ကွန်ဖူးကစ်ဂိုးနဲ့အတူ မန်စီးတီးပရိသတ်တွေရဲ့အသည်းကို ခြွေပြသွားခဲ့တဲ့ တိုက်စစ်မှူးဟာလန်း

September 15, 2022 Ko Thar Gyi 0

ဒေါ့တ်မန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ ကစားပုံကို ပရိသတ် တွေ အလိုမကျဖြစ်ခဲ့ပေမယ့် တိုက်စစ်မှူး ဟာလန်းကတော့ မန်ချက်စတာ ကလပ်အတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ အသင်းအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကို အချိန်ကောင်းမှာ သွင်းပေးနိုင်ခဲ့တဲ့အပြင် ဂိုးသွင်းယူသွားပုံက လည်း လှပသေသပ်လွန်းတာကြောင့် ကွန်ဖူးကစ်ဘုရင်ဆိုပြီး သတင်းမီဒီ ယာတွေက တင်စားရေးသားရလောက်တဲ့အထိကို ဖြစ်လာခဲ့ရပါပြီ။ […]

ပေါင် သန်း ၁၀၀ ပေးခဲ့ရတဲ့ ဂရီလစ်ရှ်ဟာ မန်စီးတီးနဲ့မတန်ဘူးလို့ ပရိသတ်တွေ ဒေါသတကြီးဝေဖန်နေကြ

September 15, 2022 Ko Thar Gyi 0

ဘောလုံးပရိသတ်ဆိုတာက ကိုယ်အားပေးတဲ့ အသင်းအနိုင်ရတယ်ဆိုရင် ပျော်ကြတာ ဓမ္မတာပဲ။ ဘယ်လိုနည်းနဲ့ပဲ နိုင်နိုင် ကိုယ့်အသင်းအနိုင်ရရင် ဂုဏ်ယူတတ်ကြတာမျိုးပါ။ ဒီလိုဆိုတဲ့အတွက် ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒေါ့တ်မန်အသင်းကို အနိုင်ရခဲ့တဲ့ မန်စီးတီးပရိသတ်တွေ ပျော်နေ တယ်ထင်ရင်တော့ မှားတယ်လို့ပဲ ဆိုရမှာပါ။ နည်းပြဂွါဒီယိုလာရဲ့ အသင်းဟာ ဂျာမန်ထိပ်သီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ […]

ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ် ၃၈ သင်း ဂိုးသွင်းစံချိန်ကို မက်ဆီ ကျော်ဖြတ်

September 15, 2022 Ko Thar Gyi 0

မက္ကာဘီဟိုင်ဖာနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ညဟာ မက်ဆီရဲ့ညဖြစ်ခဲ့ပါတယ်။ အိမ်ရှင်အစ္စရေးကလပ်ကို ၃-၁ ဂိုးနဲ့အနိုင်ရတဲ့ ဒီပွဲမှာ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့သလို အမ်ဘာပီရဲ့ဂိုးကိုလည်း အဆင့်မြင့်မြင့်ဖန်တီးပေးနိုင်ခဲ့တာပါ။ ပါရီကလပ်အတွက် ပွဲသိမ်းဂိုးကိုတော့ ဗာရက်တီဖန်တီးပေးတာကနေ တိုက်စစ်မှူးနေမာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပီဆိုတဲ့ ပီအက်စ်ဂျီရဲ့ MNM တိုက်စစ်အတွဲ ချန်ပီယံလိဂ်မှာ […]

ဘာစီလိုနာဂန္ထဝင် ရော်နယ်ဒင်ဟိုထက် နေမာက ပိုကောင်းတယ်ဆိုပြီး ပွဲရှာလိုက်တဲ့ ပရိသတ်

