ကင်မရွန်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလားသမိုင်းမှာ ဒုတိယအကြိမ် တတိယဆုဆွတ်ခူးခဲ့တဲ့ ခရိုအေးရှား

ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့တဲ့ ခရိုအေးရှားအသင်းဟာ တတိယနေရာလုပွဲမှာတော့ မော်ရိုကို

အသင်းကို အမှားမခံဘဲ (၂-၁)ဂိုးနဲ့အနိုင်ယူပြီး လူဦးရေ (၄)သန်းသာရှိတဲ့ မိခင်နိုင်ငံ
အတွက် ဂုဏ်ယူစရာဖြစ်အောင် စွမ်းဆောင်ခဲ့ပါတယ်။

ရှုံးပွဲတွေ့ခဲ့တဲ့ မော်ရိုကိုအသင်းကလည်း ဂုဏ်မငယ်ခဲ့ဘဲ အာဖရိကအသင်းတွေထဲမှာ
ကမ္ဘာ့ဖလားစတုတ္ထနေရာ ပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အခုပွဲက တတိယနေရာလုပွဲသာဖြစ်ပေမယ့် နှစ်သင်းစလုံးက ကိုယ့်နိုင်ငံဂုဏ်သိက္ခာ
အတွက် အာရုံစိုက်ကစားခဲ့ပြီး ပွဲအစကတည်းက အပြန်အလှန်သွင်းဂိုးတွေနဲ့
အကြိတ်အနယ်ရှိခဲ့ပါတယ်။

ခရိုအေးရှားအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၇)မိနစ်မှာပဲ ပါရီဆစ်ရဲ့ ပေးပို့မှုကနေ
အခု ပြိုင်ပွဲမှာ ခြေစွမ်းပြထင်ရှားနေတဲ့ လူငယ်နောက်ခံလူ ဂါဒီယောက ခေါင်းတိုက်

သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ (၂)မိနစ်လောက်အကြာမှာပဲ မော်ရိုကိုအသင်း ချေပဂိုး
ပြန်ရခဲ့ပြီး နောက်ခံလူ ဒါရီက ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပါတယ်။

ထူးခြားတာက အဖွင့်(၂)ဂိုးစလုံးဟာ နောက်ခံလူတွေ သွင်းခဲ့တာဖြစ်ပြီး နှစ်ယောက်စလုံးက
ခေါင်းတိုက်သွင်းခဲ့တာပဲဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက သိပ်မကွာတာကြောင့်
အပြန်အလှန်ကစားနိုင်ခဲ့ပြီး ခရိုအေးရှားအသင်းကတော့ ဂိုးသွင်းခွင့် ပိုရခဲ့တယ်လို့
ပြောရမှာပါ။

ပထမပိုင်းပြီးခါနီးမှာ လာဗာရာ ပေးတာကနေ အော်ဆစ်က လှပတဲ့ ဝေ့ဝိုက်ကန်ချက်နဲ့
သွင်းယူပြီး ဒုတိယဂိုးသွင်းခဲ့လို့ ခရိုအေးရှားတို့ (၂-၁)ဂိုးနဲ့အနိုင်ယူပြီး တတိယဆု
ရရှိခဲ့ပါတယ်။

ခရိုအေးရှားအသင်းဟာ အုပ်စုကတက်တဲ့ ၁၉၉၈၊ ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ
တတိယ(၂ကြိမ်)၊ ဒုတိယနေရာတွေ ရရှိခဲ့ပြီး ၁၉၉၈ ကနေ လက်ရှိပြိုင်ပွဲကာလအတွင်း

သူတို့အသင်းထက် ဆီမီးဖိုင်နယ်တက်နိုင်တဲ့အကြိမ် ပိုများတာဆိုလို့ ဂျာမနီနဲ့ ပြင်သစ်
(၄ကြိမ်စီ)တို့သာ ရှိပါတယ်။

[Zawgyi]

