
မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ အဓိက,ကွင်းလယ်လူ
ကတ်စ်မဲရိုး ပွဲပယ်ပြစ်ဒဏ်ကြောင့် အာဆင်နယ်နဲ့ကစားမယ့်ပွဲကို
မလွဲချော်စေဖို့အတွက် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အနားပေးဖို့
တောင်းဆိုနေကြပါတယ်။
ဒီရာသီအစကမှ ရီးယဲလ်ကနေ ပေါင်သန်း(၇၀)နဲ့ ယူနိုက်တက်ကို
ပြောင်းရွှေ့ခဲ့သူ ဘရာဇီးလ်ဝါရင့်ကွင်းလယ်ကစားသမား
ကတ်စ်မဲရိုးဟာ အခုနောက်ပိုင်းပွဲတွေမှာ အဓိက,ကစားသမားအဖြစ်
ခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီညမှာ ပရီးမီးယားလိဂ်အဝေးကွင်းအဖြစ်
ခရစ္စပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားဖို့ရှိပြီး အဲဒါပြီးရင် (၄)ရက်အကြာမှာ
ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် အာဆင်နယ်နဲ့ အီမရိတ်စ်ကွင်းမှာ
သွားရောက်ကစားရမှာပါ။
အဲရစ်တန်ဟက်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကတ်စ်မဲရိုးကို ပွဲထွက်သုံးဖို့
ရှိပေမယ့် ပရိသတ်တွေက ကတ်စ်မဲရိုး အဝါကတ်ထိပြီး အာဆင်နယ်နဲ့ပွဲ
လွဲချော်မှာကို စိုးရိမ်တကြီးဖြစ်နေကြပါတယ်။
ကတ်စ်မဲရိုးဟာ အခုလောလောဆယ် အဝါကတ်(၄)ကြိမ်ပြသခံခဲ့ရပြီး
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အဝါကတ် အပြခံရမယ်ဆိုရင် ပရီးမီးယားလိဂ်
စည်းမျဉ်းတွေအရ (၁)ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေက ‘ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကတ်စ်မဲရိုးကို
အနားပေးသင့်ပါတယ်’၊ ‘အဝါကတ်ထိတာနဲ့ ကတ်စ်မဲရိုးဟာ အာဆင်နယ်နဲ့
အဝေးကွင်းပွဲကို လွဲချော်မှာဖြစ်ပြီး သူ့ကို စွန့်စားမသုံးသင့်ပါဘူး’၊
‘ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရဖို့အတွက် ကတ်စ်မဲရိုး မလိုပါဘူး . .တွမ်မီနေးနဲ့
အဲရစ်ဆင်ကို ပွဲထွက်အသုံးပြုသင့်ပါတယ်’လို့ အွန်လိုင်းမှာ ရေးသားခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြဟာ အဓိက,ကြင္းလယ္လူ
ကတ္စ္မဲ႐ိုး ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အာဆင္နယ္နဲ႔ကစားမယ့္ပြဲကို
မလြဲေခ်ာ္ေစဖို႔အတြက္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ အနားေပးဖို႔
ေတာင္းဆိုေနၾကပါတယ္။
ဒီရာသီအစကမွ ရီးယဲလ္ကေန ေပါင္သန္း(၇၀)နဲ႔ ယူႏိုက္တက္ကို
ေျပာင္းေ႐ႊ႕ခဲ့သူ ဘရာဇီးလ္ဝါရင့္ကြင္းလယ္ကစားသမား
ကတ္စ္မဲ႐ိုးဟာ အခုေနာက္ပိုင္းပြဲေတြမွာ အဓိက,ကစားသမားအျဖစ္
ေျခစြမ္းျပကစားေနတာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ ဒီညမွာ ပရီးမီးယားလိဂ္အေဝးကြင္းအျဖစ္
ခရစၥပဲေလ့စ္နဲ႔ ယွဥ္ၿပိဳင္ကစားဖို႔ရွိၿပီး အဲဒါၿပီးရင္ (၄)ရက္အၾကာမွာ
ပရီးမီးယားလိဂ္ ပြဲႀကီးပြဲေကာင္းအျဖစ္ အာဆင္နယ္နဲ႔ အီမရိတ္စ္ကြင္းမွာ
သြားေရာက္ကစားရမွာပါ။
အဲရစ္တန္ဟက္ဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ကတ္စ္မဲ႐ိုးကို ပြဲထြက္သုံးဖို႔
ရွိေပမယ့္ ပရိသတ္ေတြက ကတ္စ္မဲ႐ိုး အဝါကတ္ထိၿပီး အာဆင္နယ္နဲ႔ပြဲ
လြဲေခ်ာ္မွာကို စိုးရိမ္တႀကီးျဖစ္ေနၾကပါတယ္။
ကတ္စ္မဲ႐ိုးဟာ အခုေလာေလာဆယ္ အဝါကတ္(၄)ႀကိမ္ျပသခံခဲ့ရၿပီး
ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ အဝါကတ္ အျပခံရမယ္ဆိုရင္ ပရီးမီးယားလိဂ္
စည္းမ်ဥ္းေတြအရ (၁)ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္ပါတယ္။
ယူႏိုက္တက္ပရိသတ္ေတြက ‘ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ကတ္စ္မဲ႐ိုးကို
အနားေပးသင့္ပါတယ္’၊ ‘အဝါကတ္ထိတာနဲ႔ ကတ္စ္မဲ႐ိုးဟာ အာဆင္နယ္နဲ႔
အေဝးကြင္းပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး သူ႔ကို စြန႔္စားမသုံးသင့္ပါဘူး’၊
‘ခရစၥတယ္ပဲေလ့စ္ကို အႏိုင္ရဖို႔အတြက္ ကတ္စ္မဲ႐ိုး မလိုပါဘူး . .တြမ္မီေနးနဲ႔
အဲရစ္ဆင္ကို ပြဲထြက္အသုံးျပဳသင့္ပါတယ္’လို႔ အြန္လိုင္းမွာ ေရးသားခဲ့ပါတယ္။