





နယ်သာလန်အသင်းဝါရင့်နည်းပြကြီးဗန်ဟားလ်ဟာ ပရော့စတိတ်
(ယောကျ်ားများတွင် သုတ်ရည်လွှတ်ပေးသောအကျိတ်)ကင်ဆာရောဂါ





ခံစားနေပြီဖြစ်ပါတယ်။ အသက်(၇၀)အရွယ်ရှိပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်
နည်းပြဟောင်းဗန်ဟားလ်ဟာ နည်းပြလောက,ကနေအနားယူခဲ့ပေမယ့်
နယ်သာလန်အသင်းအခြေအနေယိမ်းယိုင်နေတာကြောင့် ပြီးခဲ့တဲ့နှစ်၊





သြဂုတ်လကမှ လက်ရွေးစင်အသင်းကို တတိယအကြိမ်မြောက်ကိုင်တွယ်ခဲ့တာ
ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဗန်ဟားလ်က အသက်အန္တရာယ်





စိုးရိမ်ရတဲ့ကင်ဆာရောဂါခံစားနေရတာဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲတွေဖြစ်တဲ့
ဒိန်းမတ်၊ ဂျာမနီတို့နဲ့ပွဲတွေမှာ အသင်းက,ကစားသမားတွေ အာရုုံစိုက်
ကစားနိုင်အောင် သူ့ရောဂါနဲ့ပတ်သက်လို့ ဘာမှအသိမပေးခဲ့ပါဘူး။





ရုပ်သံအင်တာဗျူးတစ်ခုမှာ ဗန်ဟားလ်က “ကျွန်တော့်ရောဂါနဲ့ပတ်သက်လို့
အသင်းက,ကစားသမားတွေ ဘာမှမသိပါဘူး။ သူတို့ကတော့ ကျွန်တော့်’ပါး’လေး





ရဲနေတာကိုကြည့်ပြီး ဒီလူကြီးက ကျန်းမာရေးကောင်းနေတာပဲလို့ထင်ကြမှာပါ။
အမှန်တော့ သူတို့ထင်သလိုမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့က ကိုယ်နဲ့
အလုပ်အတူတွဲလုပ်နေကြတဲ့သူတွေစိတ်အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက်





ကိုယ်ခံစားနေရတဲ့ရောဂါအကြောင်းကို အသိမပေးတာအကောင်းဆုံးဖြစ်မယ်လို့
ထင်ပါတယ်။ ဒီကင်ဆာရောဂါကလည်း အသက်ဆုံးရှုံးနိုင်တဲ့ရောဂါမဟုတ်ဘဲ





အသက်ရှင်ဖို့က(၉၀%)လောက်သေချာပါတယ်။ တခြားရောဂါဝေဒနာတွေဝင်လာမှ
အသက်အန္တရာယ်ထိခိုက်နိုင်တာဖြစ်ပေမယ့် ကျွန်တော်က စိတ်ဓာတ်
ပြင်းထန်တဲ့အပြင် ဓာတ်ရောင်ခြည်နဲ့ကုသတာက (၂၅)ကြိမ်အထိရှိနေပါပြီ”လို့





ပြောကြားခဲ့ပါတယ်။ ဗန်ဟားလ်အနေနဲ့ အခုလိုကင်ဆာရောဂါခံစားနေရပေမယ့်လည်း
နယ်သာလန်အသင်းနည်းပြအဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ





တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
zawgyi
ကင္ဆာေရာဂါခံစားေနရတဲ့ နယ္သာလန္နည္းျပႀကီးဗန္ဟားလ္





နယ္သာလန္အသင္းဝါရင့္နည္းျပႀကီးဗန္ဟားလ္ဟာ ပေရာ့စတိတ္
(ေယာက်္ားမ်ားတြင္ သုတ္ရည္လႊတ္ေပးေသာအက်ိတ္)ကင္ဆာေရာဂါ





ခံစားေနၿပီျဖစ္ပါတယ္။ အသက္(၇၀)အ႐ြယ္ရွိၿပီျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္
နည္းျပေဟာင္းဗန္ဟားလ္ဟာ နည္းျပေလာက,ကေနအနားယူခဲ့ေပမယ့္
နယ္သာလန္အသင္းအေျခအေနယိမ္းယိုင္ေနတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္၊





ၾသဂုတ္လကမွ လက္ေ႐ြးစင္အသင္းကို တတိယအႀကိမ္ေျမာက္ကိုင္တြယ္ခဲ့တာ
ျဖစ္ပါတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာ ဗန္ဟားလ္က အသက္အႏၲရာယ္





စိုးရိမ္ရတဲ့ကင္ဆာေရာဂါခံစားေနရတာျဖစ္ၿပီး ႏိုင္ငံတကာေျခစမ္းပြဲေတြျဖစ္တဲ့
ဒိန္းမတ္၊ ဂ်ာမနီတို႔နဲ႔ပြဲေတြမွာ အသင္းက,ကစားသမားေတြ အာ႐ုုံစိုက္
ကစားႏိုင္ေအာင္ သူ႔ေရာဂါနဲ႔ပတ္သက္လို႔ ဘာမွအသိမေပးခဲ့ပါဘူး။





႐ုပ္သံအင္တာဗ်ဴးတစ္ခုမွာ ဗန္ဟားလ္က “ကြၽန္ေတာ့္ေရာဂါနဲ႔ပတ္သက္လို႔
အသင္းက,ကစားသမားေတြ ဘာမွမသိပါဘူး။ သူတို႔ကေတာ့ ကြၽန္ေတာ့္’ပါး’ေလး





ရဲေနတာကိုၾကည့္ၿပီး ဒီလူႀကီးက က်န္းမာေရးေကာင္းေနတာပဲလို႔ထင္ၾကမွာပါ။
အမွန္ေတာ့ သူတို႔ထင္သလိုမဟုတ္ပါဘူး။ ကြၽန္ေတာ့္အေနနဲ႔က ကိုယ္နဲ႔
အလုပ္အတူတြဲလုပ္ေနၾကတဲ့သူေတြစိတ္အေႏွာင့္အယွက္ျဖစ္မွာစိုးတဲ့အတြက္





ကိုယ္ခံစားေနရတဲ့ေရာဂါအေၾကာင္းကို အသိမေပးတာအေကာင္းဆုံးျဖစ္မယ္လို႔
ထင္ပါတယ္။ ဒီကင္ဆာေရာဂါကလည္း အသက္ဆုံးရႈံးႏိုင္တဲ့ေရာဂါမဟုတ္ဘဲ





အသက္ရွင္ဖို႔က(၉၀%)ေလာက္ေသခ်ာပါတယ္။ တျခားေရာဂါေဝဒနာေတြဝင္လာမွ
အသက္အႏၲရာယ္ထိခိုက္ႏိုင္တာျဖစ္ေပမယ့္ ကြၽန္ေတာ္က စိတ္ဓာတ္
ျပင္းထန္တဲ့အျပင္ ဓာတ္ေရာင္ျခည္နဲ႔ကုသတာက (၂၅)ႀကိမ္အထိရွိေနပါၿပီ”လို႔





ေျပာၾကားခဲ့ပါတယ္။ ဗန္ဟားလ္အေနနဲ႔ အခုလိုကင္ဆာေရာဂါခံစားေနရေပမယ့္လည္း
နယ္သာလန္အသင္းနည္းျပအျဖစ္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးအထိ





တာဝန္ယူေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။
Leave a Reply