ဗိုလ္လုပြဲနဲ႔ လြဲေခ်ာ္ခဲ့တဲ့ ခ႐ိုေအးရွားအသင္းဟာ တတိယေနရာလုပြဲမွာေတာ့ ေမာ္႐ိုကို
အသင္းကို အမွားမခံဘဲ (၂-၁)ဂိုးနဲ႔အႏိုင္ယူၿပီး လူဦးေရ (၄)သန္းသာရွိတဲ့ မိခင္ႏိုင္ငံ
အတြက္ ဂုဏ္ယူစရာျဖစ္ေအာင္ စြမ္းေဆာင္ခဲ့ပါတယ္။

ရႈံးပြဲေတြ႕ခဲ့တဲ့ ေမာ္႐ိုကိုအသင္းကလည္း ဂုဏ္မငယ္ခဲ့ဘဲ အာဖရိကအသင္းေတြထဲမွာ
ကမာၻ႔ဖလားစတုတၳေနရာ ပိုင္ဆိုင္ခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္သြားပါတယ္။
အခုပြဲက တတိယေနရာလုပြဲသာျဖစ္ေပမယ့္ ႏွစ္သင္းစလုံးက ကိုယ့္ႏိုင္ငံဂုဏ္သိကၡာ
အတြက္ အာ႐ုံစိုက္ကစားခဲ့ၿပီး ပြဲအစကတည္းက အျပန္အလွန္သြင္းဂိုးေတြနဲ႔

အႀကိတ္အနယ္ရွိခဲ့ပါတယ္။

ခ႐ိုေအးရွားအသင္းအတြက္ အဖြင့္ဂိုးကို ပြဲအစ(၇)မိနစ္မွာပဲ ပါရီဆစ္ရဲ႕ ေပးပို႔မႈကေန

အခု ၿပိဳင္ပြဲမွာ ေျခစြမ္းျပထင္ရွားေနတဲ့ လူငယ္ေနာက္ခံလူ ဂါဒီေယာက ေခါင္းတိုက္
သြင္းယူခဲ့ပါတယ္။ ဒါေပမဲ့ (၂)မိနစ္ေလာက္အၾကာမွာပဲ ေမာ္႐ိုကိုအသင္း ေခ်ပဂိုး
ျပန္ရခဲ့ၿပီး ေနာက္ခံလူ ဒါရီက ေခါင္းတိုက္သြင္းခဲ့တာျဖစ္ပါတယ္။

ထူးျခားတာက အဖြင့္(၂)ဂိုးစလုံးဟာ ေနာက္ခံလူေတြ သြင္းခဲ့တာျဖစ္ၿပီး ႏွစ္ေယာက္စလုံးက
ေခါင္းတိုက္သြင္းခဲ့တာပဲျဖစ္ပါတယ္။ ႏွစ္သင္းစလုံးရဲ႕ ေျခစြမ္းက သိပ္မကြာတာေၾကာင့္
အျပန္အလွန္ကစားႏိုင္ခဲ့ၿပီး ခ႐ိုေအးရွားအသင္းကေတာ့ ဂိုးသြင္းခြင့္ ပိုရခဲ့တယ္လို႔
ေျပာရမွာပါ။

ပထမပိုင္းၿပီးခါနီးမွာ လာဗာရာ ေပးတာကေန ေအာ္ဆစ္က လွပတဲ့ ေဝ့ဝိုက္ကန္ခ်က္နဲ႔
သြင္းယူၿပီး ဒုတိယဂိုးသြင္းခဲ့လို႔ ခ႐ိုေအးရွားတို႔ (၂-၁)ဂိုးနဲ႔အႏိုင္ယူၿပီး တတိယဆု

ရရွိခဲ့ပါတယ္။

ခ႐ိုေအးရွားအသင္းဟာ အုပ္စုကတက္တဲ့ ၁၉၉၈၊ ၂၀၁၈၊ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ

တတိယ(၂ႀကိမ္)၊ ဒုတိယေနရာေတြ ရရွိခဲ့ၿပီး ၁၉၉၈ ကေန လက္ရွိၿပိဳင္ပြဲကာလအတြင္း
သူတို႔အသင္းထက္ ဆီမီးဖိုင္နယ္တက္ႏိုင္တဲ့အႀကိမ္ ပိုမ်ားတာဆိုလို႔ ဂ်ာမနီနဲ႔ ျပင္သစ္
(၄ႀကိမ္စီ)တို႔သာ ရွိပါတယ္။