ကတ္တီပါလမ်းခွဲအတွက် ဘရိုက်တန်ပရိသတ်တွေဆီ အသနားခံလိုက်တဲ့ ပေါ်တာရဲ့ အိတ်ဖွင့်ပေးစာ

၃ နှစ်ကြာ လက်တွဲခဲ့တဲ့ ဘရိုက်တန်အသင်းကို စိုနေတဲ့လက် မခြောက်ခင်မှာ တင် ပစ်ထားမိသလို ဖြစ်သွားခဲ့တဲ့အတွက် ချဲလ်ဆီးနည်းပြသစ် ဂရေဟမ် ပေါ်တာက အသင်းဟောင်း ပရိသတ်တွေကို အသနားခံခဲ့ပါတယ်။ ပေါ်တာရဲ့ လုပ်ရပ်ဟာ ဘရိုက်တန်အသင်းရဲ့ တည်ငြိမ်နေတဲ့ခြေစွမ်းကို

အနည်းနဲ့ အများဆိုသလို သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ အင်္ဂလန်သားဟာ လန်ဒန်ကို သူတစ်ယောက်တည်း ပြောင်းလာတာမျိုး မ ဟုတ်ဘဲ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေဖြစ်ကြတဲ့ လက်ထောက်နည်းပြ ဘီလီရိဒ်၊ ပထမအသင်းနည်းပြ ဗြွန်ဟမ်းဘတ်၊

ဘရူနိုနဲ့ နောက်ထပ် နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုင်လီမက်အော်လေးတို့ကို အပါခေါ်သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တာဟာ သူ့ရဲ့ လုပ်ရပ်အတွက် ချက်ချင်းဆိုသလို ပရိသတ်တွေ ကို တောင်းပန်ခဲ့တာဖြစ်ပြီး

သူ့ရဲ့ အိတ်ဖွင့်ပေးစာကို ဘရိုက်တန်အသင်း တရားဝင်ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ပရိသတ်တွေဆီအရောက်ပို့ပေးခဲ့ပါ တယ်။ ‘’ကျွန်တော့်ရဲ့ဘဝကို ပြောင်းလဲစေခဲ့တဲ့ အံ့အားသင့်စရာ သုံးနှစ်တာ ကာလရှိခဲ့ပါတယ်။

ကျွန်တော်ကျင်လည်ခဲ့တဲ့အခိုက်မှာ ဒီလိုမျိုး ထူးခြားတဲ့ ကာလအပိုင်းအခြားတစ်ခုဖြစ်အောင် လုပ်ပေးခဲ့တဲ့ ပရိသတ် တစ်ယောက် ချင်းစီတိုင်းကို နှုတ်ဆက်ပါတယ်လို့ ပြောပါရစေ။ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းကို ကျွန်တော် နှုတ်ခွန်းဆက်စကား ဆိုတာဖြစ်ပြီး

အဲဒီ အသင်းဟာ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မိသားစုအပေါ်မှာ အမြဲတမ်း သက် ရောက်မှုရှိနေတော့မှာပါ။ ဘောလုံးမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲရတာ မျိုးတွေက  လက်ခံဖို့တော့ ခက်ပါတယ်။ ကျွန်တော့်ရဲ့ လမ်းခွဲမှုအတွက် ခွင့် လွှတ်ပေးဖို့အတွက် ခင်ဗျားတို့ကို

သွေးဆောင်ဖြားယောင်းနိုင်စွမ်း ကျွန်တော့် မှာ မရှိပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ပရိသတ်အားလုံးကို ကျွန်တော် ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ်။ အသင်းကောင်းတိုင်းဟာ ကောင်းမွန် တဲ့ ပိုင်ရှင်တွေနဲ့ ပရိသတ်တွေ လိုအပ်ပါတယ်။ ဘရိုက်တန်မှာ အဲဒီနှစ်ခုစလုံး ပိုင်ဆိုင်ထားတယ်။

ဒီလိုအခြေအနေမျိုးမှာ ကျွန်တော့်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး နားလည်ပေးနိုင်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အခွင့်အရေးသစ်တစ်ခုကို ကျွန်တော် ဖမ်းဆုပ်လိုက်တာ ဖြစ်တယ်လို့ပဲ ကျွန်တော် ခံယူပါတယ်’’ လို့ အဲဒီအိတ်ဖွင့်ပေးစာထဲမှာ ပေါ်တာက ရေးသားခဲ့ပါတယ်။

(zawgyi)

၃ ႏွစ္ၾကာ လက္တြဲခဲ့တဲ့ ဘ႐ိုက္တန္အသင္းကို စိုေနတဲ့လက္ မေျခာက္ခင္မွာ တင္ ပစ္ထားမိသလို ျဖစ္သြားခဲ့တဲ့အတြက္ ခ်ဲလ္ဆီးနည္းျပသစ္ ဂေရဟမ္ ေပၚတာက အသင္းေဟာင္း ပရိသတ္ေတြကို အသနားခံခဲ့ပါတယ္။ ေပၚတာရဲ႕ လုပ္ရပ္ဟာ ဘ႐ိုက္တန္အသင္းရဲ႕ တည္ၿငိမ္ေနတဲ့ေျခစြမ္းကို

