ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ပထမဆုံးအကြိမ် (၂)ရာသီဆက်ထွက်ခဲ့ရတဲ့ မက်ဆီ

PSG အသင်းဟာ ဘိုင်ယန်မြူးနစ်ကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်

နှစ်ကျော့ပေါင်း (၃-ဝ)ဂိုးရလဒ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်း
အဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

ပထမအကျော့တုန်းက အိမ်ကွင်းမှာ (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက်
PSG တို့ ဘိုင်ယန်မြူးနစ်ရဲ့ Allianz Arena ကွင်းမှာ မဖြစ်မနေနိုင်ပွဲ
ရယူဖို့ လိုအပ်ခဲ့ပေမယ့် မက်ဆီ၊ ဘာပေတို့ ခြေစွမ်းမပြနိုင်သလို
ဘိုင်ယန်မြူးနစ်အသင်းကလည်း အခွင့်အရေးတွေကို အကောင်းဆုံး
အသုံးချနိုင်ခဲ့လို့ ရှုံးပွဲနဲ့ ရင်ဆိုင်ရခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဂိုးကို (၆၁)မိနစ်မှာ ဂိုဟက်ဇ်ကာရဲ့
ပေးပို့မှုကနေ ချူပိုမိုတင်းက သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ (၈၉)

မိနစ်မှာ နာဘရီက သွင်းယူခဲ့ပါတယ်။ အခုပွဲမှာ ဂိုဟက်ဇ်ကာ၊ မူလာတို့
အပါအဝင် ဘိုင်ယန်မြူးနစ်ကစားသမားတွေဟာ မက်ဆီကို လူကပ်
ကစားပြီး ခပ်ကြမ်းကြမ်းဖျက်ထုတ်ခဲ့တဲ့အတွက် မက်ဆီ လှုပ်လို့မရဘဲ
တိုက်စစ်ကို ထိရောက်တဲ့ပံပိုးမှု မလုပ်နိုင်ခဲ့ပါဘူး။

အခုရှုံးပွဲကြောင့် PSG တို့ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ကနေ
(၂)ရာသီဆက်တိုက် ထွက်ခဲ့ရသလို မက်ဆီရဲ့ကစားသမားဘဝတစ်လျှောက်
ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်ကနေ (၂)ရာသီဆက်တိုက်

ထွက်ခဲ့ရတဲ့ မှတ်တမ်းဆိုးပိုင်ဆိုင်ခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာမှာကစားခဲ့တဲ့ (၁၇)ရာသီအတွင်း ချန်ပီယံလိဂ်(၄)ကြိမ်

အထိ ရရှိခဲ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့်က ထွက်ခဲ့ဖူးတာဆိုလို့ ၂၀၀၆-၀၇ နဲ့
၂၀၂၀-၂၁ (၂)ရာသီသာရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု PSG အသင်းမှာတော့
ပြီးခဲ့တဲ့ရာသီက ရီးယဲလ်၊ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်တို့ကို ရှုံးနိမ့်ခဲ့တဲ့အတွက်
ရှုံးထွက်(၁၆)သင်းအဆင့်ကနေ (၂)ရာသီဆက်တိုက် လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။

[Zawgyi]

PSG အသင္းဟာ ဘိုင္ယန္ျမဴးနစ္ကို (၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္
ႏွစ္ေက်ာ့ေပါင္း (၃-ဝ)ဂိုးရလဒ္နဲ႔ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္း
အဆင့္ကေန ထြက္ခဲ့ရၿပီျဖစ္ပါတယ္။

ပထမအေက်ာ့တုန္းက အိမ္ကြင္းမွာ (၁-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္
PSG တို႔ ဘိုင္ယန္ျမဴးနစ္ရဲ႕ Allianz Arena ကြင္းမွာ မျဖစ္မေနႏိုင္ပြဲ

ရယူဖို႔ လိုအပ္ခဲ့ေပမယ့္ မက္ဆီ၊ ဘာေပတို႔ ေျခစြမ္းမျပႏိုင္သလို
ဘိုင္ယန္ျမဴးနစ္အသင္းကလည္း အခြင့္အေရးေတြကို အေကာင္းဆုံး
အသုံးခ်ႏိုင္ခဲ့လို႔ ရႈံးပြဲနဲ႔ ရင္ဆိုင္ရခဲ့တာပါ။

ဘိုင္ယန္ျမဴးနစ္အတြက္ အဖြင့္ဂိုးကို (၆၁)မိနစ္မွာ ဂိုဟက္ဇ္ကာရဲ႕
ေပးပို႔မႈကေန ခ်ဴပိုမိုတင္းက သြင္းယူခဲ့ၿပီး ဒုတိယဂိုးကိုေတာ့ (၈၉)
မိနစ္မွာ နာဘရီက သြင္းယူခဲ့ပါတယ္။ အခုပြဲမွာ ဂိုဟက္ဇ္ကာ၊ မူလာတို႔
အပါအဝင္ ဘိုင္ယန္ျမဴးနစ္ကစားသမားေတြဟာ မက္ဆီကို လူကပ္

ကစားၿပီး ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္ခဲ့တဲ့အတြက္ မက္ဆီ လႈပ္လို႔မရဘဲ
တိုက္စစ္ကို ထိေရာက္တဲ့ပံပိုးမႈ မလုပ္ႏိုင္ခဲ့ပါဘူး။

အခုရႈံးပြဲေၾကာင့္ PSG တို႔ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ကေန
(၂)ရာသီဆက္တိုက္ ထြက္ခဲ့ရသလို မက္ဆီရဲ႕ကစားသမားဘဝတစ္ေလွ်ာက္
ပထမဆုံးအႀကိမ္အျဖစ္ ရႈံးထြက္(၁၆)သင္းအဆင့္ကေန (၂)ရာသီဆက္တိုက္
ထြက္ခဲ့ရတဲ့ မွတ္တမ္းဆိုးပိုင္ဆိုင္ခဲ့ပါတယ္။

မက္ဆီဟာ ဘာစီလိုနာမွာကစားခဲ့တဲ့ (၁၇)ရာသီအတြင္း ခ်န္ပီယံလိဂ္(၄)ႀကိမ္
အထိ ရရွိခဲ့ၿပီး ရႈံးထြက္(၁၆)သင္းအဆင့္က ထြက္ခဲ့ဖူးတာဆိုလို႔ ၂၀၀၆-၀၇ နဲ႔
၂၀၂၀-၂၁ (၂)ရာသီသာရွိခဲ့ပါတယ္။ ဒါေပမဲ့ အခု PSG အသင္းမွာေတာ့

ၿပီးခဲ့တဲ့ရာသီက ရီးယဲလ္၊ ဒီရာသီမွာ ဘိုင္ယန္ျမဴးနစ္တို႔ကို ရႈံးနိမ့္ခဲ့တဲ့အတြက္
ရႈံးထြက္(၁၆)သင္းအဆင့္ကေန (၂)ရာသီဆက္တိုက္ လွည့္ျပန္ခဲ့ရၿပီျဖစ္ပါတယ္။