ကစားသမားဘ၀ ပွဲ(၁,၀၀၀)ပြည့်မှတ်တမ်းနဲ့ ကမ္ဘာ့ဖလားသွင်းဂိုးမှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့တဲ့ မက်ဆီ

အာဂျင်တီးနား,နာမည်ကျော်ကစားသမား မက်ဆီဟာ သြစတြေးလျနဲ့ကစားခဲ့တဲ့

ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်
ပွဲ(၁,၀၀၀)ပြည့်မြောက်ခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ကလပ်အသင်းကစားသမားဘဝမှာ
ဘာစီလိုနာအသင်းအတွက် (၇၇၈)ပွဲ၊ PSG အတွက် (၅၃)ပွဲကစားခဲ့သလို လက်ရွေးစင်
အသင်းအတွက် (၁၆၉)ပွဲကစားခဲ့တာဖြစ်ပါတယ်။

သြစတြေးလျနဲ့ပွဲမှာ မက်ဆီဟာ အဖွင့်ဂိုးကို နောက်ခံလူအော်တာမန်ဒီနဲ့ One Two ရိုက်၊
သွင်းယူခဲ့ပြီး ဒါက သူ့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ရှုံးထွက်အဆင့်ပွဲတစ်ပွဲမှာ
ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်တာဖြစ်ပြီး ကလပ်နဲ့ နိုင်ငံအသင်းကစားသမားဘဝမှာ
သွင်းဂိုး စုစုပေါင်း (၇၈၉)ဂိုးအထိရှိလာပါပြီ။

အခုသွင်းဂိုးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ(၅)ကြိမ်အတွင်း မက်ဆီအတွက် (၉)ဂိုးမြောက်
ဖြစ်တာကြောင့် အာဂျင်တီးနားဂန္ထဝင်မာရာဒိုနာရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်ထက်

ပိုများသွားပြီဖြစ်ပြီး အာဂျင်တီးနားကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားသွင်းဂိုး
အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ နာမည်ကျော်တိုက်စစ်မှူးဟောင်း ဘာတစ္စတူတာ
(၁၀ဂိုး)ကို မီဖို့ (၁)ဂိုးသာ လိုပါတော့တယ်။

၂၀၀၅ ခုနှစ်ကတည်းက အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရတဲ့
မက်ဆီဟာ အခုဆိုရင် နိုင်ငံအသင်းအတွက် (၁၆၉)ပွဲကစား၊ (၉၄)ဂိုးသွင်းယူခဲ့ပြီး
ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ (၂၃)ပွဲကစား၊ (၉)ဂိုးသွင်းယူခဲ့ပါတယ်။

[Zawgyi]

အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမား မက္ဆီဟာ ၾသစေၾတးလ်နဲ႔ကစားခဲ့တဲ့
ကမာၻ႔ဖလားရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္
ပြဲ(၁,၀၀၀)ျပည့္ေျမာက္ခဲ့ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ ကလပ္အသင္းကစားသမားဘဝမွာ
ဘာစီလိုနာအသင္းအတြက္ (၇၇၈)ပြဲ၊ PSG အတြက္ (၅၃)ပြဲကစားခဲ့သလို လက္ေ႐ြးစင္

အသင္းအတြက္ (၁၆၉)ပြဲကစားခဲ့တာျဖစ္ပါတယ္။

ၾသစေၾတးလ်နဲ႔ပြဲမွာ မက္ဆီဟာ အဖြင့္ဂိုးကို ေနာက္ခံလူေအာ္တာမန္ဒီနဲ႔ One Two ႐ိုက္၊

သြင္းယူခဲ့ၿပီး ဒါက သူ႔ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ရႈံးထြက္အဆင့္ပြဲတစ္ပြဲမွာ
ပထမဆုံးအႀကိမ္ ဂိုးသြင္းႏိုင္တာျဖစ္ၿပီး ကလပ္နဲ႔ ႏိုင္ငံအသင္းကစားသမားဘဝမွာ
သြင္းဂိုး စုစုေပါင္း (၇၈၉)ဂိုးအထိရွိလာပါၿပီ။

အခုသြင္းဂိုးဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ(၅)ႀကိမ္အတြင္း မက္ဆီအတြက္ (၉)ဂိုးေျမာက္
ျဖစ္တာေၾကာင့္ အာဂ်င္တီးနားဂႏၴဝင္မာရာဒိုနာရဲ႕ ကမာၻ႔ဖလားသြင္းဂိုးအေရအတြက္ထက္
ပိုမ်ားသြားၿပီျဖစ္ၿပီး အာဂ်င္တီးနားကစားသမားေတြထဲမွာ ကမာၻ႔ဖလားသြင္းဂိုး
အမ်ားဆုံးအျဖစ္ စံခ်ိန္တင္ထားတဲ့ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဘာတစၥတူတာ

(၁၀ဂိုး)ကို မီဖို႔ (၁)ဂိုးသာ လိုပါေတာ့တယ္။

၂၀၀၅ ခုႏွစ္ကတည္းက အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းမွာ စတင္ေ႐ြးခ်ယ္ခံခဲ့ရတဲ့

မက္ဆီဟာ အခုဆိုရင္ ႏိုင္ငံအသင္းအတြက္ (၁၆၉)ပြဲကစား၊ (၉၄)ဂိုးသြင္းယူခဲ့ၿပီး
ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ (၂၃)ပြဲကစား၊ (၉)ဂိုးသြင္းယူခဲ့ပါတယ္။