေၾကာင့္လို႔ ဆင္ေျခေပးစရာရွိေပမယ့္ ဒီလိုေျခစြမ္းမ်ိဳးကို

ပြဲတိုင္းလိုလိုမွာ ျမင္ေတြ႕ရေနတာက ေက်နပ္စရာျဖစ္ၿပီး
အဲရစ္တန္ဟက္လက္ေအာက္မွာ အသင္းရဲ႕ကစားပုံ လုံးဝကို ေျပာင္းလဲ
သြားတာက ဘယ္သူမွမျငင္းႏိုင္ပါဘူး။

ပထမပိုင္းမွာကတည္းက ယူႏိုက္တက္တို႔ တစ္ဖက္သတ္ဖိကစားၿပီး
ဂိုးေပါက္ကန္သြင္းမႈ(၁၀)ႀကိမ္ေလာက္ရွိခဲ့ေပမယ့္ အန္တိုနီနဲ႔
ဘ႐ူႏိုဖာနန္ဒက္စ္တို႔ အၿပိဳင္အဆိုင္ တလြဲကန္ေနသလို ရပ္ရွ္ဖို႔ဒ္ရဲ႕
ဂိုးကိုလည္း VAR က လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့တာေၾကာင့္

ဂိုးမရခဲ့ဘူး။

ဒုတိယပိုင္း(၅၄)မိနစ္မွာ အန္တိုနီရဲ႕ ပါးပါးနပ္နပ္ ခင္းေပးလိုက္တဲ့ေဘာလုံးကို

ကတ္စ္မဲ႐ိုးက အသာေလး Chip လုပ္ၿပီးေတာ့ သြင္းယူခဲ့ပါတယ္။
ဒီဂိုးဟာ အန္တိုနီနဲ႔ ကတ္စ္မဲ႐ိုးတို႔ရဲ႕ နားလည္မႈ၊ ကတ္စ္မဲ႐ိုးရဲ႕
ေသသပ္လွပတဲ့ အဆုံးသတ္စြမ္းရည္ေၾကာင့္ ရခဲ့တာလို႔လည္းေျပာရမယ္။

(၄)မိနစ္အၾကာမွာပဲ ယူႏိုက္တက္ ဂိုးထပ္ရၿပီး ဖရက္ဒ္ တို႔ေပးလိုက္တာကို
ကတ္စ္မဲ႐ိုးက ပယ္နယ္တီဧရိယာနဲ႔ ခပ္လွမ္းလွမ္းကေန လွပတဲ့
အေဝးကန္ခ်က္နဲ႔ သြင္းယူခဲ့ပါတယ္။ ယူႏိုက္တက္အတြက္
တတိယဂိုးကို ေထာင့္ကန္ေဘာကို ခပ္ျမန္ျမန္စတင္ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္

ခ်ိဳးေပးလိုက္တာကေန ဖရက္ဒ္ကလည္း ေနာက္ေပါက္ေလးနဲ႔
အစြမ္းျပၿပီးေတာ့ သြင္းခဲ့တာျဖစ္ပါတယ္။

ရက္ဒင္းအသင္းအတြက္ ေခ်ပဂိုးကိုေတာ့ (၇၂)မိနစ္မွာ ေထာင့္ကန္ေဘာက
တစ္ဆင့္ အန္ဘန္ေဂးက ေခါင္းတိုက္သြင္းယူခဲ့ၿပီး ပြဲအၿပီးမွာ ယူႏိုက္တက္တို႔
(၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့လို႔ FA ဖလား ပၪၥမအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။