ကစားသမားသစ်တွေကို ပေါင်သန်း(၃၀၀)ကျော်အသုံးပြု အားဖြည့်ခဲ့ပေမယ့် ချယ်လ်ဆီးတို့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်နေဆဲ

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း အန်ဇိုဖာနန်ဒက်ဇ်၊

မူဒရစ်ခ်၊ ယာအိုဖိလစ်စတဲ့ ကစားသမားသစ်တွေအတွက်
ပေါင်သန်း(၃၀၀)ကျော်အထိ အသုံးပြုခေါ်ယူခဲ့တဲ့ ချယ်လ်ဆီး
အသင်းဟာ ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းသေးဘဲ
လန်ဒန်ဒါဘီပြိုင်ဘက်ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ (၁-၁)ဂိုးစီသရေကျခဲ့ပါတယ်။

အခုပွဲမှာ ဂရေဟမ်ပေါ်တာက,ကစားသမားတွေဖြစ်တဲ့ အန်ဇိုဖာနန်ဒက်ဇ်၊
မူဒရစ်ခ်၊ မာဒူ့ခ်၊ ယာအိုဖိလစ်၊ ဘတ်ဒီယာရှီးလ်တို့ကို ပွဲထွက်အသုံးပြုပြီး
အန်ဇိုဖာနန်ဒက်ဇ်ဟာ ခြေစွမ်းပြနိုင်ပေမယ့် မူဒခရစ်ခ်ရဲ့

စွမ်းဆောင်ရည်ကတော့ တော်တော်လေးဆိုးရွားခဲ့ပါတယ်။

ပွဲပယ်ပြစ်ဒဏ်က ပြန်လာတဲ့ ယာအိုဖိလစ်က ချယ်လ်ဆီးကစားသမား

ဘ၀ ပထမဆုံးဂိုးအဖြစ် ပထမပိုင်း(၁၆)မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့
ဖြတ်တင်ဘောကနေ ပိတ်သွင်းယူခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက်
ဟာဗတ်ဇ်က ဒုတိယဂိုးသွင်းခဲ့ပေမယ့် VAR က လူကျွံဘော သတ်မှတ်ခဲ့လို့
နစ်နာခဲ့ရပါတယ်။

ချယ်လ်ဆီးတို့ ဦးဆောင်ဂိုးကို ကြာရှည်မထိန်းနိုင်ဘဲ (၂၆)မိနစ်မှာ ဘိုဝင်
ခေါင်းတိုက်လမ်းကြောင်းပြောင်းပေးလိုက်တာကို ချယ်လ်ဆီး
နောက်ခံလူဟောင်း အီမာဆင်က ပြေးဝင်ပိတ်သွင်းပြီးတော့

အသင်းဟောင်းဘက်ကို ဂိုးပြန်သွင်းခဲ့ပါတယ်။

လက်ကျန်မိနစ်ပေါင်း(၆၀)ကျော်အတွင်း ချယ်လ်ဆီးတို့ နောက်ထပ်ဂိုး

မသွင်းနိုင်တာကြောင့် (၁-၁)ဂိုးစီသရေနဲ့ပွဲပြီးဆုံးခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ
ပရီးမီးယားလိဂ်(၃)ပွဲဆက်တိုက် သရေကျခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲ
နောက်ပိုင်း ပြန်ကစားတဲ့ ပရီးမီးယားလိဂ်(၈)ပွဲမှာ (၂)ပွဲသာအနိုင်ရခဲ့လို့
ဒီပုံစံအတိုင်းသာဆိုရင် နည်းပြဂရေဟမ်ပေါ်တာလည်း အခြေအနေ
မကောင်းတော့ပါဘူး။

[Zawgyi]

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း အန္ဇိုဖာနန္ဒက္ဇ္၊
မူဒရစ္ခ္၊ ယာအိုဖိလစ္စတဲ့ ကစားသမားသစ္ေတြအတြက္

ေပါင္သန္း(၃၀၀)ေက်ာ္အထိ အသုံးျပဳေခၚယူခဲ့တဲ့ ခ်ယ္လ္ဆီး
အသင္းဟာ ပရီးမီးယားလိဂ္မွာ အေျခအေနမေကာင္းေသးဘဲ
လန္ဒန္ဒါဘီၿပိဳင္ဘက္ျဖစ္တဲ့ ဝက္စ္ဟမ္းနဲ႔ (၁-၁)ဂိုးစီသေရက်ခဲ့ပါတယ္။

အခုပြဲမွာ ဂေရဟမ္ေပၚတာက,ကစားသမားေတြျဖစ္တဲ့ အန္ဇိုဖာနန္ဒက္ဇ္၊
မူဒရစ္ခ္၊ မာဒူ႔ခ္၊ ယာအိုဖိလစ္၊ ဘတ္ဒီယာရွီးလ္တို႔ကို ပြဲထြက္အသုံးျပဳၿပီး
အန္ဇိုဖာနန္ဒက္ဇ္ဟာ ေျခစြမ္းျပႏိုင္ေပမယ့္ မူဒခရစ္ခ္ရဲ႕
စြမ္းေဆာင္ရည္ကေတာ့ ေတာ္ေတာ္ေလးဆိုး႐ြားခဲ့ပါတယ္။

ပြဲပယ္ျပစ္ဒဏ္က ျပန္လာတဲ့ ယာအိုဖိလစ္က ခ်ယ္လ္ဆီးကစားသမား
ဘ၀ ပထမဆုံးဂိုးအျဖစ္ ပထမပိုင္း(၁၆)မိနစ္မွာ အန္ဇိုဖာနန္ဒက္ဇ္ရဲ႕

ျဖတ္တင္ေဘာကေန ပိတ္သြင္းယူခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းအတြက္
ဟာဗတ္ဇ္က ဒုတိယဂိုးသြင္းခဲ့ေပမယ့္ VAR က လူကြၽံေဘာ သတ္မွတ္ခဲ့လို႔
နစ္နာခဲ့ရပါတယ္။

ခ်ယ္လ္ဆီးတို႔ ဦးေဆာင္ဂိုးကို ၾကာရွည္မထိန္းႏိုင္ဘဲ (၂၆)မိနစ္မွာ ဘိုဝင္
ေခါင္းတိုက္လမ္းေၾကာင္းေျပာင္းေပးလိုက္တာကို ခ်ယ္လ္ဆီး
ေနာက္ခံလူေဟာင္း အီမာဆင္က ေျပးဝင္ပိတ္သြင္းၿပီးေတာ့
အသင္းေဟာင္းဘက္ကို ဂိုးျပန္သြင္းခဲ့ပါတယ္။

လက္က်န္မိနစ္ေပါင္း(၆၀)ေက်ာ္အတြင္း ခ်ယ္လ္ဆီးတို႔ ေနာက္ထပ္ဂိုး
မသြင္းႏိုင္တာေၾကာင့္ (၁-၁)ဂိုးစီသေရနဲ႔ပြဲၿပီးဆုံးခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းဟာ

ပရီးမီးယားလိဂ္(၃)ပြဲဆက္တိုက္ သေရက်ခဲ့သလို ကမာၻ႔ဖလားၿပိဳင္ပြဲ
ေနာက္ပိုင္း ျပန္ကစားတဲ့ ပရီးမီးယားလိဂ္(၈)ပြဲမွာ (၂)ပြဲသာအႏိုင္ရခဲ့လို႔
ဒီပုံစံအတိုင္းသာဆိုရင္ နည္းျပဂေရဟမ္ေပၚတာလည္း အေျခအေန
မေကာင္းေတာ့ပါဘူး။