အနည္းနဲ႔ အမ်ားဆိုသလို သက္ေရာက္မႈရွိမွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီ အဂၤလန္သားဟာ လန္ဒန္ကို သူတစ္ေယာက္တည္း ေျပာင္းလာတာမ်ိဳး မ ဟုတ္ဘဲ သူ႔ရဲ႕ နည္းျပအဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ လက္ေထာက္နည္းျပ ဘီလီရိဒ္၊

ပထမအသင္းနည္းျပ ႁဗြန္ဟမ္းဘတ္၊ ဘ႐ူႏိုနဲ႔ ေနာက္ထပ္ နည္းျပအဖြဲ႕ဝင္ တစ္ဦးျဖစ္တဲ့ ကိုင္လီမက္ေအာ္ေလးတို႔ကို အပါေခၚသြားခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ေပၚတာဟာ သူ႔ရဲ႕ လုပ္ရပ္အတြက္ ခ်က္ခ်င္းဆိုသလို ပရိသတ္ေတြ ကို ေတာင္းပန္ခဲ့တာျဖစ္ၿပီး

သူ႔ရဲ႕ အိတ္ဖြင့္ေပးစာကို ဘ႐ိုက္တန္အသင္း တရားဝင္ဝက္ဘ္ဆိုက္ကေနတစ္ဆင့္ ပရိသတ္ေတြဆီအေရာက္ပို႔ေပးခဲ့ပါ တယ္။ ‘’ကြၽန္ေတာ့္ရဲ႕ဘဝကို ေျပာင္းလဲေစခဲ့တဲ့ အံ့အားသင့္စရာ သုံးႏွစ္တာ ကာလရွိခဲ့ပါတယ္။ ကြၽန္ေတာ္က်င္လည္ခဲ့တဲ့အခိုက္မွာ

ဒီလိုမ်ိဳး ထူးျခားတဲ့ ကာလအပိုင္းအျခားတစ္ခုျဖစ္ေအာင္ လုပ္ေပးခဲ့တဲ့ ပရိသတ္ တစ္ေယာက္ ခ်င္းစီတိုင္းကို ႏႈတ္ဆက္ပါတယ္လို႔ ေျပာပါရေစ။ ႀကီးက်ယ္ခမ္းနားတဲ့ အသင္းတစ္သင္းကို ကြၽန္ေတာ္ ႏႈတ္ခြန္းဆက္စကား ဆိုတာျဖစ္ၿပီး အဲဒီ အသင္းဟာ

ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ရဲ႕ မိသားစုအေပၚမွာ အၿမဲတမ္း သက္ ေရာက္မႈရွိေနေတာ့မွာပါ။ ေဘာလုံးမွာ ႐ုတ္တရက္ဆိုသလို ေျပာင္းလဲရတာ မ်ိဳးေတြက လက္ခံဖို႔ေတာ့ ခက္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ လမ္းခြဲမႈအတြက္ ခြင့္ လႊတ္ေပးဖို႔အတြက္ ခင္ဗ်ားတို႔ကို

ေသြးေဆာင္ျဖားေယာင္းႏိုင္စြမ္း ကြၽန္ေတာ့္ မွာ မရွိပါဘူး။ ဒါေပမဲ့ အနည္းဆုံးေတာ့ ပရိသတ္အားလုံးကို ကြၽန္ေတာ္ ေက်းဇူးအထူးတင္ေၾကာင္း ေျပာလိုပါတယ္။ အသင္းေကာင္းတိုင္းဟာ ေကာင္းမြန္ တဲ့ ပိုင္ရွင္ေတြနဲ႔ ပရိသတ္ေတြ လိုအပ္ပါတယ္။ ဘ႐ိုက္တန္မွာ အဲဒီႏွစ္ခုစလုံး ပိုင္ဆိုင္ထားတယ္။

ဒီလိုအေျခအေနမ်ိဳးမွာ ကြၽန္ေတာ့္ရဲ႕ ဘဝျဖတ္သန္းမႈနဲ႔ ပတ္သက္ၿပီး နားလည္ေပးႏိုင္ၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ အခြင့္အေရးသစ္တစ္ခုကို ကြၽန္ေတာ္ ဖမ္းဆုပ္လိုက္တာ ျဖစ္တယ္လို႔ပဲ ကြၽန္ေတာ္ ခံယူပါတယ္’’ လို႔ အဲဒီအိတ္ဖြင့္ေပးစာထဲမွာ ေပၚတာက ေရးသားခဲ့ပါတယ္။