ကစားသမားသစ် မှတ်ပုံတင်ခွင့်မရလို့ စတုတ္ထဂီယာတင်ရတော့မယ့် ဘာစီလိုနာ

ဘာစီလိုနာကတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရမယ့်ကိန်း ဆိုက်နေပါပြီ။ ဘဏ္ဍာရေးသာတူညီမျှ စည်းမျဉ်းအရ ဝင်ငွေနဲ့ထွက်ငွေ မမျှဖြစ်နေတာကြောင့်

သူတို့ရဲ့ကစားသမားသစ်မှတ်ပုံတင်ရေးကို လာလီဂါက ခွင့်မပြုဘူးလို့ သိရပါတယ်။ Bleacher Report ရဲ့ဖေါ်ပြမှုမှာ လီဝမ်ဒေါစကီး၊ ရာဖင်ဟာ၊ ဖရန့်ကက်ဆီ၊ ခရစ္စတီယန်ဆန်နဲ့ ကွန်ဒေးတို့ကို

လာလီဂါ မှတ်ပုံတင်ဖို့ ခွင့်မပြုဘူးလို့ဆိုပါတယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ စတုတ္ထလီဗာနင်းရမယ့် အချိန်ရောက်နေပြီလို့လည်း စပိန်သတင်းစာ Marca က ရေးသားလိုက်ပါတယ်။

အကြွေးတွေလည်ပင်းခိုက်နေတဲ့ ကက်တာလန်ကလပ်ဟာ အသင်းမူပိုင်ခွင့်နဲ့ ရှယ်ယာတွေကို ရာခိုင်နှုန်းအတော်များများ ရောင်းချထားရသလို နူးကမ့်ကွင်းကိုပါ

မင်္ဂလာပွဲခမ်းမအဖြစ် ငှားရမ်းပြီးငွေရှာနေရတာပါ။ ဒါပေမဲ့ လာလီဂါမှာသာမက ဥရောပမှာပါ ခေါင်းပြန်ထောင်နိုင်အောင် ကစားသမားဖြည့်တင်းမှုတွေ လုပ်ခဲ့ပါတယ်။

တကယ်တော့ သူတို့ရဲကိန်းဂဏန်းတွေဟာ လာလီဂါကို လက်ခံစေနိုင်လောက်တဲ့ အခြေအနေမရှိဘူးဆိုတာ ဥက္ကဌလာပေါ်တာလည်း သဘောပေါက်ထားတယ်လို့ Marca က ရေးသားထားပါတယ်။

ဒါကြောင့် ကစားသမားတွေကို လစာလျှော့တာအပြင် ရောင်းသင့်သူတွေကို အမြန်ရောင်းပြီး စတုတ္ထလီဗာနင်းဖို့လိုနေပြီလို့လည်း တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် ဒီပေးကို

ထုတ်ရောင်းဖို့ ဒီဂျောင်ရဲ့ကိစ္စကို အပြီးသတ်ဖြေရှင်းဖို့ လိုအပ်နေတာပါ။ ဒီသတင်းဟာ ဒီပေး၊ ဒီဂျောင်နဲ့ အူဘာမီယန်းတို့ကို ခေါ်ယူဖို့ကမ်းလှမ်းထားတယ်လို့ သတင်းထွက်နေတဲ့ ချဲလ်ဆီးအတွက်တော့ ပျော်စရာဖြစ်နေပါလိမ့်မယ်။

(zawgyi)

ဘာစီလိုနာကေတာ့ အပ်က္အပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ရမယ့္ကိန္း ဆိုက္ေနပါၿပီ။ ဘ႑ာေရးသာတူညီမွ် စည္းမ်ဥ္းအရ ဝင္ေငြနဲ႔ထြက္ေငြ မမွ်ျဖစ္ေနတာေၾကာင့္ သူတို႔ရဲ႕ကစားသမားသစ္မွတ္ပုံတင္ေရးကို

လာလီဂါက ခြင့္မျပဳဘူးလို႔ သိရပါတယ္။ Bleacher Report ရဲ႕ေဖၚျပမႈမွာ လီဝမ္ေဒါစကီး၊ ရာဖင္ဟာ၊ ဖရန႔္ကက္ဆီ၊ ခရစၥတီယန္ဆန္နဲ႔ ကြန္ေဒးတို႔ကို လာလီဂါ မွတ္ပုံတင္ဖို႔ ခြင့္မျပဳဘူးလို႔ဆိုပါတယ္။

ဒါေၾကာင့္ ဘာစီလိုနာအေနနဲ႔ စတုတၳလီဗာနင္းရမယ့္ အခ်ိန္ေရာက္ေနၿပီလို႔လည္း စပိန္သတင္းစာ Marca က ေရးသားလိုက္ပါတယ္။ အေႂကြးေတြလည္ပင္းခိုက္ေနတဲ့ ကက္တာလန္ကလပ္ဟာ

အသင္းမူပိုင္ခြင့္နဲ႔ ရွယ္ယာေတြကို ရာခိုင္ႏႈန္းအေတာ္မ်ားမ်ား ေရာင္းခ်ထားရသလို ႏူးကမ့္ကြင္းကိုပါ မဂၤလာပြဲခမ္းမအျဖစ္ ငွားရမ္းၿပီးေငြရွာေနရတာပါ။ ဒါေပမဲ့ လာလီဂါမွာသာမက ဥေရာပမွာပါ ေခါင္းျပန္ေထာင္ႏိုင္ေအာင္

ကစားသမားျဖည့္တင္းမႈေတြ လုပ္ခဲ့ပါတယ္။ တကယ္ေတာ့ သူတို႔ရဲကိန္းဂဏန္းေတြဟာ လာလီဂါကို လက္ခံေစႏိုင္ေလာက္တဲ့ အေျခအေနမရွိဘူးဆိုတာ ဥကၠဌလာေပၚတာလည္း

သေဘာေပါက္ထားတယ္လို႔ Marca က ေရးသားထားပါတယ္။ ဒါေၾကာင့္ ကစားသမားေတြကို လစာေလွ်ာ့တာအျပင္ ေရာင္းသင့္သူေတြကို အျမန္ေရာင္းၿပီး စတုတၳလီဗာနင္းဖို႔လိုေနၿပီလို႔လည္း တိုက္တြန္းလိုက္ပါတယ္။

အထူးသျဖင့္ ဒီေပးကို ထုတ္ေရာင္းဖို႔ ဒီေဂ်ာင္ရဲ႕ကိစၥကို အၿပီးသတ္ေျဖရွင္းဖို႔ လိုအပ္ေနတာပါ။ ဒီသတင္းဟာ ဒီေပး၊ ဒီေဂ်ာင္နဲ႔ အူဘာမီယန္းတို႔ကို ေခၚယူဖို႔ကမ္းလွမ္းထားတယ္လို႔ သတင္းထြက္ေနတဲ့ ခ်ဲလ္ဆီးအတြက္ေတာ့ ေပ်ာ္စရာျဖစ္ေနပါလိမ့္မယ္။