ကင်ဆာရောဂါကနေ ပြန်လာနိုင်ပြီးတဲ့နောက် ဒေ့ါမွန်အသင်းအတွက် ပထမဆုံးဂိုးသွင်းယူခဲ့တဲ့ ဟော်လာ

ကင်ဆာရောဂါကြောင့် လအတော်ကြာအနားယူခဲ့ရသူ ဒေ့ါမွန်

တိုက်စစ်မှူး ဆဘက်ရှန်ဟော်လာဟာ ဖရိုင်းဘတ်အသင်းကို
(၅-၁)ဂိုးနဲ့အနိုင်ရတဲ့ ဘွန်ဒစ်လီဂါပွဲမှာ အသင်းအတွက်
ပါဝင်ကစားပြီး ဒေ့ါမွန်ကစားသမားဘ၀ ပထမဆုံးဂိုး
သွင်းယူနိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ(၂)ရက်နေ့ဟာ World Cancer Day အဖြစ် ကမ္ဘာ
တစ်ဝန်းမှာ သတ်မှတ်ထားကြပြီး အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင်
ဆိုသလို ကင်ဆာရောဂါကနေ ပြန်လာတဲ့ ဟော်လာက ဒေ့ါမွန်

အတွက် ပါဝင်ကစားပြီးတော့ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ အိုင်ဗရီကို့စ်လက်ရွေးစင်

တိုက်စစ်မှူး ဟော်လာဟာ ဒီရာသီအစပိုင်းဖြစ်တဲ့ ၂၀၂၂၊ ဇူလိုင်
(၆)ရက်က အေဂျက်စ်ကနေ ဒေ့ါမွန်အသင်းကို ယူရို(၃၁)သန်းနဲ့
ပြောင်းရွှေ့ခဲ့ပေမယ့် ရက်ပိုင်းအကြာမှာပဲ စိုးရိမ်ရတဲ့ ဝှေးစေ့အကြိတ်

ကင်ဆာရောဂါခံစားနေရတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့
ရတာကြောင့် ရာသီကြိုခြေစမ်းပွဲကစားမယ့် အသင်းလူစာရင်းကနေ
နုတ်ထွက်ခဲ့ရပြီး ခွဲစိတ်မှု(၂)ကြိမ်ပြုလုပ်ခဲ့သလို ကင်ဆာ
ရောဂါသည်တွေအတွက် ကုထုံးဖြစ်တဲ့ Chemotherapy ကုထုံးကို

(၄)ကြိမ်အထိ ကုသမှုခံယူခဲ့ပါတယ်။

ဇန်နဝါရီ(၂၂)ရက်တုန်းက အော့စ်ဘတ်ကို (၄-၃)ဂိုးနဲ့အနိုင်ရတဲ့

ဘွန်ဒစ်လီဂါအိမ်ကွင်းပွဲမှာ ဟော်လာက ဒေ့ါမွန်အသင်းအတွက်
ပွဲဦးထွက်အဖြစ် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့သလို မိန့်ဇ်၊
လေဗာကူဆင်တို့နဲ့ပွဲတွေမှာလည်း ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

အခု ဖရိုင်းဘတ်နဲ့ပွဲမှာ ဟော်လာ ပွဲထွက်ကစားခွင့်ရပြီး ဒေ့ါမွန်
ကစားသမားဘ၀ ပထမဆုံးဂိုးကို ပွဲချိန်(၅၁)မိနစ်မှာ ဂွါရဲရိုးရဲ့
ဖန်တီးမှုကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

[Zawgyi]

ကင္ဆာေရာဂါေၾကာင့္ လအေတာ္ၾကာအနားယူခဲ့ရသူ ေဒ့ါမြန္
တိုက္စစ္မႉး ဆဘက္ရွန္ေဟာ္လာဟာ ဖ႐ိုင္းဘတ္အသင္းကို
(၅-၁)ဂိုးနဲ႔အႏိုင္ရတဲ့ ဘြန္ဒစ္လီဂါပြဲမွာ အသင္းအတြက္

ပါဝင္ကစားၿပီး ေဒ့ါမြန္ကစားသမားဘ၀ ပထမဆုံးဂိုး
သြင္းယူႏိုင္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ(၂)ရက္ေန႔ဟာ World Cancer Day အျဖစ္ ကမာၻ
တစ္ဝန္းမွာ သတ္မွတ္ထားၾကၿပီး အဲဒီေန႔မွာပဲ တိုက္တိုက္ဆိုင္ဆိုင္
ဆိုသလို ကင္ဆာေရာဂါကေန ျပန္လာတဲ့ ေဟာ္လာက ေဒ့ါမြန္
အတြက္ ပါဝင္ကစားၿပီးေတာ့ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္
တိုက္စစ္မႉး ေဟာ္လာဟာ ဒီရာသီအစပိုင္းျဖစ္တဲ့ ၂၀၂၂၊ ဇူလိုင္
(၆)ရက္က ေအဂ်က္စ္ကေန ေဒ့ါမြန္အသင္းကို ယူ႐ို(၃၁)သန္းနဲ႔

ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ရက္ပိုင္းအၾကာမွာပဲ စိုးရိမ္ရတဲ့ ေဝွးေစ့အႀကိတ္

ကင္ဆာေရာဂါခံစားေနရတယ္ဆိုတာ စစ္ေဆးေတြ႕ရွိခဲ့

ရတာေၾကာင့္ ရာသီႀကိဳေျခစမ္းပြဲကစားမယ့္ အသင္းလူစာရင္းကေန
ႏုတ္ထြက္ခဲ့ရၿပီး ခြဲစိတ္မႈ(၂)ႀကိမ္ျပဳလုပ္ခဲ့သလို ကင္ဆာ
ေရာဂါသည္ေတြအတြက္ ကုထုံးျဖစ္တဲ့ Chemotherapy ကုထုံးကို
(၄)ႀကိမ္အထိ ကုသမႈခံယူခဲ့ပါတယ္။

ဇန္နဝါရီ(၂၂)ရက္တုန္းက ေအာ့စ္ဘတ္ကို (၄-၃)ဂိုးနဲ႔အႏိုင္ရတဲ့
ဘြန္ဒစ္လီဂါအိမ္ကြင္းပြဲမွာ ေဟာ္လာက ေဒ့ါမြန္အသင္းအတြက္
ပြဲဦးထြက္အျဖစ္ ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့သလို မိန႔္ဇ္၊

ေလဗာကူဆင္တို႔နဲ႔ပြဲေတြမွာလည္း ပါဝင္ကစားခြင့္ရခဲ့ပါတယ္။

အခု ဖ႐ိုင္းဘတ္နဲ႔ပြဲမွာ ေဟာ္လာ ပြဲထြက္ကစားခြင့္ရၿပီး ေဒ့ါမြန္

ကစားသမားဘ၀ ပထမဆုံးဂိုးကို ပြဲခ်ိန္(၅၁)မိနစ္မွာ ဂြါရဲ႐ိုးရဲ႕
ဖန္တီးမႈကေန သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။