September 14, 2022 Ko Thar Gyi 0

ဘာစီလိုနာ တိုက်စစ်မှူးဟောင်းတွေဖြစ်ကြတဲ့ ရော်နယ်ဒင်ဟိုနဲ့ နေမာတို့ အကြား စွမ်းဆောင်ရည် ဘယ်သူပိုကောင်းလဲဆိုတဲ့ ဆွေးနွေးငြင်းခုံမှုတွေဟာ ဘရာဇီးပရိသတ်တွေကြားမှာရော ဘာစီလိုနာ ပရိသတ်တွေကြားမှာပါ အမြဲလိုလို ရှိခဲ့ပါတယ်။ အမှန်တော့ အိုလံပစ်မီးရှူးတိုင်စကားနဲ့ ပြောရမယ် ဆိုရင်တော့ ရော်နယ်ဒင်ဟိုလက်ထဲက မီးရှူးတိုင်ကိုနေမာက လက်ဆင့်ကမ်းပြီး ယနေ့ခေတ်ဆီ သယ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။ R10 ဆိုတဲ့ […]

တလွဲတွေ မရပ်မနားပြောနေပြီး ပွဲရှာနေတာလား ချဲလ်ဆီးအသင်း ပိုင်ရှင်ကြီးရယ်

September 14, 2022 Ko Thar Gyi 0

ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲလို့ ဘောလုံးပရိသတ်အများစုက လက်ခံထားတဲ့ ပရီးမီးယားလိဂ်ဟာ အမေရိကန်အားကစားနည်းတွေရဲ့ ပုံစံတွေကို အတု ယူသင့်တယ်လို့ တလွဲသုံးသပ်ချက်တွေနဲ့ ပြောလို့ပြီးရုံပဲရှိပါသေးတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေကတော့ နောက်ထပ် အလွဲတစ်ခုကို ထပ်လုပ်ပြီး လူမှုကွန်ရက်ပေါ်မှာ ပွဲရှာလိုက်ပြန်ပါပြီ။ သူပြောလိုက်တာကတော့ လက်ရှိ မန်စီးတီး ကွင်းလယ်လူ၊ ဒီဘရိုင်နီနဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်ရှ်တို့ဟာ […]

ဘောလုံးအကြောင်းဘာမှမသိတဲ့ သူငယ်နှပ်စားတစ်ယောက်ကို လက်ချာရိုက်သလိုမျိုး တော့ဒ်ဘိုလေကို ဂျာဂင်ကလော့ပ်တုံ့ပြန်

September 14, 2022 Ko Thar Gyi 0

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေရဲ့ ပရီးမီးယားလိဂ် All Star ပွဲအစီအစဉ်နဲ့ပတ်သက်ပြီး လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်က တုံ့ပြန်လိုက်ပါတယ်။ ရိုးရိုးမဟုတ်ပါဘူး။ ဘောလုံးအကြောင်းဘာမှမသိတဲ့ သူငယ်နှပ်စားတစ်ယောက်ကို ရှင်းပြနေသလိုမျိုး ရယ်ရယ်မောမောနဲ့ကို အချက်ကျကျ တုံ့ပြန်သွားခဲ့တာပါ။ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာကျင်းပနေတဲ့ SALT ညီလာခံမှာ တော့ဒ်ဘိုလေက ပရီးမီးယားလိဂ်ဟာ အမေရိကန်အားကစားနည်းတွေကို အတုယူသင့်ကြောင်း၊ ပုံမှန်အတိုင်း အောက်ဆုံး […]

ကန်တိုနာလို ကွန်ဖူးကစ်အစွမ်းပြခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ သရဲနီဟောင်းရိုဂျို

