ကစားသမားဘဝက အနားယူဖို့ ကြောက်ရွံ့နေတဲ့ နတ်ဘုရားကြီး
ဇလာတန်အီဗရာမိုဗစ်ချ်ဟာ ရာသီကုန်မှာ အေစီမီလန်အသင်းနဲ့
စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အနားယူဖို့အစီအစဉ်ရှိပုံတော့မရပါဘူး။
အေစီမီလန်အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ချ်ဟာ
ကစားသမားဘဝကအနားယူဖို့ကြောက်ရွံ့မိကြောင်းနဲ့ အနားယူဖြစ်ခဲ့ရင်လည်း
လုံးဝပျောက်ကွယ်သွားမှာဖြစ်ကြောင်း ပြောလာတာပါ။
ဥရောပအသင်းကြီးတော်တော်များများမှာကစားခဲ့တဲ့ အီဗရာဟီမိုဗစ်ချ်ဟာ
ယခုနှစ်ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာတောင်မှ
၂၂ပွဲအထိပါဝင်ကစားပေးထားတာပါ။ မိုဗစ်ချ်က “အရိုးသားဆုံးဝန်ခံရမယ်ဆိုရင်
အပြီးသတ်အနားယူခြင်းနဲ့ပတ်သက်ပြီး စိုးရိမ်နေပါတယ်။”
“သေချာပါတယ် ရလဒ်ကောင်းတွေရှာဖွေပေးနိုင်သရွေ့ ကာလပတ်လုံး
တတ်နိုင်သလောက်ကစားသွားဦးမှာပါ။
နောက်မှ နောင်တရတဲ့အဖြစ်မျိုးနဲ့ မကြုံချင်လို့ပါပဲ။
ဒါ့ကြောင့် ‌ကျွန်‌တော့်ရဲ့ကျန်ရှိနေသေးတဲ့အချိန်တွေကို
ကောင်းကောင်းကြီးအသုံးချသွားမှာပါ။”
“ကျွန်တော့်အမြင်ကိုပြောရမယ်ဆိုရင် တကယ်နာကျင်ခံစားနေရမယ့်
သူတွေက ခင်ဗျားတို့ပဲဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့
ကစားပုံကိုဘယ်တော့မှ မြင်တွေ့ရတော့မှာမဟုတ်လို့လေ။
ဒီအခိုက်အတန့်လေးတွေကို ‌ပျော်ပျော်ရွှင်ရွှင်နဲ့ အပြည့်အဝ
ခံစားသင့်တယ်လို့ပြောချင်ပါတယ်။ ကျွန်တော်လို ကစားသမားမျိုး
နောက်ထပ်ထွက်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။” လို့ ပြောပါတယ်။
zawgyi
ဇလာတန်အီဗရာမိုဗစ်ခ်ျဟာ ရာသီကုန်မှာ အေစီမီလန်အသင်းနဲ့
အေစီမီလန်အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ခ်ျဟာ
ဥရောပအသင်းကြီးတော်တော်များများမှာကစားခဲ့တဲ့ အီဗရာဟီမိုဗစ်ခ်ျဟာ