ကက်စ်မီရိုကြောင့် မန်ယူမှာဆက်နေဖို့ ရော်နယ်ဒိုဆုံးဖြတ်

မန်ယူမှာဆက်နေဖို့ ရော်နယ်ဒိုဆုံးဖြတ်လိုက်ပြီဆိုတဲ့ သတင်းထွက်လာပါတယ်။ ပေါ်တူဂီအားကစားသတင်းထောက် အယ်မိုင်ဒါရဲ့သတင်းပေးမှုကို ဗြိတိန်အခြေစိုက် Express သတင်းစာက ဖေါ်ပြလိုက်တာပါ။

ပေါ်တူဂီကြယ်ပွင့်ကို စိတ်ပြောင်းစေခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ ရီးရဲလ်ကရောက်လာတဲ့ ကက်စ်မီရိုကြောင့်လို့လည်း ရေးသားထားပါတယ်။ အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ သူ့ကိုထွက်ခွာခွင့်ပြုဖို့

မန်ယူအသင်းတာဝန်ရှိသူတွေကို တောင်းဆိုပြီးသားပါ။ သူ့အေးဂျင့်ဂျော့မန်ဒက်စ်ကလည်း ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး၊ အက်သလက်တီကိုတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုမရသလို မန်ယူဘက်ကလည်း

ရော်နယ်ဒိုဟာ ရောင်းဖို့မဟုတ်ဘူးလို့ တင်းခံခဲ့ပါတယ်။ အသင်းရဲ့ရလဒ်တွေ ဆိုးရွားနေချိန်မှာ ရော်နယ်ဒိုကိစ္စဟာ မန်ယူအတွက် ခေါင်းခဲစရာဖြစ်ခဲ့ရတာပါ။ အခုတော့ သရဲနီတွေဟာ သူတို့လိုအပ်နေတဲ့

ကွင်းလယ်ခံစစ်သမားတစ်ယောက်ရပြီဖြစ်သလို ရော်နယ်ဒိုလည်း ဆက်နေဖို့လက်ခံလိုက်ပြီဆိုတဲ့ အကျိုးဆက်ကိုပါခံစားရတော့မှာဖြစ်ပါတယ်။ အယ်မိုင်ဒါကတော့ ရော်နယ်ဒိုရဲ့ဆုံးဖြတ်ချက်မှာ

ရီးရဲလ်အသင်းဖော်ဟောင်း ကက်စ်မီရိုက အဓိကကျခဲ့တယ်လို့ိဆိုပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူဟာ ဘာနေဗျူးမှာ ရော်နယ်ဒိုနဲ့ ၅ နှစ်ကြာတွဲကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ လာလီဂါဖလား အပါအဝင်

အောင်မြင်မှုတွေအတူဆွတ်ခူးနိုင်ခဲ့သူပါ။ ပရိသတ်တစ်ချို့ကတော့ အသက် ၃၀ အရွယ် ကက်စ်မီရိုအပေါ် သံသယဝင်နေကြပါတယ်။ ဘာစီလိုနာရဲ့ဒီဂျောင်ကို မရတာကြောင့် အဆင်ပြေသလိုအားဖြည့်မှုဖြစ်မှာကိုလည်း စိုးရိမ်နေကြတာပါ။

(zawgyi)

မန္ယူမွာဆက္ေနဖို႔ ေရာ္နယ္ဒိုဆုံးျဖတ္လိုက္ၿပီဆိုတဲ့ သတင္းထြက္လာပါတယ္။ ေပၚတူဂီအားကစားသတင္းေထာက္ အယ္မိုင္ဒါရဲ႕သတင္းေပးမႈကို ၿဗိတိန္အေျခစိုက္ Express သတင္းစာက ေဖၚျပလိုက္တာပါ။

ေပၚတူဂီၾကယ္ပြင့္ကို စိတ္ေျပာင္းေစခဲ့တဲ့ အဓိကအေၾကာင္းရင္းကေတာ့ ရီးရဲလ္ကေရာက္လာတဲ့ ကက္စ္မီ႐ိုေၾကာင့္လို႔လည္း ေရးသားထားပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ

သူ႔ကိုထြက္ခြာခြင့္ျပဳဖို႔ မန္ယူအသင္းတာဝန္ရွိသူေတြကို ေတာင္းဆိုၿပီးသားပါ။ သူ႔ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကလည္း ဘိုင္ယန္ျမဴးနစ္၊ ခ်ဲလ္ဆီး၊ အက္သလက္တီကိုတို႔နဲ႔ ေဆြးေႏြးခဲ့ပါတယ္။

ဒါေပမဲ့ ေအာင္ျမင္မႈမရသလို မန္ယူဘက္ကလည္း ေရာ္နယ္ဒိုဟာ ေရာင္းဖို႔မဟုတ္ဘူးလို႔ တင္းခံခဲ့ပါတယ္။ အသင္းရဲ႕ရလဒ္ေတြ ဆိုး႐ြားေနခ်ိန္မွာ ေရာ္နယ္ဒိုကိစၥဟာ မန္ယူအတြက္ ေခါင္းခဲစရာျဖစ္ခဲ့ရတာပါ။

အခုေတာ့ သရဲနီေတြဟာ သူတို႔လိုအပ္ေနတဲ့ ကြင္းလယ္ခံစစ္သမားတစ္ေယာက္ရၿပီျဖစ္သလို ေရာ္နယ္ဒိုလည္း ဆက္ေနဖို႔လက္ခံလိုက္ၿပီဆိုတဲ့ အက်ိဳးဆက္ကိုပါခံစားရေတာ့မွာျဖစ္ပါတယ္။

အယ္မိုင္ဒါကေတာ့ ေရာ္နယ္ဒိုရဲ႕ဆုံးျဖတ္ခ်က္မွာ ရီးရဲလ္အသင္းေဖာ္ေဟာင္း ကက္စ္မီ႐ိုက အဓိကက်ခဲ့တယ္လို႔ိဆိုပါတယ္။ ဘရာဇီးလ္ကြင္းလယ္လူဟာ ဘာေနဗ်ဴးမွာ ေရာ္နယ္ဒိုနဲ႔ ၅ ႏွစ္ၾကာတြဲကစားခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္နဲ႔

လာလီဂါဖလား အပါအဝင္ ေအာင္ျမင္မႈေတြအတူဆြတ္ခူးႏိုင္ခဲ့သူပါ။ ပရိသတ္တစ္ခ်ိဳ႕ကေတာ့ အသက္ ၃၀ အ႐ြယ္ ကက္စ္မီ႐ိုအေပၚ သံသယဝင္ေနၾကပါတယ္။ ဘာစီလိုနာရဲ႕ဒီေဂ်ာင္ကို မရတာေၾကာင့္ အဆင္ေျပသလိုအားျဖည့္မႈျဖစ္မွာကိုလည္း စိုးရိမ္ေနၾကတာပါ။