September 14, 2022 Ko Thar Gyi 0

ဒီနေ့ခေတ်မှာ အဲရစ်ကန်တိုနာရဲ့ကမ္ဘာကျော်ကွန်ဖူးကစ်ကို မမီလိုက်ရင်တောင် မှတ်တမ်းတွေနဲ့တော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ၁၉၉၅ ခုနှစ်တုန်းက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ သူ့ကိုလှောင်ပြောင်တဲ့ ပြိုင်ဘက်ပရိသတ်မက်သရူးဆမ်မွန်ကို မန်ယူဂန္ထဝင်တိုက်စစ်မှူးကြီးက ကွန်ဖူးကစ်နဲ့ပြေးကန်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကန်တိုနာဟာ ပြစ်ဒဏ်တစ်ရပ်အနေနဲ့ လူမှုအကျိုးပြု ပရဟိတအလုပ်တွေ နာရီ ၁၅၀ လုပ်ခဲ့ရပါတယ်။ ပြင်သစ်တိုက်စစ်မှူးကြီးဟာ အခုတော့ ဟောလီးဝုဒ်မှာ ဘဝသစ်တစ်ခုထူထောင်နေပါပြီ။ ဒါပေမဲ့ […]

အပေါစားဆန်လွန်းတဲ့ ဘောလုံးအတွေးအခေါ်တွေနဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေ

September 14, 2022 Ko Thar Gyi 0

နည်းပြသောမတ်စ်တူချယ်လို အရည်အသွေးရှိတဲ့ ဂုရုတစ်ယောက်ကို သွေးရူးသွေးတန်းနဲ့ ရာထူးက ထုတ်ပစ်ပြီးတဲ့နောက် ပေါ်တာကို မှော်ဆရာ အထင်နဲ့ ဇွတ်အထင်တွေ ကြီးနေတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေ တစ်ယောက် တစ်နေ့တစ်မျိုး မရိုးအောင်ကို တလွဲတွေ လုပ်ပြနေပြီဖြစ်ပါ တယ်။ အခုလည်း သူထုတ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် အင်္ဂလန်က ဘောလုံးဝိဇ္ဇာတွေတောင် ဂူအောင်းရတော့မလို […]

ချန်ပီယံလိဂ်အလင်းရောင်စူးလို့ မျက်စိကျိန်းစပ်စပ် ဖြစ်သွားတာလား ကွန်တီ

September 14, 2022 Ko Thar Gyi 0

ပေါ်တူဂီမြေကို သွားရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ စပို့တင်းလစ္စဘွန်းကို ၂-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့အတွက် စပါးနည်းပြကွန်တီတစ်ယောက် ပက်ပက်စက်စက်ကို အလှောင်ခံနေရပြီဖြစ်ပါတယ်။ စပါးဟာ အိမ်ရှင်အသင်းကို ၈၉ မိနစ်အထိ ဂိုးမရှိသရေ ကစားနိုင်ခဲ့ပေမယ့် လစ္စဘွန်းအသင်း လူစားဝင်ကစားသမားတွေ ဖြစ်ကြတဲ့ ပေါ်လင်ဟိုနဲ့ အာသာတို့ရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် အလဲထိုးခံ လိုက်ရတာဖြစ်ပါတယ်။ အခုပွဲရှုံးခဲ့တာကြောင့် ကွန်တီရဲ့ […]

အင်ပါယာအရှင်သခင်ရှေ့တည့်တည့်ရောက်မှ အသင်းဖော်နာမည်မေ့နေလို့ ကြောက်ဒူးတုန်ခဲ့ရတဲ့ ဟင်နရီ

September 14, 2022 Ko Thar Gyi 0

လောကသုံးပါးမှာ တန်ခိုးအထွန်းလင်းဆုံးဟာ အနန္တအစွမ်းနဲ့ လူသားလို့ ဆိုပေမယ့် သိမ်ငယ်စိတ် ဝင်ပြန်ပြီဆိုရင်လည်း လူတွေဟာ တုန်လှုပ်ခြောက် ခြားမှုအရှိဆုံး သတ္တဝါ ဖြစ်မယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ကိုယ်ကျင်လည်တဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲ သြဇာအရှိန်အဝါ ကြီးမားပါစေ ကိုယ့်ထက် ဂုဏ်သိမ်ဒြပ်ကြီးမားလွန်းတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ ဆုံရတဲ့အခါ ထိတ်လန့် တုန်လှုပ်မိတာကတော့ လူတွေရဲ့ […]