ကစားသမားသစ်တွေ စာရင်းသွင်းနိုင်ခဲ့ပေမယ့် ဘာစီလိုနာမှာ ကံဆိုးသူမောင်ရှင်တစ်ယောက် ကျန်နေသေး

ဘာစီလိုနာဟာ လာလီဂါအဖွင့်ပွဲစဉ်မတိုင်ခင် နွေဈေးကွက်မှာခေါ်ယူထားတဲ့ကစားသမားသစ်တွေနဲ့ စာချုပ်သက်တမ်းတိုးထားတဲ့ ကစားသမားတွေကို မှတ်ပုံတင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

သူတို့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီ Barca Studios ရဲ့ ရှယ်ယာ ၂၄.၅ ရာခိုင်နှုန်းကို သောကြာနေ့က ထုတ်ရောင်းခဲ့ရပါတယ်။ အနာဂတ် ရုပ်သံထုတ်လွှင့်ခ ၂၅ ရာခိုင်နှုန်းကိုလည်း အဲဒီမတိုင်ခင် ရောင်းချထားခဲ့သလို

ကစားသမားတွေကိုလည်း လစာလျှော့ယူဖို့ ညှိနှိုင်းနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ အဆင်ပြေသွားခဲ့တာပါ။ အခုဆိုရင် ကစားသမားသစ်တွေဖြစ်တဲ့ လီဝမ်ဒေါစကီး၊ ရာဖင်ဟာ၊ ကက်ဆီနဲ့ ခရစ္စတီယန်ဆန်၊ စာချုပ်သစ်ချုပ်ထားတဲ့

ဒမ်ဘီလီနဲ့ ရော်ဘတ်တိုတို့ကို မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ နွေဈေးကွက်မှာ ခေါ်ယူထားတဲ့ ကစားသမားအားလုံးကိုတော့ စာရင်းသွင်းနိုင်ခဲ့တာမဟုတ်ဘဲ တစ်ယောက်ကျန်နေခဲ့ပါသေးတယ်။

ဆီဗီလာကနေ ပေါင် ၄၅ သန်းနဲ့ခေါ်ယူခဲ့တဲ့ နောက်ခံလူ ဂျူးလက်စ်ကွန်ဒီပါ။ ဘာစီလိုနာရဲ့တရားဝင်ကစားသမားအဖြစ် မှတ်ပုံမတင်နိုင်မချင်း ကွန်ဒီဟာ ကစားခွင့်ရမှာ မဟုတ်သေးပါဘူး။

The Athletic သတင်းဌာနကတော့ ပြင်သစ်သားရဲ့မှတ်ပုံတင်ဟာ ကစားသမားတွေရဲ့လစာလျှော့ချမှုနဲ့ ကစားသမားတစ်ချို့ ရောင်းချရမှုအပေါ် မူတည်နေတယ်လို့ သုံးသပ်ထားပါတယ်။

ချဲလ်ဆီးရဲ့စိတ်ဝင်စားမှုခံခဲ့ရပေမယ့် ဘာစီလိုနာကိုရွေးချယ်ခဲ့တဲ့ ကွန်ဒီကတော့ အသင်းသစ်အတွက် အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ချင်တယ်လို့ ဖွင့်ဟထားပါတယ်။

(zawgyi)

ဘာစီလိုနာဟာ လာလီဂါအဖြင့္ပြဲစဥ္မတိုင္ခင္ ေႏြေဈးကြက္မွာေခၚယူထားတဲ့ကစားသမားသစ္ေတြနဲ႔ စာခ်ဳပ္သက္တမ္းတိုးထားတဲ့ ကစားသမားေတြကို မွတ္ပုံတင္ႏိုင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

သူတို႔ရဲ႕ထုတ္လုပ္ေရးကုမၸဏီ Barca Studios ရဲ႕ ရွယ္ယာ ၂၄.၅ ရာခိုင္ႏႈန္းကို ေသာၾကာေန႔က ထုတ္ေရာင္းခဲ့ရပါတယ္။ အနာဂတ္ ႐ုပ္သံထုတ္လႊင့္ခ ၂၅ ရာခိုင္ႏႈန္းကိုလည္း

အဲဒီမတိုင္ခင္ ေရာင္းခ်ထားခဲ့သလို ကစားသမားေတြကိုလည္း လစာေလွ်ာ့ယူဖို႔ ညႇိႏႈိင္းႏိုင္ခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ အဆင္ေျပသြားခဲ့တာပါ။ အခုဆိုရင္ ကစားသမားသစ္ေတြျဖစ္တဲ့

လီဝမ္ေဒါစကီး၊ ရာဖင္ဟာ၊ ကက္ဆီနဲ႔ ခရစၥတီယန္ဆန္၊ စာခ်ဳပ္သစ္ခ်ဳပ္ထားတဲ့ ဒမ္ဘီလီနဲ႔ ေရာ္ဘတ္တိုတို႔ကို မွတ္ပုံတင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ေႏြေဈးကြက္မွာ ေခၚယူထားတဲ့ ကစားသမားအားလုံးကိုေတာ့

စာရင္းသြင္းႏိုင္ခဲ့တာမဟုတ္ဘဲ တစ္ေယာက္က်န္ေနခဲ့ပါေသးတယ္။ ဆီဗီလာကေန ေပါင္ ၄၅ သန္းနဲ႔ေခၚယူခဲ့တဲ့ ေနာက္ခံလူ ဂ်ဴးလက္စ္ကြန္ဒီပါ။ ဘာစီလိုနာရဲ႕တရားဝင္ကစားသမားအျဖစ္

မွတ္ပုံမတင္ႏိုင္မခ်င္း ကြန္ဒီဟာ ကစားခြင့္ရမွာ မဟုတ္ေသးပါဘူး။ The Athletic သတင္းဌာနကေတာ့ ျပင္သစ္သားရဲ႕မွတ္ပုံတင္ဟာ ကစားသမားေတြရဲ႕လစာေလွ်ာ့ခ်မႈနဲ႔ ကစားသမားတစ္ခ်ိဳ႕ ေရာင္းခ်ရမႈအေပၚ

မူတည္ေနတယ္လို႔ သုံးသပ္ထားပါတယ္။ ခ်ဲလ္ဆီးရဲ႕စိတ္ဝင္စားမႈခံခဲ့ရေပမယ့္ ဘာစီလိုနာကိုေ႐ြးခ်ယ္ခဲ့တဲ့ ကြန္ဒီကေတာ့ အသင္းသစ္အတြက္ အေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္ခ်င္တယ္လို႔ ဖြင့္ဟထားပါတယ္။